သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD ဗဟိုေကာ္မတီဝင္ ဦးဟံသာျမင့္ ကိုဗစ္ကူးၿပီး ကုသမႈခံယူေနရဆဲ


အင္းစိန္အက်ဥ္းေထာင္ အ၀င္၀ (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ကိုဗစ္ကူးစက္ခံထားရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ ဗဟိုေကာ္မတီဝင္ ဦးဟံသာျမင့္ရဲ႕က်န္းမာေရးအေျခအေန စိုးရိမ္ေနရတယ္လို႔ သူ႔ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနက ေျပာပါတယ္။ NLD ဥပေဒ အၾကံေပးတဦးျဖစ္သူ ဦးေက်ာ္ဟိုးလည္း ကိုဗစ္ကူးစက္ၿပီး ရန္ကုန္ေဆး႐ံုႀကီးမွာပဲ ေရာက္ေနပါၿပီ။ ဒီအေျခအေနေတြကိုစုစည္းၿပီး ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ အင္းစိန္အက်ဥ္းေထာင္မွာ အက်ဥ္းခ်ခံထားရတဲ့ NLD ဗဟိုေကာ္မတီဝင္ ဦးဟံသာျမင့္ ၊ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း၊ NLD ဥပေဒအၾကံေပး ဦးေက်ာ္ဟိုး၊ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းေသြးသစ္တို႔ဟာ ေထာင္တြင္းမွာ ကိုဗစ္ကူးစက္ခံထားရသူေတြထဲက တခ်ဳိ႕ျဖစ္ပါတယ္။

ဦးဟံသာျမင့္ဟာ လက္ရွိမွာ ရန္ကုန္ေဆး႐ုံႀကီး အထူးကုသေဆာင္မွာ ကုသမႈခံယူေနၿပီး လက္ထိပ္ျဖဳတ္ေပးလိုက္ၿပီးမွ ေအာက္ဆီဂ်င္ျပန္တက္ေအာင္ လုပ္ႏုိင္ခဲ့တယ္လို႔ သူ႔ရဲ႕ေရွ႕ေနျဖစ္သူ ဦးၾကည္ဝင္းက ဗီအိုေအကို ေျပာပါတယ္။

"မနက္ကတုန္းက ေမးထားတာကေတာ့ ေအာက္ဆီဂ်င္ကေတာ့ ၉၀ ေအာက္ က်ေနတာေပါ့။ ဝမ္းသြားတာကေတာ့ ရပ္သြားၿပီတဲ့။ ပရက္ရွာကလည္း က်တယ္တဲ့။ ပရက္ရွာက်လို႔ ဓါတ္ဆားေတြဘာေတြေသာက္ေတာ့ ပရက္ရွာ ျပန္တက္တယ္။ ပထမေတာ့ လက္ထိပ္ခတ္ထားတာ။ ေျပာေတာ့ လက္ထိပ္ကေတာ့ ျဖဳတ္လိုက္ေတာ့ ဝါးလ်ားေမွာက္ရေတာ့ ေအာက္ဆီဂ်င္ ျပန္ျပန္တက္တာေပါ့။ ဝါးလ်ားေမွာက္မွ ေအာက္ဆီဂ်င္ ျပန္ျပန္တက္တာကို။ ေလာေလာဆယ္ေတာ့ အဲလိုအေျခအေနရွိတယ္။ ခုညေနေတာ့ မေမးရေသးဘူး၊ မနက္က ၁၀ နာရီခြဲေလာက္ကေမးတာ။"

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွာပဲ NLD ဗဟိုေကာ္မတီဝင္တဦးျဖစ္သူ ဦးဟံသာျမင့္ကို ဖမ္းဆီးခဲ့တာပါ။ အာဏာသိမ္းတဲ့ေန႔ကတည္းက အဖမ္းခံခဲ့ရတာျဖစ္ေပမယ့္ CRPH ကို ေထာက္ခံေၾကာင္း ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပို္င္းမွာမွ ထုတ္ျပန္တဲ့ ေၾကျငာခ်က္နဲ႔ပတ္သက္ၿပီး အမ်ားျပည္သူတည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ လႈံ႕ေဆာ္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ သူ႔အေပၚ စြဲခ်က္တင္ထားပါတယ္။

NLD ဥပေဒ အၾကံေပးတဦးျဖစ္သူ ဦးေက်ာ္ဟိုးဟာလည္း ကိုဗစ္ကူးစက္ခံရၿပီး ရန္ကုန္ေဆး႐ံုႀကီးမွာပဲ ေရာက္ေနၿပီလို႔ သူ႔ရဲ႕ေရွ႕ေနျဖစ္သူ ေဒၚစန္းမာလာၫြန႔္က ေျပာပါတယ္။
"မေန႔ကဆိုလည္း ဆရာဦးေက်ာ္ဟိုး ေဆး႐ုံႀကီးေရာက္လာၿပီ။ မေန႔က ညေနကေရာက္တာ။ သူ႔အေျခအေနက သူလည္း ေအာက္ဆီဂ်င္နဲ႔ ေမာေနတယ္ေျပာတယ္။ ခုက ဆရာဦးေက်ာ္ဟိုးကို အျပင္မွာပဲထားတယ္။ အေဆာင္မရေသးဘူးတဲ့၊ အမတို႔လည္းစုံစမ္းတာေပါ့။ အဲလို အေဆာင္ ၁၁၊ ၁၂ တို႔ ICU တို႔ေရာက္ရင္ ခု ဆရာဦးဥာဏ္ဝင္းတို႔တုန္းကမွ ကိုယ့္လူတေယာက္ ထည့္လို႔ရတယ္။ ခုေနာက္ပိုင္းဆို ကိုယ့္လူေတြဘာေတြ ေစာင့္မရေတာ့ဘူးတဲ့။"

ဒီအေျခအေနေလာက္သာသိထားရၿပီး က်န္တဲ့ အေျခအေနအေသးစိတ္ မသိရေသးဘူးလို႔ သူကေျပာပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက ကြယ္လြန္သြားသူ NLD ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ဦးဉာဏ္ဝင္းနဲ႔ အတူေနခဲ့တဲ့ ရန္ကုန္တိုင္းလူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းဆီမွာလည္း ကိုဗစ္ပိုးေတြ႕ရွိထားတယ္လို႔ ေဒၚစန္းမာလာၫြန႔္ကေျပာပါတယ္။

ဦးဥာဏ္ဝင္းဟာ ေထာင္တြင္းမွာရွိေနစဥ္ ကိုဗစ္ကူးစက္ခံရၿပီး ဇူလိုင္ ၂၀ ရက္ မနက္ ၉ နာရီေက်ာ္က ရန္ကုန္ေဆး႐ုံႀကီးမွာ ကြယ္လြန္ခဲ့တာပါ။ သူ႔ဈာပနကိုေတာ့ ဇူလိုင္ ၂၁ ရက္က ရန္ကုန္ၿမိဳ႕အေနာက္ပိုင္း လႈိင္သာယာၿမိဳ႕နယ္ထဲက ထိန္ပင္သုသာန္မွာ သၿဂႋဳဟ္ခဲ့တယ္လို႔ သူ႔ေရွ႕ေန ေဒၚစန္းမာလာၫြန႔္ကေျပာပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အင္းစိန္ေထာင္မွာ အက်ဥ္းက်ေနသူေတြထဲက ကိုဗစ္ကူးခံထားရသူေတြထဲမွာ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းေသြးသစ္လည္းပါဝင္ၿပီး သူ႔အေျခအေနကို တိတိက်က်မသိရဘူးလို႔ ဇနီးျဖစ္သူက ဗီြအိုကိုေျပာပါတယ္။

"သူကၿပီးခဲ့တဲ့ ၂ ပတ္ ၃ ပတ္ေလာက္ထဲကေလ ႐ုံးမထုတ္ေတာ့ဘူးအမ။ အင္းစိန္က ေလာ့ခ္ေဒါင္းခ်ထားေတာ့ သူ႔အေျခအေနလည္း သိခြင့္မရွိဘူး။ သိလို႔မရဘူး။ ခုေလာေလာဆယ္ေတာ့ေလ သတင္းေတြကအမ်ိဳးမ်ိဳးျပန႔္ေနတာေပါ့ေလ။ က်မတို႔ ဒီအင္းစိန္ထဲမွာလည္း ျဖစ္ေနတယ္။ ပ်ံ႕ေနတယ္ဆိုတာမ်ိဳးေျပာတာေတြၾကားေနရတယ္။ က်မတို႔မိသားစုေတြအေနနဲ႔ စိတ္ပူတယ္။ ၿပီးေတာ့ ေရာဂါအခံရွိထားသူေတြက ပိုၿပီးေတာ့စိတ္ပူရတယ္၊ ကိုဗစ္နဲ႔ပတ္သတ္လို႔ သူတို႔ေထာင္က ဘာလုပ္ေပးလဲေပါ့။ ဥပမာ ေဆးေပးတာတို႔ဘာတို႔ဆို ျပႆနာမရွိဘူး။ အဲလိုေဆးမေပးဘဲ ဒီတိုင္းဘဲထားရင္ ျဖစ္ေနတယ္ဆိုရင္ ဒီမွာ သူတို႔ေတြက တူတူေနၾကရတာဆိုေတာ့ တေယာက္ကူးရင္ က်န္တဲ့သူကူးတာေလ ခုကာလကလည္း ကိုဗစ္က ေတာ္ေတာ္ဆိုးေနတဲ့ ကာလဆိုေတာ့ မိသားစုေတြအေနနဲ႔ ပိုစိတ္ပူရတဲ့ကာလျဖစ္တယ္ေပါ့။ ႐ုံးခ်ိန္းေတာင္ မထြက္တဲ့အေျခအေနမွာ သူတို႔ဘာျဖစ္လည္း မသိရတဲ့အတြက္ ပိုၿပီးေတာ့စိတ္ပူရတယ္။"

ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ဖို႔ဆိုၿပီး ၿပီးခဲ့တဲ့တပတ္ကစလို႔ အင္းစိန္ အက်ဥ္းေထာင္ထဲက ယာယီ အထူး တရား႐ုံးေတြမွာ အမႈေတြ စစ္ေဆးေနတာကို ယာယီရပ္ဆိုင္းထားတာပါ။

စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္ကေတာ့ ဇူလိုင္ ၂၀ ရက္အထိ ကိုဗစ္ကူးစက္ခံရၿပီးတဲ့ေနာက္ အက်ဥ္းေထာင္ အလိုက္ ေဆး႐ုံဆင္းရသူ ၁၅၂ ဦး၊ ဆက္လက္ကုသမႈခံယူေနဆဲ ၂၀၈ ဦး ရွိၿပီး ေသဆုံးသူကေတာ့ အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ ဦးဉာဏ္ဝင္းအပါအဝင္ ၆ ဦးရွိတယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................................................

NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ကိုဗစ်ကူးပြီး ကုသမှုခံယူနေရဆဲ

(Unicode)

ကိုဗစ်ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးလည်း ကိုဗစ်ကူးစက်ပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပါပြီ။ ဒီအခြေအနေတွေကိုစုစည်းပြီး ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ NLD ဗဟိုကော်မတီဝင် ဦးဟံသာမြင့် ၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်တို့ဟာ ထောင်တွင်းမှာ ကိုဗစ်ကူးစက်ခံထားရသူတွေထဲက တချို့ဖြစ်ပါတယ်။

ဦးဟံသာမြင့်ဟာ လက်ရှိမှာ ရန်ကုန်ဆေးရုံကြီး အထူးကုသဆောင်မှာ ကုသမှုခံယူနေပြီး လက်ထိပ်ဖြုတ်ပေးလိုက်ပြီးမှ အောက်ဆီဂျင်ပြန်တက်အောင် လုပ်နိုင်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက ဗီအိုအေကို ပြောပါတယ်။

"မနက်ကတုန်းက မေးထားတာကတော့ အောက်ဆီဂျင်ကတော့ ၉၀ အောက် ကျနေတာပေါ့။ ဝမ်းသွားတာကတော့ ရပ်သွားပြီတဲ့။ ပရက်ရှာကလည်း ကျတယ်တဲ့။ ပရက်ရှာကျလို့ ဓါတ်ဆားတွေဘာတွေသောက်တော့ ပရက်ရှာ ပြန်တက်တယ်။ ပထမတော့ လက်ထိပ်ခတ်ထားတာ။ ပြောတော့ လက်ထိပ်ကတော့ ဖြုတ်လိုက်တော့ ဝါးလျားမှောက်ရတော့ အောက်ဆီဂျင် ပြန်ပြန်တက်တာပေါ့။ ဝါးလျားမှောက်မှ အောက်ဆီဂျင် ပြန်ပြန်တက်တာကို။ လောလောဆယ်တော့ အဲလိုအခြေအနေရှိတယ်။ ခုညနေတော့ မမေးရသေးဘူး၊ မနက်က ၁၀ နာရီခွဲလောက်ကမေးတာ။"

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာပဲ NLD ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဟံသာမြင့်ကို ဖမ်းဆီးခဲ့တာပါ။ အာဏာသိမ်းတဲ့နေ့ကတည်းက အဖမ်းခံခဲ့ရတာဖြစ်ပေမယ့် CRPH ကို ထောက်ခံကြောင်း ဖေဖော်ဝါရီ ၁ ရက်နောက်ပ်ိုင်းမှာမှ ထုတ်ပြန်တဲ့ ကြေငြာချက်နဲ့ပတ်သက်ပြီး အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ သူ့အပေါ် စွဲချက်တင်ထားပါတယ်။

NLD ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးကျော်ဟိုးဟာလည်း ကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာပဲ ရောက်နေပြီလို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။
"မနေ့ကဆိုလည်း ဆရာဦးကျော်ဟိုး ဆေးရုံကြီးရောက်လာပြီ။ မနေ့က ညနေကရောက်တာ။ သူ့အခြေအနေက သူလည်း အောက်ဆီဂျင်နဲ့ မောနေတယ်ပြောတယ်။ ခုက ဆရာဦးကျော်ဟိုးကို အပြင်မှာပဲထားတယ်။ အဆောင်မရသေးဘူးတဲ့၊ အမတို့လည်းစုံစမ်းတာပေါ့။ အဲလို အဆောင် ၁၁၊ ၁၂ တို့ ICU တို့ရောက်ရင် ခု ဆရာဦးဉာဏ်ဝင်းတို့တုန်းကမှ ကိုယ့်လူတယောက် ထည့်လို့ရတယ်။ ခုနောက်ပိုင်းဆို ကိုယ့်လူတွေဘာတွေ စောင့်မရတော့ဘူးတဲ့။"

ဒီအခြေအနေလောက်သာသိထားရပြီး ကျန်တဲ့ အခြေအနေအသေးစိတ် မသိရသေးဘူးလို့ သူကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားသူ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ အတူနေခဲ့တဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိထားတယ်လို့ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။

ဦးဉာဏ်ဝင်းဟာ ထောင်တွင်းမှာရှိနေစဉ် ကိုဗစ်ကူးစက်ခံရပြီး ဇူလိုင် ၂၀ ရက် မနက် ၉ နာရီကျော်က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာပါ။ သူ့ဈာပနကိုတော့ ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့အနောက်ပိုင်း လှိုင်သာယာမြို့နယ်ထဲက ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူ့ရှေ့နေ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အင်းစိန်ထောင်မှာ အကျဉ်းကျနေသူတွေထဲက ကိုဗစ်ကူးခံထားရသူတွေထဲမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်လည်းပါဝင်ပြီး သူ့အခြေအနေကို တိတိကျကျမသိရဘူးလို့ ဇနီးဖြစ်သူက ဗွီအိုကိုပြောပါတယ်။

"သူကပြီးခဲ့တဲ့ ၂ ပတ် ၃ ပတ်လောက်ထဲကလေ ရုံးမထုတ်တော့ဘူးအမ။ အင်းစိန်က လော့ခ်ဒေါင်းချထားတော့ သူ့အခြေအနေလည်း သိခွင့်မရှိဘူး။ သိလို့မရဘူး။ ခုလောလောဆယ်တော့လေ သတင်းတွေကအမျိုးမျိုးပြန့်နေတာပေါ့လေ။ ကျမတို့ ဒီအင်းစိန်ထဲမှာလည်း ဖြစ်နေတယ်။ ပျံ့နေတယ်ဆိုတာမျိုးပြောတာတွေကြားနေရတယ်။ ကျမတို့မိသားစုတွေအနေနဲ့ စိတ်ပူတယ်။ ပြီးတော့ ရောဂါအခံရှိထားသူတွေက ပိုပြီးတော့စိတ်ပူရတယ်၊ ကိုဗစ်နဲ့ပတ်သတ်လို့ သူတို့ထောင်က ဘာလုပ်ပေးလဲပေါ့။ ဥပမာ ဆေးပေးတာတို့ဘာတို့ဆို ပြဿနာမရှိဘူး။ အဲလိုဆေးမပေးဘဲ ဒီတိုင်းဘဲထားရင် ဖြစ်နေတယ်ဆိုရင် ဒီမှာ သူတို့တွေက တူတူနေကြရတာဆိုတော့ တယောက်ကူးရင် ကျန်တဲ့သူကူးတာလေ ခုကာလကလည်း ကိုဗစ်က တော်တော်ဆိုးနေတဲ့ ကာလဆိုတော့ မိသားစုတွေအနေနဲ့ ပိုစိတ်ပူရတဲ့ကာလဖြစ်တယ်ပေါ့။ ရုံးချိန်းတောင် မထွက်တဲ့အခြေအနေမှာ သူတို့ဘာဖြစ်လည်း မသိရတဲ့အတွက် ပိုပြီးတော့စိတ်ပူရတယ်။"
ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့တပတ်ကစလို့ အင်းစိန် အကျဉ်းထောင်ထဲက ယာယီ အထူး တရားရုံးတွေမှာ အမှုတွေ စစ်ဆေးနေတာကို ယာယီရပ်ဆိုင်းထားတာပါ။

စစ်အုပ်ချုပ်ရေးကောင်စီဘက်ကတော့ ဇူလိုင် ၂၀ ရက်အထိ ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက် အကျဉ်းထောင် အလိုက် ဆေးရုံဆင်းရသူ ၁၅၂ ဦး၊ ဆက်လက်ကုသမှုခံယူနေဆဲ ၂၀၈ ဦး ရှိပြီး သေဆုံးသူကတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် ဦးဉာဏ်ဝင်းအပါအဝင် ၆ ဦးရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG