သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ေပၚ ေနရာသုံးခုထက္ မနည္းမွာ ပစ္ခတ္မႈျဖစ္ၿပီး ေသဆုံးသူရွိ


ရန္ကုန္ၿမိဳ႕က လမ္းမႀကီးတခုမွာ လုံၿခဳံေရးယူေနတဲ့ ရဲတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (မတ္ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံ၊ ရန္ကုန္တိုင္းအတြင္း အနည္းဆုံး ၃ ေနရာေလာက္မွာ ဒီကေန႔ ပစ္ခတ္တိုက္ခိုက္မႈေတြ ျဖစ္ေပၚခဲ့ၿပီး အသက္ဆုံး႐ႈံးမႈေတြ ရွိတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ရန္ကုန္၊ မဂၤလာဒုံေလတပ္စခန္းအနီးမွာ ဒီကေန႔ ေန႔လယ္ပုိင္းက ပစ္ခတ္မႈ ျဖစ္သြားခဲ့တဲ့အတြက္ လုံၿခံဳေရးတာဝန္ယူထားသူ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ ၂ ဦး ေသဆုံးသြားၿပီး ဂိတ္ဝအနီးမွာရွိတဲ့ လက္ဘက္ရည္ဆိုင္က အမ်ဳိးသမီးတဦးလည္း ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အလားတူပဲ မဂၤလာဒုံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန႐ုံးကို ဒီကေန႔ အေစာပိုင္းက လက္နက္ကိုင္တခ်ဳိ႕က ဝင္ေရာက္ပစ္ခတ္ခဲ့တဲ့အတြက္ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ ၁ ဦးနဲ႔ အရပ္သား ၁ ဦးစီ ေသဆုံးၿပီး စစ္သား ၁ ဦး ထိခိုက္ဒဏ္ရာ ရသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ မဂၤလာဒုံ ေထြအုပ္႐ုံး ပစ္ခတ္ခံခဲ့ရတဲ့ကိစၥကို စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႔က အတည္ျပဳ ေျပာၾကားၿပီး ၃ ဦး ဒဏ္ရာရတယ္လို႔ ေဖာ္ျပပါတယ္။ အဲဒီလို ပစ္ခတ္ခဲ့တဲ့ ဗြီဒီယို မွတ္တမ္းတခုလည္း လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

ဒီကေန႔ အေစာပိုင္းမွာပဲ သမိုင္းကုန္းေက်ာ္တံတားေအာက္က မရမ္းကုန္း ၁ ရပ္ကြက္႐ုံးကို ေသနတ္သမားေတြက ဝင္ေရာက္ ပစ္ခတ္ခဲ့တဲ့အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးက ဝန္ထမ္း ၃ ဦး ေသဆုံးသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီပစ္ခတ္မႈအတြင္း ရရွိဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ေၾကာင္း စစ္ေကာင္စီ သတင္းျပန္ၾကားေရးအဖြဲ႔က အတည္ျပဳ ေျပာဆိုပါတယ္။

အခင္းျဖစ္ပြားတဲ့ ေနရာေတြကို စစ္ေကာင္စီတပ္ဖြဲ႔ေတြ ေရာက္လာၿပီး လမ္းေတြပိတ္၊ ရွာေဖြစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔လည္း ေဒသခံေတြနဲ႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ရန္ကုန္၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း ၁၉ ရပ္ကြက္မွာ ေန႔လယ္ ၁၂ နာရီဝန္းက်င္ေလာက္က စစ္ေကာင္စီတပ္ဖြဲ႔ေတြနဲ႔ လက္နက္ကိုင္တခ်ဳိ႕တို႔ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ေပၚခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေသဆုံး ဒဏ္ရာရတဲ့ သတင္းေတာ့ မသိရေသးပါဘူး။

စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF အဖြဲ႔ေတြအၾကား တိုက္ပြဲေတြ ရက္အတန္ၾကာ ျဖစ္ပြားေနတဲ့ ေဒသေတြမွာ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ ျပဳလုပ္ေနတဲ့ မွတ္တမ္း ဗြီဒီယိုေတြလည္း လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ရန်ကုန်မြို့ပေါ် နေရာသုံးခုထက် မနည်းမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူရှိ

မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းအတွင်း အနည်းဆုံး ၃ နေရာလောက်မှာ ဒီကနေ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အသက်ဆုံးရှုံးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရန်ကုန်၊ မင်္ဂလာဒုံလေတပ်စခန်းအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့အတွက် လုံခြုံရေးတာဝန်ယူထားသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားပြီး ဂိတ်ဝအနီးမှာရှိတဲ့ လက်ဘက်ရည်ဆိုင်က အမျိုးသမီးတဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူပဲ မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒီကနေ့ အစောပိုင်းက လက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးနဲ့ အရပ်သား ၁ ဦးစီ သေဆုံးပြီး စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်္ဂလာဒုံ ထွေအုပ်ရုံး ပစ်ခတ်ခံခဲ့ရတဲ့ကိစ္စကို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြု ပြောကြားပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ အဲဒီလို ပစ်ခတ်ခဲ့တဲ့ ဗွီဒီယို မှတ်တမ်းတခုလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

ဒီကနေ့ အစောပိုင်းမှာပဲ သမိုင်းကုန်းကျော်တံတားအောက်က မရမ်းကုန်း ၁ ရပ်ကွက်ရုံးကို သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်း ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ရရှိဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က အတည်ပြု ပြောဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး လမ်းတွေပိတ်၊ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း ၁၉ ရပ်ကွက်မှာ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တချို့တို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံး ဒဏ်ရာရတဲ့ သတင်းတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF အဖွဲ့တွေအကြား တိုက်ပွဲတွေ ရက်အတန်ကြာ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ မှတ်တမ်း ဗွီဒီယိုတွေလည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG