(Zawgyi / Unicode)
စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပမႈေတြ အၾကမ္းဖက္ ႏွိပ္ကြပ္ခံရၿပီးေနာက္ တုံ႔ျပန္အၾကမ္းဖက္မႈေတြ ျဖစ္လာရာမွာ ဗုံးခြဲတိုက္ခိုက္မႈေတြ၊ သတ္ျဖတ္မႈေတြ ဒီကေန႔အထိ ျဖစ္ေနဆဲရွိပါတယ္။
အခု တနဂၤေႏြေန႔ မနက္ပိုင္းမွာ လႈိင္ၿမိဳ႕နယ္ အုတ္က်င္းဘူတာ႐ုံလမ္းနဲ႔ ဗဟိုလမ္းေထာင့္မွာ စစ္ေကာင္စီသတင္းေပးလို႔ စြပ္စြဲခံရသူတဦး ေသနတ္နဲ႔ ပစ္ခတ္ခံရပါတယ္။
ရန္ကုန္ သာေကတၿမိဳ႕နယ္ ျမင္ေတာ္သာလမ္းမေပၚက ကေမာၻဇဘဏ္ေရွ႕မွာ အေသးစား ေပါက္ကြဲမႈတခု ျဖစ္ခဲ့ၿပီး အထိအခိုက္မရွိဘူးလို႔ သိရပါတယ္။ အလားတူ မဂၤလာဒုံၿမိဳ႕နယ္ ပ်ဥ္းမပင္စက္မႈဇုန္အနီးမွာလည္း အေသးစားေပါက္ကြဲမႈ ျဖစ္တယ္လို႔ သိရပါတယ္။
ရန္ကုန္အနီး ခရမ္းၿမိဳ႕နယ္တြင္းမွာလည္း စေနေန႔တုန္းက လုံၿခဳံေရး ေမာ္ေတာ္ယာဥ္တစီးကို လက္လုပ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ၿပီးေနာက္ အျပန္အလွန္ ပစ္ခတ္မႈေတြ ရွိခဲ့တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။ အဲဒီျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္တဦး ထိခိုက္ဒဏ္ရာရၿပီး အၾကမ္းဖက္တိုက္ခိုက္သူ တခ်ိဳ႕ကို အေသဖမ္းမိတယ္လို႔လည္း စစ္ေကာင္စီက ထုတ္ျပန္ပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလထဲ ျမန္မာစစ္တပ္က ေရြးေကာက္ခံ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရကို ျဖဳတ္ခ်ၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္း အႀကီးအက်ယ္ ဆႏၵျပမႈေတြ၊ ေသြးထြက္သံယို ဖိႏွိပ္မႈေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ပိုင္း အခုလို တိုက္ခိုက္မႈေတြ ျဖစ္ပြားလာတာပါ။
ႏိုင္ငံတဝန္းက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ လူထုကာကြယ္ေရးတပ္ဖြဲ႔ PDF လို႔ အမည္ရတဲ့ စစ္အုပ္စုဆန႔္က်င္ေရး အဖြဲ႔ေတြ ေပၚေပါက္လာေနၿပီး ေက်းလက္ေဒသေတြမွာ အဓိက တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။
NLD ေရြးေကာက္ခံအမတ္ အမ်ားစုပါဝင္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကေတာ့ ျပည္သူေတြရဲ႕ ခုခံေရးစစ္ပြဲ စတင္ဖို႔နဲ႔ စစ္အုပ္စုရဲ႕ ေဒါက္တိုင္ေတြကို တိုက္ခိုက္ဖို႔ဆိုၿပီး ဒီလအေစာပိုင္းက တိုက္တြန္းခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ႏိုင္ငံတဝန္း ျမန္မာစစ္တပ္ပိုင္ Mytel ကုမၸဏီရဲ႕ ဆက္သြယ္ေရးတာဝါတိုင္ေတြကို ပစ္မွတ္ထား တိုက္ခိုက္လာတာေတြလည္း ရွိခဲ့ပါတယ္။
------------------------
(Unicode)
ရန်ကုန်အနီးတဝိုက် အသေးစား ဗုံးကွဲမှုတချို့ရှိ
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ အကြမ်းဖက် နှိပ်ကွပ်ခံရပြီးနောက် တုံ့ပြန်အကြမ်းဖက်မှုတွေ ဖြစ်လာရာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဒီကနေ့အထိ ဖြစ်နေဆဲရှိပါတယ်။
အခု တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လှိုင်မြို့နယ် အုတ်ကျင်းဘူတာရုံလမ်းနဲ့ ဗဟိုလမ်းထောင့်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတဦး သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။
ရန်ကုန် သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်က ကမ္ဘောဇဘဏ်ရှေ့မှာ အသေးစား ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ အလားတူ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်စက်မှုဇုန်အနီးမှာလည်း အသေးစားပေါက်ကွဲမှု ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်အနီး ခရမ်းမြို့နယ်တွင်းမှာလည်း စနေနေ့တုန်းက လုံခြုံရေး မော်တော်ယာဉ်တစီးကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရပြီး အကြမ်းဖက်တိုက်ခိုက်သူ တချို့ကို အသေဖမ်းမိတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ မြန်မာစစ်တပ်က ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံတဝန်း အကြီးအကျယ် ဆန္ဒပြမှုတွေ၊ သွေးထွက်သံယို ဖိနှိပ်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာပါ။
နိုင်ငံတဝန်းက မြို့တော်တော်များများမှာ လူထုကာကွယ်ရေးတပ်ဖွဲ့ PDF လို့ အမည်ရတဲ့ စစ်အုပ်စုဆန့်ကျင်ရေး အဖွဲ့တွေ ပေါ်ပေါက်လာနေပြီး ကျေးလက်ဒေသတွေမှာ အဓိက တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
NLD ရွေးကောက်ခံအမတ် အများစုပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်သူတွေရဲ့ ခုခံရေးစစ်ပွဲ စတင်ဖို့နဲ့ စစ်အုပ်စုရဲ့ ဒေါက်တိုင်တွေကို တိုက်ခိုက်ဖို့ဆိုပြီး ဒီလအစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နိုင်ငံတဝန်း မြန်မာစစ်တပ်ပိုင် Mytel ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေလည်း ရှိခဲ့ပါတယ်။