သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေခ်ာင္းဦးမွာ တိုက္ပြဲျဖစ္၊ တန္႔ဆည္မွာ အသြားအလာကန္႔သတ္ခံရ


ျမန္မာလံုျခံဳေရးတပ္ဖြဲ ့၀င္တခ်ိဳ ့ (ဓာတ္ပုံ- AP)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕အနီးမွာ ေဒသခံျပည္သူ႔ကာကြယ္ေရး PDF ေတြနဲ႔ စစ္တပ္တို႔ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ Mytel တာဝါတိုင္ေတြ ဖ်က္စီးခံရၿပီးေနာက္ အဲဒီေဒသတဝိုက္ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္တာမွာ တိုက္ပြဲေတြျဖစ္တာပါ။ တိုက္ပြဲေတြေၾကာင့္ ေခ်ာင္းဦးၿမိဳ႕ေပၚမွာ အသြားအလာမရွိ တိတ္ဆိတ္ေနပါတယ္။ စစ္ကိုင္းတိုင္းထဲက တန႔္ဆည္ၿမိဳ႕မွာေတာ့ စစ္ေကာင္စီက အသြားအလာေတြ ကန႔္သတ္ထားတဲ့အတြက္ ေဒသခံေတြ အခက္အခဲ ျဖစ္ေပၚေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုေက်ာ္ေက်ာ္သိန္းကေျပာျပပါမယ္။

စစ္ကိုင္းတိုင္း ေခ်ာင္းဦးၿမိဳ႕မွာ စက္တင္ဘာ ၁၅ ရက္က ေဒသခံလုံၿခဳံေရးအဖြဲ႕ PDF ေတြက Mytel ဆက္သြယ္ေရး တာဝါတိုင္ မိုင္းခြဲ ဖ်က္ဆီးခဲ့ၿပီးေနာက္ စစ္တပ္နဲ႔ PDF ေတြတိုက္ပြဲေတြျဖစ္ပြားခဲ့တာပါ။ Mytel ကေတာ့ စစ္တပ္အတြက္ဝင္ေငြရွာေပးေနတဲ့ ျမန္မာ့စီပြားေရး ေကာ္ပိုေရးရွင္း MEC က ရွယ္ယာပါတဲ့ ဆက္သြယ္ေရးလုပ္ငန္းတခုျဖစ္ပါတယ္။ အဲဒီတာဝါတိုင္တိုက္ခိုက္ခံရတဲ့ေနရာဆီ စစ္ေကာင္စီတပ္ေတြသြားစဥ္ မေန႔ စက္တင္ဘာ ၁၆ ရက္က ေခ်ာင္းဦးၿမိဳ႕အေနာက္ဘက္မွာ ေဒသခံ PDF ေတြနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေခ်ာင္းဦးၿမိဳ႕ခံ တဦးက -

“၁၅ ရက္ေန႔ ညက ကုလားႀကီး႐ြာက Mytel တာဝါတိုင္ ေဖာက္ခြဲ ခံလိုက္ရတာေပါ့ဗ်ာ။ ေဖာက္ခြဲခံလိုက္ရေတာ့ မနက္လင္းေတာ့ စစ္တပ္က အဲ့ဒီ့ေနရာကို သြားတာေပါ့ေနာ္။ သူတို႔က စစ္ေၾကာင္းလိုက္သြားတာကို သြားတဲ့ေနရာ PDF အဖြဲ႕က ဝိုင္းၿပီးေတာ့ တိုက္ပြဲျဖစ္ၾကတာေပါ့။ ၿမိဳ႕ရဲ႕အေနာက္ဖက္ ေတာထဲမွာ ၁၀ နာရီ ေက်ာ္ေက်ာ္ေလာက္က စျဖစ္တာပဲ။ မေန႔ညကလည္း ေတာ္ေတာ္ပစ္တယ္။ ၁၁ နာရီေက်ာ္ေလာက္မွာ ပစ္တယ္။ ဒီေန႔ေတာ့ ေသနတ္ပစ္သံေတာ့ မၾကားရဘူး။ စစ္ေၾကာင္းကေတာ့ ေတာဘက္ကို ေျခက်င္ဆင္းသြားၾကတာ ေတာ္ေတာ္မ်ားတယ္။ ၿမိဳ႕ေပၚကေတာ့ သိတဲ့အတိုင္းပဲ ေတာ္ေတာ္ေျခာက္ကပ္သြားတယ္။”

တိုက္ပြဲအတြင္း PDF ဘက္ကလည္း ၅ ဦးေသဆုံးခဲ့သလို စစ္ေကာင္စီဘက္က ၆ ေယာက္ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြေျပာပါတယ္။ လူမႈကြန္ယက္မွာ ျပန႔္ႏွံ႔လာတဲ့ ဗြီဒီယိုတခုမွာေတာ့ လူေသအေလာင္းေတြအနီးမွာ အသက္ ၂၀ ေက်ာ္ အမ်ိဳးသား တဦးကို ေခ်ာင္းဦး PDF ပါ ဆိုၿပီး ေအာ္ဟစ္ခိုင္းၿပီး မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုဖိုင္ကို ျပန္လည္ မွ်ေဝေနၾကပါတယ္။ စစ္ေကာင္စီဘက္က ေခ်ာင္းဦးတိုက္ပြဲနဲ႔ပါတ္သက္လို႔ တစုံတရာ ေျပာၾကားျခင္းမရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ေမ ၁၃ ရက္ကစလို႔ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ PDF ေတြ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ေခ်ာင္းဦးၿမိဳ႕ အနီးက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြဟာ မၾကာခဏဆိုသလို ဝင္ေရာက္ရွာေဖြတာေတြ ျပဳလုပ္ၿပီး ဆႏၵျပေခါင္းေဆာင္ေတြနဲ႔ CDM သမားေတြကို ဖမ္းဆီးးတာေတြ ရွိခဲ့ပါတယ္။

တဆက္တည္းမွာပဲ စစ္ကိုင္းတိုင္းထဲက တန႔္ဆည္ၿမိဳ႕ကို စက္တင္ဘာ ၁၃ ရက္ေလာက္ထဲက စစ္ေကာင္စီတပ္ေတြက အသြားအလာေတြ ကန႔္သတ္ထားလိုက္တဲ့အတြက္ ေဒသခံေတြမွာ အခက္ေတြ႕ေနပါတာပါ။

ဒီကေန႔ စက္တင္ဘာ ၁၇ ရက္မွာေတာ့ မနက္ ၆ နာရီ ကေန ည ၆ နာရီအထိ သြားလာခြင့္ျပဳတယ္လို႔ ေဒသခံေတၤြကေျပာပါတယ္။ အခုလို ကန႔္သတ္ေနတာနဲ႔ ပတ္သက္လို႔ တန႔္ဆည္ ေဒသခံ တဦးက

“ေန႔ေကာညေကာ အခုမွေန႔ထြက္ရတာ ဟိုးေန႔ကဆို ေန႔ေကာညေကာ မထြက္ရဘူး။ အသက္ခ်ဲ႕စက္နဲ႔ တပတ္ေအာ္ၿပီးေတာ့ တကယ့္ Main Point ေတြမွာ ေစာင့္ၿပီးေတာ့ လမ္းေတြေပၚကို ထြက္လာတဲ့သူေတြကို ႐ိုက္တာပဲ။ ကိုဗစ္က ဒီေလာက္ႀကီးမဟုတ္ဘူး တန႔္ဆည္ဘက္က ေဈးဝယ္ မထားတဲ့သူေတြက ျဖစ္သလို စားရတာေပါ့။ အခုကေတာ့ မနက္ ၆ နာရီကေန ညေန ၆ နာရီအထိထြက္ရတယ္ဆိုေတာ့ နည္းနည္းေတာ့ ေတာ္သြားတာေပါ့။ လူေတြကို ဒုကၡေပးတာေပါ့ဗ်ာ။

ကိုဗစ္ေရာဂါထိန္းခ်ဳပ္တဲ့အေနနဲ႔ Stay at home ထုတ္ျပန္ထားတဲ့ၿမိဳ႕နယ္ေတြထဲမွာ တန႔္ဆည္ၿမိဳ႕နယ္မပါဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ေဒသခံ PDF ေတြနဲ႔ တိုက္ပြဲျဖစ္ပြားေနတာ၊ စစ္ေကာင္စီလိုလားသူေတြ အသတ္ခံရတာ၊ ဆက္သြယ္ေရး တာဝါတိုင္ေတြ ဖ်က္ဆီးခံရတဲ့ အတြက္ အခုလို ကန႔္သတ္တာျဖစ္တယ္လို႔ ေဒသခံေတြက ထင္ျမင္ေနၾကပါတယ္။

စစ္ေကာင္စီက ကန႔္သတ္ထားခ်ိန္မွာ အျပင္ထြက္သူေတြကို စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးတယ္လို႔ ေဒသခံေတြက ေျပာေပမဲ့ သီးျခားအတည္မျပဳႏိုင္ပါဘူး။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တန႔္ဆည္ၿမိဳ႕မွာ လူသိန္းနဲ႔ခ်ီ လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ စစ္တပ္က ပစ္ခတ္ၿဖိဳခြင္းၿပီးေနာက္ ေဒသကာကြယ္သူေတြက ေဒသလုပ္ တူမီးေသနတ္ေတြနဲ႔ ျပန္လွန္ ခုခံတိုက္ခိုက္ၾကတာျဖစ္ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


ချောင်းဦးမှာ တိုက်ပွဲဖြစ်၊ တန့်ဆည်မှာ အသွားအလာကန့်သတ်ခံရ

(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့အနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေး PDF တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ Mytel တာဝါတိုင်တွေ ဖျက်စီးခံရပြီးနောက် အဲဒီဒေသတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာမှာ တိုက်ပွဲတွေဖြစ်တာပါ။ တိုက်ပွဲတွေကြောင့် ချောင်းဦးမြို့ပေါ်မှာ အသွားအလာမရှိ တိတ်ဆိတ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့မှာတော့ စစ်ကောင်စီက အသွားအလာတွေ ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ စက်တင်ဘာ ၁၅ ရက်က ဒေသခံလုံခြုံရေးအဖွဲ့ PDF တွေက Mytel ဆက်သွယ်ရေး တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခဲ့ပြီးနောက် စစ်တပ်နဲ့ PDF တွေတိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ Mytel ကတော့ စစ်တပ်အတွက်ဝင်ငွေရှာပေးနေတဲ့ မြန်မာ့စီပွားရေး ကော်ပိုရေးရှင်း MEC က ရှယ်ယာပါတဲ့ ဆက်သွယ်ရေးလုပ်ငန်းတခုဖြစ်ပါတယ်။ အဲဒီတာဝါတိုင်တိုက်ခိုက်ခံရတဲ့နေရာဆီ စစ်ကောင်စီတပ်တွေသွားစဉ် မနေ့ စက်တင်ဘာ ၁၆ ရက်က ချောင်းဦးမြို့အနောက်ဘက်မှာ ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ချောင်းဦးမြို့ခံ တဦးက -

“၁၅ ရက်နေ့ ညက ကုလားကြီးရွာက Mytel တာဝါတိုင် ဖောက်ခွဲ ခံလိုက်ရတာပေါ့ဗျာ။ ဖောက်ခွဲခံလိုက်ရတော့ မနက်လင်းတော့ စစ်တပ်က အဲ့ဒီ့နေရာကို သွားတာပေါ့နော်။ သူတို့က စစ်ကြောင်းလိုက်သွားတာကို သွားတဲ့နေရာ PDF အဖွဲ့က ဝိုင်းပြီးတော့ တိုက်ပွဲဖြစ်ကြတာပေါ့။ မြို့ရဲ့အနောက်ဖက် တောထဲမှာ ၁၀ နာရီ ကျော်ကျော်လောက်က စဖြစ်တာပဲ။ မနေ့ညကလည်း တော်တော်ပစ်တယ်။ ၁၁ နာရီကျော်လောက်မှာ ပစ်တယ်။ ဒီနေ့တော့ သေနတ်ပစ်သံတော့ မကြားရဘူး။ စစ်ကြောင်းကတော့ တောဘက်ကို ခြေကျင်ဆင်းသွားကြတာ တော်တော်များတယ်။ မြို့ပေါ်ကတော့ သိတဲ့အတိုင်းပဲ တော်တော်ခြောက်ကပ်သွားတယ်။”

တိုက်ပွဲအတွင်း PDF ဘက်ကလည်း ၅ ဦးသေဆုံးခဲ့သလို စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ လူမှုကွန်ယက်မှာ ပြန့်နှံ့လာတဲ့ ဗွီဒီယိုတခုမှာတော့ လူသေအလောင်းတွေအနီးမှာ အသက် ၂၀ ကျော် အမျိုးသား တဦးကို ချောင်းဦး PDF ပါ ဆိုပြီး အော်ဟစ်ခိုင်းပြီး မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည် မျှဝေနေကြပါတယ်။ စစ်ကောင်စီဘက်က ချောင်းဦးတိုက်ပွဲနဲ့ပါတ်သက်လို့ တစုံတရာ ပြောကြားခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ မေ ၁၃ ရက်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ချောင်းဦးမြို့ အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ပြီး ဆန္ဒပြခေါင်းဆောင်တွေနဲ့ CDM သမားတွေကို ဖမ်းဆီးးတာတွေ ရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့ကို စက်တင်ဘာ ၁၃ ရက်လောက်ထဲက စစ်ကောင်စီတပ်တွေက အသွားအလာတွေ ကန့်သတ်ထားလိုက်တဲ့အတွက် ဒေသခံတွေမှာ အခက်တွေ့နေပါတာပါ။
ဒီကနေ့ စက်တင်ဘာ ၁၇ ရက်မှာတော့ မနက် ၆ နာရီ ကနေ ည ၆ နာရီအထိ သွားလာခွင့်ပြုတယ်လို့ ဒေသခံင်္တွေကပြောပါတယ်။ အခုလို ကန့်သတ်နေတာနဲ့ ပတ်သက်လို့ တန့်ဆည် ဒေသခံ တဦးက

“နေ့ကောညကော အခုမှနေ့ထွက်ရတာ ဟိုးနေ့ကဆို နေ့ကောညကော မထွက်ရဘူး။ အသက်ချဲ့စက်နဲ့ တပတ်အော်ပြီးတော့ တကယ့် Main Point တွေမှာ စောင့်ပြီးတော့ လမ်းတွေပေါ်ကို ထွက်လာတဲ့သူတွေကို ရိုက်တာပဲ။ ကိုဗစ်က ဒီလောက်ကြီးမဟုတ်ဘူး တန့်ဆည်ဘက်က ဈေးဝယ် မထားတဲ့သူတွေက ဖြစ်သလို စားရတာပေါ့။ အခုကတော့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိထွက်ရတယ်ဆိုတော့ နည်းနည်းတော့ တော်သွားတာပေါ့။ လူတွေကို ဒုက္ခပေးတာပေါ့ဗျာ။

ကိုဗစ်ရောဂါထိန်းချုပ်တဲ့အနေနဲ့ Stay at home ထုတ်ပြန်ထားတဲ့မြို့နယ်တွေထဲမှာ တန့်ဆည်မြို့နယ်မပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ၊ စစ်ကောင်စီလိုလားသူတွေ အသတ်ခံရတာ၊ ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်ဆီးခံရတဲ့ အတွက် အခုလို ကန့်သတ်တာဖြစ်တယ်လို့ ဒေသခံတွေက ထင်မြင်နေကြပါတယ်။
စစ်ကောင်စီက ကန့်သတ်ထားချိန်မှာ အပြင်ထွက်သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်မြို့မှာ လူသိန်းနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်တပ်က ပစ်ခတ်ဖြိုခွင်းပြီးနောက် ဒေသကာကွယ်သူတွေက ဒေသလုပ် တူမီးသေနတ်တွေနဲ့ ပြန်လှန် ခုခံတိုက်ခိုက်ကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG