သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီၿမိဳ႕ဘက္ ေက်းရြာေတြက ေဒသခံေတြ အိုးအိမ္စြန္႔ထြက္ေျပးေနရ


တောတောင်ထဲထွက်ပြေးနေကြတဲ့ ကနီဒေသခံရွာသားများ (ေမ/၇/၂၀၂၁)

(Zawgyi/Unicode)

စစ္ကုိင္းတိုင္း ယင္းမာပင္ခရိုင္ ကနီျမိဳနယ္ထဲက ႐ြာ ၄ ႐ြာထက္ မနည္းကို စစ္ေကာင္စီတပ္ေတြ ဒီေန႔ ဝင္ေရာက္႐ွာေဖြမႈေတြလုပ္ခဲ့ပါတယ္။ အဲဒီလို႐ွာစဥ္တခ်ဳိ႕ အိမ္ေတြက ပစၥည္းေတြကို ဖ်က္ဆီး၊ တခ်ဳိ႕ကို သိမ္းယူသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ကနီၿမိဳ႕တဝိုက္ စစ္တပ္က စစ္တင္အားျဖည့္တင္းၿပီး နယ္ေျမ႐ွင္းလင္းေရးလုပ္ေနပံုရတဲ့အတြက္ ေဒသခံေတြ ထြက္ေျပး ပုန္းေ႐ွာင္ေနၾကရပါတယ္။ သတင္းအျပည့္အစံုကို ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းပို႔ပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ခရိုင္ ကနီျမိဳနယ္ထဲက မုိးေကာင္းရြာ ၀င္မနားရြာအျပင္ရြာေလးရြာထက္မနည္းကို စက္တင္ဘာလ ၁၇ရက္ေန့က၀င္ေရာက္ရွာေဖြမူေတြလုပ္ေနေႀကာင္း ကနီျပည္သူ့ကာကြယ္ေရးတပ္ဖဲြ့ ကေခါင္းေဆာင္တဦးကေျပာျပပါတယ္။

"မိုးေကာင္းရြာထဲကို ေမႊေနတာေပါ့။ ေမႊေနတုန္းပဲ။ အိမ္ေတြမွာေတာ့ေနလို့မရဘူး။သူတို့က ေတြ ့ရင္ ေတြ ့သလိုအကုန္ဖမ္းတာပဲ။သူတိုကအိမ္ေတြမွာ သူတုိ့လုိအပ္တဲ့ပစၥည္းေတြကိုယူတယ္။ က်န္တာေတြကိုဖ်က္ဆီးသြားတယ္။အခုလက္ရွိ၀င္မနားမွာရွိတယ္ ၀င္မနားရဲ ့ေတာင္ဘက္မန္က်ည္းအုပ္ရြာမွာရွိတယ္။ သူတို့အိမ္တိုင္း၀င္တယ္။ ဗီဒိုေတြဆိုဖ်က္ဆီးသြားတယ္ ။ မိုးက တအားရြာေနေတာ့တျခားရြာေတြကိုဆက္မသြားဘူး။ သူတို့ရွိျပီးသားရြာေတြမွာပဲေနေနတယ္။ ၀င္မနားရယ္၊ မန္က်ည္းအုပ္နဲ့ ေခ်ာင္းေကြ ့ရြာေတြမွာ သူတို့ကုန္စံုဆုိင္ေတြကိုေဖာက္ေနတယ္။ ခ်င္းတြင္းျမစ္အေရွ့ဘက္ျခမ္းမွာက ရြာေပါင္း ၇၀ေက်ာ္ရွိတယ္။"

ကနီျပည္သူကာကြယ္ေရးတပ္ဘက္ကေျပာတာကေတာ့ ႀကည္း၊ေရ၊ေလ အင္အားေတြနဲ့ ကနီျမိဳနယ္ထဲက ေက်းရြာေတြကို၀င္ေရာက္လာေနတယ္လို့လည္းဆိုပါတယ္။

"အင္အားကမ်ားတယ္။ ရာဂဏန္းရိွတယ္ေလေႀကာင္း ရဟတ္ယာဥ္နဲ့လည္းပို့တယ္။ ေရေႀကာင္းလမ္းကေနလည္းပို့တယ္ ။ စစ္ေရယာဥ္ ၂စီး ရပ္ထားတယ္ ။ အင္းလယ္ေခ်ာင္ရဲ့ေနာက္ဖက္မွာ။ ခုဖုန္းလိုင္းေတြကတအားက်ေနတယ္ အင္တာနက္ျဖတ္ထားတာ ၃ရက္ရွိျပီ။ အခုဖုန္းလိုင္းမိတဲ့ေနရာ ေတာင္ေပၚကေန လာေျပာေနရတယ္။"

ကနီျမိဳနယ္ထဲက ထြက္ေျပးေနရတဲ့ ေက်းရြာသူတဦးေျပာျပတာကေတာ့
"စေျပးတုန္းကေတ့ာထင္လဲမထင္ထားဘူး။ အ၀တ္တထည္ကုိယ္တခုနဲ့စေျပးလာရတာအိမ္ထဲလည္းရြာထဲလည္းပစၥည္းေတြဘာေတြလည္းမယူခ့ဲရဘူး။ ရြာထဲလည္းလူေတြဘာေတြေတာ့သိတ္မရွိေတာ့ဘူး။လူေတြအေတာ္မ်ားမ်ားထြက္ေျပးႀကရတယ္။ ရြာမွာေနရင္လူေတြကိုလိုက္ဖမ္းတယ္ေလ။ ရြာမွာေနရင္လံုျခံဳမူ့ကမရိွေတာ့ဘူးေလ။"

အခုဆိုရင္ ရာသီဥတုကလည္းဆုိးတာေႀကာင့္မိုးထဲေလထဲမွာ ေျပးပုန္းေနရတဲ့ ေဒသခံရြာသားေတြအေနနဲ့ မိုးကာနဲ့ အေႏြးထည္ေတြယူသြားႀကဖို့ အစားအစာေျခာက္ေတြနဲ့ေဆး၀ါးေတြယူသြားျပီး ေဘးလြတ္ရာကိုေရွာင္တိမ္းႀကဖို့ကနီ PDF ကလည္း စက္တင္ဘာလ၁၇ ရက္ေန့မွာ အထူးသတိေပးခ်က္ထုတ္ျပန္ထားပါတယ္ ။

အခုရက္ပိုင္း ကနီ၊ ယင္းမာပင္၊ ပုလဲ၊ အရာေတာ္ ဝက္လက္စတဲ့ ၿမိဳ႕နယ္ေတြမွာ အင္တာနက္လုိင္းေတြကိုလည္း ျဖတ္ေတာက္ခံထားရပါတယ္။ အဲဒီေဒသေတြဘက္မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက ရရာလက္နက္စြဲကိုင္ၿပီး စစ္တပ္နဲ႔ တိုက္ခိုက္ေနၾကတာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခရိုင္ရွိ ကနီၿမိဳ့နယ္ဟာ ခ်င္းတြင္းျမစ္ကမ္းေပၚတြင္ရွိျပီး အဲဒီေဒသတေလ်ွာက္ ေဒသခံျပည္သူကာကြယ္ေရးတပ္မ်ားအင္အားေကာင္းတာေႀကာင့္ စစ္ေကာင္စီဘက္က ေက်းရြာေတြကို မႀကာခန၀င္ေရာက္စီးနင္း တာ ဖမ္းဆီးတာ သတ္ျဖတ္တာေတြ လုပ္ ခဲ့ပါတယ္။

ကနီၿမိဳ့နယ္၊ ေတာင္ေပါက္ရြာနဲ့ အနီးကေက်းရြာသားေတြကို ဖမ္းဆီးျပီးအရပ္သား ၁၂ဦးကုိ အစုလိုက္အျပံဳလုိက္သတ္ျဖတ္ခဲ့မူ့ေတြကို ေဒသခံေတြကဇူလိုင္လကုန္မွာေတြရွိခဲ့တာပါ။

ကနီမွာ အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မူကို စစ္ေကာင္စီဘက္က သံုးႀကိမ္ထက္မနည္းလုပ္ခဲ့တာကို ေဒသခံေတြက ေဖာ္ထုတ္ျပီး မွတ္တမ္းတင္ခဲ့ပါတယ္။

ဒီမွတ္တမ္းတင္မူေတြကိုေတာ့ ျမန္မာျပည္ဆိုင္ရာ ကုလသမဂၢအျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းဆီေရာက္ေအာင္ ေဒသခံေတြက ေပးပို့ႏိုင္ခဲ့ျပီး ဦးေက်ာ္မိုးထြန္းက ကုလသမဂၢအတြင္းေရးမွူးခ်ဳပ္ ထံကို ႀသဂုတ္လပထမပတ္မွာတုိင္ႀကားခဲ့ပါတယ္။

ကနီေဒသကို စစ္ေကာင္စီဘက္က ဖိအားေပးဖမ္းဆီး ႏွိပ္စက္သတ္ျဖတ္မူေတြ အျပင္အခုအခါမွာေတာ့ နယ္ေျမစိုိးမိုးေရးေတြနဲ့ နယ္ေျမရွင္းလင္းမူေတြကိုပါလုပ္လာတာျဖစ္ပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


ကနီမြို့ဘက် ကျေးရွာတွေက ဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးနေရ

(Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြိုနယ်ထဲက ရွာ ၄ ရွာထက် မနည်းကို စစ်ကောင်စီတပ်တွေ ဒီနေ့ ဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ အဲဒီလိုရှာစဉ်တချို့ အိမ်တွေက ပစ္စည်းတွေကို ဖျက်ဆီး၊ တချို့ကို သိမ်းယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကနီမြို့တဝိုက် စစ်တပ်က စစ်တင်အားဖြည့်တင်းပြီး နယ်မြေရှင်းလင်းရေးလုပ်နေပုံရတဲ့အတွက် ဒေသခံတွေ ထွက်ပြေး ပုန်းရှောင်နေကြရပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပို့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြိုနယ်ထဲက မိုးကောင်းရွာ ဝင်မနားရွာအပြင်ရွာလေးရွာထက်မနည်းကို စက်တင်ဘာလ ၁၇ရက်နေ့ကဝင်ရောက်ရှာဖွေမူတွေလုပ်နေကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကခေါင်းဆောင်တဦးကပြောပြပါတယ်။

"မိုးကောင်းရွာထဲကို မွှေနေတာပေါ့။ မွှေနေတုန်းပဲ။ အိမ်တွေမှာတော့နေလို့မရဘူး။သူတို့က တွေ့ရင် တွေ့သလိုအကုန်ဖမ်းတာပဲ။သူတိုကအိမ်တွေမှာ သူတို့လိုအပ်တဲ့ပစ္စည်းတွေကိုယူတယ်။ ကျန်တာတွေကိုဖျက်ဆီးသွားတယ်။အခုလက်ရှိဝင်မနားမှာရှိတယ် ဝင်မနားရဲ့တောင်ဘက်မန်ကျည်းအုပ်ရွာမှာရှိတယ်။ သူတို့အိမ်တိုင်းဝင်တယ်။ ဗီဒိုတွေဆိုဖျက်ဆီးသွားတယ် ။ မိုးက တအားရွာနေတော့တခြားရွာတွေကိုဆက်မသွားဘူး။ သူတို့ရှိပြီးသားရွာတွေမှာပဲနေနေတယ်။ ဝင်မနားရယ်၊ မန်ကျည်းအုပ်နဲ့ ချောင်းကွေ့ရွာတွေမှာ သူတို့ကုန်စုံဆိုင်တွေကိုဖောက်နေတယ်။ ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းမှာက ရွာပေါင်း ၇၀ကျော်ရှိတယ်။"

ကနီပြည်သူကာကွယ်ရေးတပ်ဘက်ကပြောတာကတော့ ကြည်း၊ရေ၊လေ အင်အားတွေနဲ့ ကနီမြိုနယ်ထဲက ကျေးရွာတွေကိုဝင်ရောက်လာနေတယ်လို့လည်းဆိုပါတယ်။

"အင်အားကများတယ်။ ရာဂဏန်းရှိတယ်လေကြောင်း ရဟတ်ယာဉ်နဲ့လည်းပို့တယ်။ ရေကြောင်းလမ်းကနေလည်းပို့တယ် ။ စစ်ရေယာဉ် ၂စီး ရပ်ထားတယ် ။ အင်းလယ်ချောင်ရဲ့နောက်ဖက်မှာ။ ခုဖုန်းလိုင်းတွေကတအားကျနေတယ် အင်တာနက်ဖြတ်ထားတာ ၃ရက်ရှိပြီ။ အခုဖုန်းလိုင်းမိတဲ့နေရာ တောင်ပေါ်ကနေ လာပြောနေရတယ်။"

ကနီမြိုနယ်ထဲက ထွက်ပြေးနေရတဲ့ ကျေးရွာသူတဦးပြောပြတာကတော့
"စပြေးတုန်းကတေ့ာထင်လဲမထင်ထားဘူး။ အဝတ်တထည်ကိုယ်တခုနဲ့စပြေးလာရတာအိမ်ထဲလည်းရွာထဲလည်းပစ္စည်းတွေဘာတွေလည်းမယူခဲ့ရဘူး။ ရွာထဲလည်းလူတွေဘာတွေတော့သိတ်မရှိတော့ဘူး။လူတွေအတော်များများထွက်ပြေးကြရတယ်။ ရွာမှာနေရင်လူတွေကိုလိုက်ဖမ်းတယ်လေ။ ရွာမှာနေရင်လုံခြုံမူ့ကမရှိတော့ဘူးလေ။"

အခုဆိုရင် ရာသီဥတုကလည်းဆိုးတာကြောင့်မိုးထဲလေထဲမှာ ပြေးပုန်းနေရတဲ့ ဒေသခံရွာသားတွေအနေနဲ့ မိုးကာနဲ့ အနွေးထည်တွေယူသွားကြဖို့ အစားအစာခြောက်တွေနဲ့ဆေးဝါးတွေယူသွားပြီး ဘေးလွတ်ရာကိုရှောင်တိမ်းကြဖို့ကနီ PDF ကလည်း စက်တင်ဘာလ၁၇ ရက်နေ့မှာ အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ် ။

အခုရက်ပိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော် ဝက်လက်စတဲ့ မြို့နယ်တွေမှာ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ခံထားရပါတယ်။ အဲဒီဒေသတွေဘက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင်ပြီး စစ်တပ်နဲ့ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကနီမြို့နယ်ဟာ ချင်းတွင်းမြစ်ကမ်းပေါ်တွင်ရှိပြီး အဲဒီဒေသတလျှောက် ဒေသခံပြည်သူကာကွယ်ရေးတပ်များအင်အားကောင်းတာကြောင့် စစ်ကောင်စီဘက်က ကျေးရွာတွေကို မကြာခနဝင်ရောက်စီးနင်း တာ ဖမ်းဆီးတာ သတ်ဖြတ်တာတွေ လုပ် ခဲ့ပါတယ်။

ကနီမြို့နယ်၊ တောင်ပေါက်ရွာနဲ့ အနီးကကျေးရွာသားတွေကို ဖမ်းဆီးပြီးအရပ်သား ၁၂ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မူ့တွေကို ဒေသခံတွေကဇူလိုင်လကုန်မှာတွေရှိခဲ့တာပါ။

ကနီမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မူကို စစ်ကောင်စီဘက်က သုံးကြိမ်ထက်မနည်းလုပ်ခဲ့တာကို ဒေသခံတွေက ဖော်ထုတ်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီမှတ်တမ်းတင်မူတွေကိုတော့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဆီရောက်အောင် ဒေသခံတွေက ပေးပို့နိုင်ခဲ့ပြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ထံကို သြဂုတ်လပထမပတ်မှာတိုင်ကြားခဲ့ပါတယ်။

ကနီဒေသကို စစ်ကောင်စီဘက်က ဖိအားပေးဖမ်းဆီး နှိပ်စက်သတ်ဖြတ်မူတွေ အပြင်အခုအခါမှာတော့ နယ်မြေစိုးမိုးရေးတွေနဲ့ နယ်မြေရှင်းလင်းမူတွေကိုပါလုပ်လာတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG