သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီဘက္မွာ ရဲစခန္းတိုက္ခံရအၿပီး စစ္တပ္အင္အား တိုးခ်ထား


(၁၆-၉-၂၁) မနက္ ၁၀နာရီေလာက္က ကနီျမိဳ ့နယ္အတြင္း စစ္ေကာင္စီဘက္က ရဟတ္ယာဥ္ပ်ံသန္းေနပံု(CJ)

(Zawgyi/Unicode)

စစ္ကုိင္းတိုင္း ကနီၿမိဳ႕နယ္ ၀င္းမနားနယ္ေျမရဲစခန္းကို ျပီးခဲ့တဲ့ရက္ေတြက ေဒသခံ ျပည္သူ့ကာကြယ္ေရးတပ္ေတြက ၀င္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ အဲဒီေဒသဘက္မွာ စစ္တပ္က အင္အားေတြ တိုးခ်ေနပါတယ္။ ၿပီးခဲ့တဲ့ရက္က ေလေၾကာင္းကေနပါ စစ္တပ္က တိုက္ခုိက္လို႔ ေဒသခံ ေ​သာင္းခ်ီ ထြက္ေျပးေနၾကရပါတယ္။ စစ္တပ္က ေရေၾကာင္းကေရာ ေလေၾကာင္းကေနပါ ကင္းလွည့္ အင္အားျပေနတဲ့အတြက္ ထြက္ေျပးေနသူေတြ ေနရပ္မျပန္ရဲၾကေသးပါဘူး။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

စစ္ကိုင္းတို္င္း ကနီၿမိဳ႕နယ္ ဝင္းမနားေက်း႐ြာ နယ္ေျမရဲစခန္းအေပၚ ေဒသခံ ကနီျပည္သူ့ကာကြယ္ေရးတပ္နဲ႔ Myanmar Defense Force ( MDF) အဖဲြ႔တို႔ စက္တင္ဘာ ၁၁ ရက္က ပူးေပါင္းတုိက္ခိုက္ခဲ့ပါတယ္။ အဲဒီေနာက္ စက္တင္ဘာ ၁၂ ရက္မွာေတာ့ ကာကြယ္ေရးအဖဲြ႔ေတြ႐ွိရာဘက္ကို စစ္တပ္က ေလေၾကာင္းကေန ပစ္ခတ္ တိုက္ခိုက္ခဲ့ပါတယ္။ တိုက္ခိုက္မႈေၾကာင့္ ေဒသခံအေျမာက္အမ်ား ထြက္ေျပးခဲ့ၾကရပါတယ္။ စစ္တပ္ဘက္က အခုဆုိ ေရေၾကာင္းကပါ အင္အားတိုးခ်ဲ႕ ၿပီး နယ္ေျမစိုးမုိးဖို႔ လုပ္ေနတာ ေတြ႔ရတယ္လို႔ ကနီ PDF အဖဲြ႔က ေခါင္းေဆာင္တဦးက ေျပာပါတယ္။

"ကနီဘက္မွာေတာ့ ဖိအားေတြ ေတာ္ေတာ္ေပးေနတယ္ ဖုန္းအင္တာနက္လိုင္း ျဖတ္ေတာက္တာ ဖုန္းလိုင္းျဖတ္ေတာက္တာလည္းလုပ္ေနတယ္ ေလာေလာဆည္ နီးစပ္ရာရြာေတြအျပင္ တျခား ျမစ္အေနာက္ဘက္ျခမ္းကိုလည္း ထိုးစစ္ဆင္ဖို႔ျပင္ဆင္ေနတယ္။ ေရေၾကာင္းမွာ စစ္ေေမာ္ေတာ္ဘုတ္ ၆ စီးက စုန္ခ်ည္ဆန္ခ်ည္လုပ္ေနတယ္ ေလာေလာဆည္ ကနီၿမိဳ႕နားမွာ ၂ စီးရွိတယ္ မင္းကင္းအလယ္အစပ္မွာ ၁ စီးရွိတယ္။ ေလာေလာဆယ္ ကနီၿမိဳ႕ေပၚမွာ ကုန္းေႀကာင္းေကာ ေရေၾကာင္းမွာေကာ နယ္ေျမစိုးမုိးဖို႔ျပင္ဆင္ေနတယ္။ ေလေၾကာင္း ပစ္ကူပါျပီးေနာက္မွာ နီးစပ္ရာရြာအေတာ္မ်ားမ်ားက စစ္ေဘးေရွာင္ေနရတယ္ ေလာေလာဆည္စစ္ေဘးေရွာင္ျပည္သူက တေသာင္းနီးပါးေလာက္ရွိလာတယ္"

ကနီၿမိဳ႕နယ္ ၀င္းမနားျဖစ္စဥ္မွာ ကနီ PDF ေတြကအ င္အား တေထာင္ေလာက္နဲ႔ စတင္တုိက္ခဲ့တယ္လို႔ စစ္ေကာင္စီဘက္က သတင္း ထုတ္ျပန္ခဲ့ပါတယ္ အင္အားတေထာင္ဆိုတာ မဟုတ္ဘူးလို႔ PDF ေခါင္းေဆာင္က ျငင္းဆိုပါတယ္။
"ေလာေလာဆယ္ က်ေနာ္တို႔ အင္အားက ရာဂဏန္းေလာက္နဲ႔ တိုက္တာသူတို႔က တေထာင္ေလာက္နဲ႔ တုိက္တယ္ဆုိၿပီိးေလေၾကာင္းပစ္ကူနဲ႔ပစ္တာ"

ကနီျမိဳနယ္အတြင္း တပ္စဲြထားတဲ့ စစ္ေကာင္စီတပ္ေတြဟာ ၿမိဳ႕နယ္ထဲက ေက်းရြာေတြ အိမ္ေတြမွာ လူေတြကို၀င္ေရာက္ရွာေဖြတဲ့အျပင္ တခ်ဳိ႕အိမ္ေတြကို မီး႐ႈိ႕ ဖ်က္ဆီး ပစၥည္းေတြ ယူေနတယ္လို႔လည္း ေျပာပါတယ္။

ခ်င္းတြင္းျမစ္အေရွ႕ဘက္ကမ္းက ေက်း႐ြာေတြအတြင္းကို စစ္ေကာင္စီတပ္ေတြက စက္တင္ဘာလ ၁၂ ရက္ေန႔ေလာက္ကတည္းက ေရာက္ရွိလာၿပီး ပစ္ခတ္ခဲ့သလို တင့္ကားေတြ၊ လက္နက္ခဲယမ္းတင္ စစ္သေဘၤာ ေရယာဥ္ေတြလည္း အသင့္ေနရာယူထားၾကတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။ အဲဒီေဒသေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြ စိုးမိုးထားတဲ့ေနရာမဟုတ္တဲ့အတြက္ ေဒသခံျပည္သူေတြက ဖြဲ႔စည္းထားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ ့ေတြသာရွိပါတယ္။

ျမန္မာႏိုင္ငံမွာ အမ်ိဳးသားညီညြတ္ေရးအစုိးရက စစ္အာဏာ႐ွင္အျမစ္ျပတ္ေအာင္ တြန္းလွန္ ခုခံစစ္ စတင္ေနၿပီလို႔ စက္တင္ဘာလ ၇ ရက္ေန႔က ေၾကညာခဲ့ၿပီးေနာက္ စစ္ကိုင္းတိုင္းဘက္မွာ စစ္တပ္က စစ္ျပင္ဆင္မႈေတြ ပိုလုပ္လာတယ္လို႔ေဒသခံေတြက ေျပာပါတယ္။
အခုရက္ပိုင္း ကနီ၊ ယင္းမာပင္၊ ပုလဲ၊ အရာေတာ္ ဝက္လက္စတဲ့ ၿမိဳ႕နယ္ေတြမွာ အင္တာနက္လုိင္းေတြကိုလည္း ျဖတ္ေတာက္ခံထားရပါတယ္။ အဲဒီေဒသေတြဘက္မွာ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြက ရရာလက္နက္စြဲကိုင္ၿပီး စစ္တပ္နဲ႔ တိုက္ခိုက္ေနၾကတာျဖစ္ပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


ကနီဘက်မှာ ရဲစခန်းတိုက်ခံရအပြီး စစ်တပ်အင်အား တိုးချထား

(Unicode)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်းမနားနယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ရက်တွေက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီဒေသဘက်မှာ စစ်တပ်က အင်အားတွေ တိုးချနေပါတယ်။ ပြီးခဲ့တဲ့ရက်က လေကြောင်းကနေပါ စစ်တပ်က တိုက်ခိုက်လို့ ဒေသခံ သောင်းချီ ထွက်ပြေးနေကြရပါတယ်။ စစ်တပ်က ရေကြောင်းကရော လေကြောင်းကနေပါ ကင်းလှည့် အင်အားပြနေတဲ့အတွက် ထွက်ပြေးနေသူတွေ နေရပ်မပြန်ရဲကြသေးပါဘူး။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်းမနားကျေးရွာ နယ်မြေရဲစခန်းအပေါ် ဒေသခံ ကနီပြည်သူ့ကာကွယ်ရေးတပ်နဲ့ Myanmar Defense Force ( MDF) အဖွဲ့တို့ စက်တင်ဘာ ၁၁ ရက်က ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၁၂ ရက်မှာတော့ ကာကွယ်ရေးအဖွဲ့တွေရှိရာဘက်ကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ဒေသခံအမြောက်အများ ထွက်ပြေးခဲ့ကြရပါတယ်။ စစ်တပ်ဘက်က အခုဆို ရေကြောင်းကပါ အင်အားတိုးချဲ့ ပြီး နယ်မြေစိုးမိုးဖို့ လုပ်နေတာ တွေ့ရတယ်လို့ ကနီ PDF အဖွဲ့က ခေါင်းဆောင်တဦးက ပြောပါတယ်။

"ကနီဘက်မှာတော့ ဖိအားတွေ တော်တော်ပေးနေတယ် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်တာ ဖုန်းလိုင်းဖြတ်တောက်တာလည်းလုပ်နေတယ် လောလောဆည် နီးစပ်ရာရွာတွေအပြင် တခြား မြစ်အနောက်ဘက်ခြမ်းကိုလည်း ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်။ ရေကြောင်းမှာ စစ်ေမော်တော်ဘုတ် ၆ စီးက စုန်ချည်ဆန်ချည်လုပ်နေတယ် လောလောဆည် ကနီမြို့နားမှာ ၂ စီးရှိတယ် မင်းကင်းအလယ်အစပ်မှာ ၁ စီးရှိတယ်။ လောလောဆယ် ကနီမြို့ပေါ်မှာ ကုန်းကြောင်းကော ရေကြောင်းမှာကော နယ်မြေစိုးမိုးဖို့ပြင်ဆင်နေတယ်။ လေကြောင်း ပစ်ကူပါပြီးနောက်မှာ နီးစပ်ရာရွာအတော်များများက စစ်ဘေးရှောင်နေရတယ် လောလောဆည်စစ်ဘေးရှောင်ပြည်သူက တသောင်းနီးပါးလောက်ရှိလာတယ်"

ကနီမြို့နယ် ဝင်းမနားဖြစ်စဉ်မှာ ကနီ PDF တွေကအ င်အား တထောင်လောက်နဲ့ စတင်တိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ခဲ့ပါတယ် အင်အားတထောင်ဆိုတာ မဟုတ်ဘူးလို့ PDF ခေါင်းဆောင်က ငြင်းဆိုပါတယ်။
"လောလောဆယ် ကျနော်တို့ အင်အားက ရာဂဏန်းလောက်နဲ့ တိုက်တာသူတို့က တထောင်လောက်နဲ့ တိုက်တယ်ဆိုပြီးလေကြောင်းပစ်ကူနဲ့ပစ်တာ"

ကနီမြိုနယ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့နယ်ထဲက ကျေးရွာတွေ အိမ်တွေမှာ လူတွေကိုဝင်ရောက်ရှာဖွေတဲ့အပြင် တချို့အိမ်တွေကို မီးရှို့ ဖျက်ဆီး ပစ္စည်းတွေ ယူနေတယ်လို့လည်း ပြောပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေအတွင်းကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၂ ရက်နေ့လောက်ကတည်းက ရောက်ရှိလာပြီး ပစ်ခတ်ခဲ့သလို တင့်ကားတွေ၊ လက်နက်ခဲယမ်းတင် စစ်သင်္ဘော ရေယာဉ်တွေလည်း အသင့်နေရာယူထားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီဒေသတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့နေရာမဟုတ်တဲ့အတွက် ဒေသခံပြည်သူတွေက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသာရှိပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်အမြစ်ပြတ်အောင် တွန်းလှန် ခုခံစစ် စတင်နေပြီလို့ စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဘက်မှာ စစ်တပ်က စစ်ပြင်ဆင်မှုတွေ ပိုလုပ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်း ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော် ဝက်လက်စတဲ့ မြို့နယ်တွေမှာ အင်တာနက်လိုင်းတွေကိုလည်း ဖြတ်တောက်ခံထားရပါတယ်။ အဲဒီဒေသတွေဘက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင်ပြီး စစ်တပ်နဲ့ တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG