သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေခါင္းေဆာင္ ျမစ္ႀကီးနားၿမိဳ႕ေရာက္ခ်ိန္ မေနာကြင္းမွာ ဆႏၵျပမႈျဖစ္


ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ဇြန္ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ျမစ္ႀကီးနားကို ဒီေန႔ေရာက္ခဲ့ခ်ိန္မွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပြဲေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ခရီးစဥ္အတြက္ လံုၿခံဳေရး တိုးျမႇင့္ထားတဲ့ၾကားက မေနာကြင္းမွာ ေက်ာင္းသားလူငယ္ေတြ ဦးေဆာင္ၿပီး ဆန္႔က်င္ဆႏၵျပခဲ့ၾကတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ျမစ္ႀကီးနားအျပင္ ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕မွာလည္း တိုင္းရင္းသားေပါင္းစံု ဆႏၵျပခဲ့ၿပီး အင္တာနက္ျပန္ဖြင့္ေပးဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒါ့အျပင္ မႏၲေလးၿမိဳ႕မွာလည္း အေထြေထြသပိတ္တပ္ေပါင္းစု ခ်ီတက္ဆႏၵျပပြဲအျပင္ လူငယ္ေတြက သိပၸံလမ္းေပၚရွိ ယာဥ္ထိန္းရဲ႐ုံးနားမွာ ေသြးေအးသြားရင္ ကိုယ့္ကိုယ္ကို ခြင့္မလႊတ္ေၾကးဆိုတဲ့ စာတန္းေတြကို ခ်ိတ္ဆြဲၿပီး အာဏာသိမ္းဆန္႔က်င္စာရြက္ေတြ ျဖန္႔ခဲ့ပါတယ္။

စစ္ကိုင္းတိုင္းမွာလည္း ကေလးၿမိဳ႕ရဲ႕ ၂၂၃ ရက္ေျမာက္ဆႏၵျပပြဲ၊ ဆားလင္းႀကီးမွာ ရြာေပါင္းစံုသပိတ္နဲ႔ လက္ပံေတာင္းေဒသနဲ႔ ေရႊဘိုရွိ ရြာတရြာမွာ ဆႏၵျပပြဲေတြ ဒီေန႔ျဖစ္ခဲ့ပါတယ္။

ေနာက္ တနသၤာရီတိုင္း ေလာင္းလုံၿမိဳ႕နယ္မွာ အမ်ိဳးသမီးနဲ႔ ေက်ာင္းသူေက်ာင္းသားလူငယ္ေတြရဲ႕ ဆႏၵျပပြဲ ဆက္ျဖစ္ခဲ့ၿပီး မေကြးတိုင္းက ၿမိဳင္ၿမိဳ႕မွာလည္း မေန႔ညက မိုးထဲေရထဲ ဆႏၵျပခဲ့ၾကပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

စစ်ခေါင်းဆောင် မြစ်ကြီးနားမြို့ရောက်ချိန် မနောကွင်းမှာ ဆန္ဒပြမှုဖြစ်

မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားကို ဒီနေ့ရောက်ခဲ့ချိန်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ခရီးစဉ်အတွက် လုံခြုံရေး တိုးမြှင့်ထားတဲ့ကြားက မနောကွင်းမှာ ကျောင်းသားလူငယ်တွေ ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြစ်ကြီးနားအပြင် ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း တိုင်းရင်းသားပေါင်းစုံ ဆန္ဒပြခဲ့ပြီး အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာလည်း အထွေထွေသပိတ်တပ်ပေါင်းစု ချီတက်ဆန္ဒပြပွဲအပြင် လူငယ်တွေက သိပ္ပံလမ်းပေါ်ရှိ ယာဉ်ထိန်းရဲရုံးနားမှာ သွေးအေးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ကြေးဆိုတဲ့ စာတန်းတွေကို ချိတ်ဆွဲပြီး အာဏာသိမ်းဆန့်ကျင်စာရွက်တွေ ဖြန့်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း ကလေးမြို့ရဲ့ ၂၂၃ ရက်မြောက်ဆန္ဒပြပွဲ၊ ဆားလင်းကြီးမှာ ရွာပေါင်းစုံသပိတ်နဲ့ လက်ပံတောင်းဒေသနဲ့ ရွှေဘိုရှိ ရွာတရွာမှာ ဆန္ဒပြပွဲတွေ ဒီနေ့ဖြစ်ခဲ့ပါတယ်။

နောက် တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ အမျိုးသမီးနဲ့ ကျောင်းသူကျောင်းသားလူငယ်တွေရဲ့ ဆန္ဒပြပွဲ ဆက်ဖြစ်ခဲ့ပြီး မကွေးတိုင်းက မြိုင်မြို့မှာလည်း မနေ့ညက မိုးထဲရေထဲ ဆန္ဒပြခဲ့ကြပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG