သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းနဲ႔ မေကြးမွာ စစ္တပ္က်ဴးလြန္မႈမ်ား NUG က ကုလကိုတင္ျပ


ျမန္မာစစ္တပ္ရဲ႕ ထိုးစစ္ဆင္မႈေတြေၾကာင့္ ေတာေတာင္ထဲ ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့ စစ္ကုိင္းတုိင္း၊ ကနီၿမိဳ႕နယ္ထဲက ေဒသခံ႐ြာသားမ်ား။ (ေမ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေတြထဲမွာ အရပ္သားေတြအေပၚ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြက အၾကမ္းဖက္တိုက္ခိုက္ သတ္ျဖတ္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို လက္ရွိ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ က်င္းပေနတဲ့ လူ႔အခြင့္အေရးေကာင္စီမွာ စက္တင္ဘာလ ၁၉ ရက္ေန႔ တနဂၤေႏြေန႔က NUG လူ႔အခြင့္အေရးဝန္ႀကီးဌာနက တင္သြင္းခဲ့ပါတယ္။

ဇူလိုင္လ၊ ၾသဂုတ္လနဲ႔ စက္တင္ဘာလေတြအတြင္း ဒီတိုင္းေဒသႀကီး ၂ ခုမွာ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြက ထိုးစစ္ဆင္ နယ္ေျမရွင္းေရးေတြ လုပ္ခဲ့ၿပီး အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈ၊ အသက္ေသဆုံးသည္အထိ ညႇဥ္းပန္းႏွိပ္စက္မႈ၊ ဥပေဒမဲ့ ဖမ္းဆီးမႈ စတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို အေထာက္အထားမ်ားနဲ႔တကြ တင္သြင္းခဲ့ေၾကာင္း NUG လူ႔အခြင့္အေရးဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အခုလို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ က်ဴးလြန္တဲ့ အာဏာသိမ္း စစ္ေကာင္စီအေပၚ လက္နက္တင္ပို႔မႈ ပိတ္ပင္ျခင္း၊ ႏုိင္ငံတကာ ရာဇဝတ္မႈခုံ႐ုံး အပါအဝင္ ႏုိင္ငံတကာ လုပ္ထုံးလုပ္နည္းမ်ားအရ ထိေရာက္စြာ အေရးယူျခင္းေတြ ျပဳလုပ္ဖို႔ကိုလည္း ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ အၾကမ္းဖက္တိုက္ခိုက္ခံရတဲ့ စစ္ကိုင္းတုိင္းနဲ႔ မေကြးတိုင္း ေဒသအတြင္းက ျပည္သူေတြကို လူသားျခင္းစာနာတဲ့ အေထာက္အကူမ်ား ေပးဖို႔ကိုလည္း NUG အစိုးရက ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

စစ်ကိုင်းနဲ့ မကွေးမှာ စစ်တပ်ကျူးလွန်မှုများ NUG က ကုလကိုတင်ပြ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ အရပ်သားတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီမှာ စက်တင်ဘာလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့မှာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက တင်သွင်းခဲ့ပါတယ်။

ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း ဒီတိုင်းဒေသကြီး ၂ ခုမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင် နယ်မြေရှင်းရေးတွေ လုပ်ခဲ့ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အထားများနဲ့တကွ တင်သွင်းခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ထိရောက်စွာ အရေးယူခြင်းတွေ ပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသအတွင်းက ပြည်သူတွေကို လူသားခြင်းစာနာတဲ့ အထောက်အကူများ ပေးဖို့ကိုလည်း NUG အစိုးရက တောင်းဆိုထားပါတယ်။

XS
SM
MD
LG