သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ အေထာက္အထားေတြ ထုတ္မေပးဖို႔ UEC ၫႊန္ၾကား


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ ဆႏၵမဲေပးေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲဆိုင္ရာ အေထာက္အထားေတြကို ကူးယူခြင့္ျပဳဖို႔ တပ္မေတာ္က ေတာင္းခံေနခ်ိန္မွာပဲ၊ ဘယ္အဖြဲ႕အစည္းနဲ႔ လူပုဂၢိဳလ္ေတြကိုမွ ခြင့္မျပဳဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ၫႊန္ၾကားလိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေမခက တင္ျပပါမယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ခြင့္ျပဳခ်က္မရဘဲ ေ႐ြးေကာက္ပြဲဆိုင္ရာ စာ႐ြက္စာတမ္း၊ အမွတ္အသား အေထာက္အထားေတြကို မည္သည့္အဖြဲ႔အစည္း၊ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ကူးယူခြင့္မျပဳဖို႔ ေကာ္မရွင္အဖြဲ႔ခြဲ အဆင့္ဆင့္ကို ၫႊန္ၾကားလိုက္တာ ျဖစ္ပါတယ္။ ႐ုံးတြင္းၫႊန္ၾကားခ်က္ကို လက္ခံရရွိထားတဲ့ ရွမ္းျပည္ေျမာက္ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႈး ဦးႏွစ္ဆန္းဦးကေတာ့ ႏႈတ္နဲ႔အေၾကာင္းၾကားခဲ့တာလို႔ ဗြီအိုေအကို အတည္ျပဳပါတယ္။

"စာေတာ့ တရားဝင္မေရာက္ေသးပါဘူး။ မလိုလားအပ္တဲ့ စရင္းဇယား ရွင္းလင္းမႈေတြျဖစ္မွာစိုးလို႔နဲ႔တူတယ္၊ က်ေနာ္ထင္တာေပါ့ေနာ္... ဥပမာ ရလဒ္ မတိမ္းမယိမ္းကိစၥမို႔ ဒီဟာေတြေပးလိုက္လို႔ ျပန္ေပါင္းတခုခု error ရွိခဲ့တယ္ဆိုရင္ အေပၚကေနခြင့္မျပဳဘဲ ေပါင္း၊ ႏုတ္၊ ေျမႇာက္၊ စားလုပ္လို႔ တလဲြ အဓိပၸါယ္ေတြေကာက္ေတြ လဲြသြားရင္ တခုနဲ႔ တခု မေကာင္းဘူး ျဖစ္သြားမွာ။ အဲဒီလို အဓိပၸါယ္ေတြလည္းပါတာကိုး။ က်ေနာ္တို႔ ေအာက္ေျခက ေကာ္မရွင္ အဖဲြ႔ခဲြေတြရဲ႕ သေဘာထားနဲ႔ ေပးလိုက္တာမ်ိဳးေတြ ျဖစ္မွာစိုးလို႔ အေပၚက အဲဒီလို ထိန္းတာ။ က်ေနာ္တို႔က အေပၚကို တင္ျပၿပီး pass ေပးတယ္ဆိုရင္ေတာ့ က်ေနာ္တို႔က ေပးလိုက္ရမွာေပါ့ေလ။"

ေ႐ြးေကာက္ပြဲမွာ တပ္မေတာ္သားေတြနဲ႔ မိသားစုေတြ မဲေပးခဲ့ၾကတဲ့ ၿမိဳ႕နယ္ ၂၁၈ ခုက ေ႐ြးေကာက္ပြဲ ျဖစ္စဥ္ေတြကို ျပန္လည္စိစစ္ သုံးသပ္ေနေၾကာင္းနဲ႔ လိုအပ္တဲ့ အခ်က္အလက္ေတြအတြက္ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ မွတ္တမ္းေတြကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲေတြက ကူးယူခြင့္ျပဳဖို႔ တပ္မေတာ္က ေတာင္းခံခဲ့ၿပီးေနာက္မွာပဲ ေကာ္မရွင္ရဲ႕ ၫႊန္ၾကားခ်က္ ထြက္ေပၚလာတာပါ။

တပ္မေတာ္ကေတာ့ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ တိုင္ၾကားမႈေတြ ရွိေနတာကို ၾကားသိရေၾကာင္းနဲ႔ လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ အမ်ားျပည္သူက သံသယကင္းကင္းနဲ႔ လက္ခံႏိုင္ေအာင္ ရည္႐ြယ္ၿပီး ျပန္လည္စိစစ္သုံးသပ္ေနတာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခင္ေမာင္ဦးကေတာ့ ေကာ္မရွင္ဘက္က စာ႐ြက္စာတမ္းေတြကို ကူးယူခြင့္နဲ႔ ပတ္သတ္လို႔ လုပ္ေဆာင္မႈေတြကို ဥပေဒနည္းဥပေဒမွာ ျပဌာန္းထားၿပီးျဖစ္တာေၾကာင့္ ေကာ္မရွင္ဘက္က ဥပေဒတိုင္းေဆာင္႐ြက္ ေနတယ္လို႔ ဗြီအိုေအကိုေျပာပါတယ္။

"လိုအပ္ခ်က္ေပၚမွာ မူတည္ၿပီးေတာ့ ေပးတာေပါ့ေနာ္။ ဒါ အရင္တုန္းက ၂၀၁၅ ေရာ ေတာက္ေလွ်ာက္အစဥ္အလာတိုင္းက်ေနာ္တို႔ မဲစာရင္းကူးယူခြင့္နဲ႔ ပတ္သက္လို႔လည္း ဥပေဒေတြထဲမွာ သတ္မွတ္ခ်က္ရွိပါတယ္။ ေ႐ြးေကာက္ပြဲရလဒ္ ပုံစံ ၁၉ ေတြေတာင္းတာ၊ ပုံစံ ၁၉ (၁) ေတာင္းတာေတြ ဒါေတြလည္း သူ႔သတ္မွတ္ခ်က္ေတြရွိပါတယ္။ အဲဒါေတြ က်ေနာ္တို႔ေပးေနတာပါ။ ေပးလို႔ရတဲ့ အတိုင္း ဥပေဒ၊ နည္းဥပေဒေတြအတိုင္း တင္ျပၿပီးေပးေနပါတယ္။ ေန႔စဥ္သတင္းစာေတြမွာ UEC ကလည္း ထုတ္ျပန္ခ်က္ေတြ ထုတ္ေနပါတယ္။ တျဖည္းျဖည္းခု... တဦးခ်င္းရလဒ္ေတြထိ ဒီေန႔ဆို ပါလာၿပီေပါ့ေနာ္။ က်ေနာ္တို႔ ထုတ္ျပန္ေပးေနတယ္ေပါ့ေလ။ ထူးျခားတဲ့ဟာေတာ့ မဟုတ္ပါဘူး။ ပံုမွန္အတိုင္းပါပဲ။ က်ေနာ္တို႔ေတာ့ တင္ျပဖို႔လိုတာေပါ့ေနာ္။"

ေ႐ြးေကာက္ပြဲ မျငင္းပခင္ ရက္ပိုင္းအလိုမွာတုန္းကလည္း တပ္ေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္တိုင္ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိခဲ့တယ္ဆိုၿပီး ေဝဖန္ေျပာဆိုခဲ့တဲ့အတြက္ အစိုးရတာဝန္ရွိသူေတြနဲ႔ အျပန္အလွန္ တုံ႔ျပန္မႈေတြလည္း ထြက္ေပၚခဲ့တာပါ။

ေ႐ြးေကာက္ပြဲမွာ အမ်ားစုေနရာ အႏိုင္ရေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာထားတဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေတာ့ တပ္မေတာ္ရဲ႕ စုံစမ္းစစ္ေဆးမႈေတြဟာ ေ႐ြးေကာက္ပြဲ လြတ္လပ္မွ်တမႈကို မထိခိုက္ရင္ ကန႔္ကြက္စရာ မရွိေၾကာင္းလည္း ဗြီအိုေအကို ေျပာဆိုထားပါတယ္။

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာတဲ့ ပြင့္လင္းျမန္မာ့ေရွ႕ေဆာင္အဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္ကေတာ့ ေ႐ြးေကာက္ပြဲ ေနာက္ဆက္တြဲ အေျခအတင္ ျဖစ္စရာကိစၥေတြအေပၚ အခုလိုသုံးသပ္ပါတယ္။

"တပ္မေတာ္အေနနဲ႔ကလည္း right to information ကို သုံးခ်င္တာလားေပါ့ေနာ္။ ဒါဆိုရင္ေတာ့ ဒီအပိုင္းမွာတခ်ိန္ခ်ိန္ သူ႔တို႔ဆီကိုလည္း ေရာက္လာႏိုင္တယ္ဆိုတာ သတိျပဳဖို႔ေတာ့ လိုတာေပါ့တယ္။ UEC အေနနဲ႔က်ေတာ့ သတင္းသိပိုင္ခြင့္ဆိုတာကို ေပးလို႔ရတဲ့ အခ်က္အလက္မ်ိဳးကေတာ့ ဗဟိုကေန ခ်ဳပ္ကိုင္ထားတာမ်ိဳး မလုပ္ဘဲနဲ႔ လႊတ္ေပးသင့္တယ္။ မဲေပးတဲ့စနစ္က လ်ိဳ႕ဝွက္မဲေပးတဲ့ စနစ္ကို က်င္းသံုးတာ ျဖစ္တဲ့အတြက္ ဘယ္သူဟာ ဘယ္မဲေပးတယ္ဆိုတာ သိပိုင္ခြင့္ ဘယ္သူမွာမွ မရွိႏိုဘူးေလ။ အဲဒီေတာ့ လြတ္လပ္စြာ မဲေပးခြင့္ကိုေတာ့ ဘယ္အဖဲြ႔အစည္းကမွ မထိပါးဖို႔ေတာ့ လိုမယ္လို႔ ထင္တယ္ဗ်။"

ျပည္တြင္းျပည္ပ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေရး အဖြဲ႕ေတြေကတာ့ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္မွ်တမႈရွိေၾကာင္း သုံးသပ္ၾကပါတယ္။ ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေနေတြ မရွိဘူးဆိုၿပီး ျပည္နယ္နဲ႔ တိုင္း ၆ ခုက မဲဆႏၵနယ္ေျမတခ်ိဳ႕ကို ပယ္ဖ်က္ခဲ့တဲ့အတြက္ မဲဆႏၵရွင္ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံးရႈံးခဲ့ရတဲ့ အေပၚမွာေတာ့ ႏိုင္ငံတကာ အသိုင္းအဝန္းက စိုးရိမ္တဲ့ သေဘာထားေတြကိုလည္း ေျပာဆိုထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေ ထုတ်မပေးဖို့ UEC ညွှန်ကြား

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်က တောင်းခံနေချိန်မှာပဲ၊ ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုမှ ခွင့်မပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပါမယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသား အထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ ရုံးတွင်းညွှန်ကြားချက်ကို လက်ခံရရှိထားတဲ့ ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး ဦးနှစ်ဆန်းဦးကတော့ နှုတ်နဲ့အကြောင်းကြားခဲ့တာလို့ ဗွီအိုအေကို အတည်ပြုပါတယ်။

"စာတော့ တရားဝင်မရောက်သေးပါဘူး။ မလိုလားအပ်တဲ့ စရင်းဇယား ရှင်းလင်းမှုတွေဖြစ်မှာစိုးလို့နဲ့တူတယ်၊ ကျနော်ထင်တာပေါ့နော်... ဥပမာ ရလဒ် မတိမ်းမယိမ်းကိစ္စမို့ ဒီဟာတွေပေးလိုက်လို့ ပြန်ပေါင်းတခုခု error ရှိခဲ့တယ်ဆိုရင် အပေါ်ကနေခွင့်မပြုဘဲ ပေါင်း၊ နုတ်၊ မြှောက်၊ စားလုပ်လို့ တလွဲ အဓိပ္ပါယ်တွေကောက်တွေ လွဲသွားရင် တခုနဲ့ တခု မကောင်းဘူး ဖြစ်သွားမှာ။ အဲဒီလို အဓိပ္ပါယ်တွေလည်းပါတာကိုး။ ကျနော်တို့ အောက်ခြေက ကော်မရှင် အဖွဲ့ခွဲတွေရဲ့ သဘောထားနဲ့ ပေးလိုက်တာမျိုးတွေ ဖြစ်မှာစိုးလို့ အပေါ်က အဲဒီလို ထိန်းတာ။ ကျနော်တို့က အပေါ်ကို တင်ပြပြီး pass ပေးတယ်ဆိုရင်တော့ ကျနော်တို့က ပေးလိုက်ရမှာပေါ့လေ။"

ရွေးကောက်ပွဲမှာ တပ်မတော်သားတွေနဲ့ မိသားစုတွေ မဲပေးခဲ့ကြတဲ့ မြို့နယ် ၂၁၈ ခုက ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည်စိစစ် သုံးသပ်နေကြောင်းနဲ့ လိုအပ်တဲ့ အချက်အလက်တွေအတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ မှတ်တမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ကူးယူခွင့်ပြုဖို့ တပ်မတော်က တောင်းခံခဲ့ပြီးနောက်မှာပဲ ကော်မရှင်ရဲ့ ညွှန်ကြားချက် ထွက်ပေါ်လာတာပါ။

တပ်မတော်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်ကြားမှုတွေ ရှိနေတာကို ကြားသိရကြောင်းနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းကင်းနဲ့ လက်ခံနိုင်အောင် ရည်ရွယ်ပြီး ပြန်လည်စိစစ်သုံးသပ်နေတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကတော့ ကော်မရှင်ဘက်က စာရွက်စာတမ်းတွေကို ကူးယူခွင့်နဲ့ ပတ်သတ်လို့ လုပ်ဆောင်မှုတွေကို ဥပဒေနည်းဥပဒေမှာ ပြဌာန်းထားပြီးဖြစ်တာကြောင့် ကော်မရှင်ဘက်က ဥပဒေတိုင်းဆောင်ရွက် နေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

"လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့ ပေးတာပေါ့နော်။ ဒါ အရင်တုန်းက ၂၀၁၅ ရော တောက်လျှောက်အစဉ်အလာတိုင်းကျနော်တို့ မဲစာရင်းကူးယူခွင့်နဲ့ ပတ်သက်လို့လည်း ဥပဒေတွေထဲမှာ သတ်မှတ်ချက်ရှိပါတယ်။ ရွေးကောက်ပွဲရလဒ် ပုံစံ ၁၉ တွေတောင်းတာ၊ ပုံစံ ၁၉ (၁) တောင်းတာတွေ ဒါတွေလည်း သူ့သတ်မှတ်ချက်တွေရှိပါတယ်။ အဲဒါတွေ ကျနော်တို့ပေးနေတာပါ။ ပေးလို့ရတဲ့ အတိုင်း ဥပဒေ၊ နည်းဥပဒေတွေအတိုင်း တင်ပြပြီးပေးနေပါတယ်။ နေ့စဉ်သတင်းစာတွေမှာ UEC ကလည်း ထုတ်ပြန်ချက်တွေ ထုတ်နေပါတယ်။ တဖြည်းဖြည်းခု... တဦးချင်းရလဒ်တွေထိ ဒီနေ့ဆို ပါလာပြီပေါ့နော်။ ကျနော်တို့ ထုတ်ပြန်ပေးနေတယ်ပေါ့လေ။ ထူးခြားတဲ့ဟာတော့ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းပါပဲ။ ကျနော်တို့တော့ တင်ပြဖို့လိုတာပေါ့နော်။"

ရွေးကောက်ပွဲ မငြင်းပခင် ရက်ပိုင်းအလိုမှာတုန်းကလည်း တပ်တော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့တဲ့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ရွေးကောက်ပွဲမှာ အများစုနေရာ အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တပ်မတော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုကို မထိခိုက်ရင် ကန့်ကွက်စရာ မရှိကြောင်းလည်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်ကတော့ ရွေးကောက်ပွဲ နောက်ဆက်တွဲ အခြေအတင် ဖြစ်စရာကိစ္စတွေအပေါ် အခုလိုသုံးသပ်ပါတယ်။

"တပ်မတော်အနေနဲ့ကလည်း right to information ကို သုံးချင်တာလားပေါ့နော်။ ဒါဆိုရင်တော့ ဒီအပိုင်းမှာတချိန်ချိန် သူ့တို့ဆီကိုလည်း ရောက်လာနိုင်တယ်ဆိုတာ သတိပြုဖို့တော့ လိုတာပေါ့တယ်။ UEC အနေနဲ့ကျတော့ သတင်းသိပိုင်ခွင့်ဆိုတာကို ပေးလို့ရတဲ့ အချက်အလက်မျိုးကတော့ ဗဟိုကနေ ချုပ်ကိုင်ထားတာမျိုး မလုပ်ဘဲနဲ့ လွှတ်ပေးသင့်တယ်။ မဲပေးတဲ့စနစ်က လျို့ဝှက်မဲပေးတဲ့ စနစ်ကို ကျင်းသုံးတာ ဖြစ်တဲ့အတွက် ဘယ်သူဟာ ဘယ်မဲပေးတယ်ဆိုတာ သိပိုင်ခွင့် ဘယ်သူမှာမှ မရှိနိုဘူးလေ။ အဲဒီတော့ လွတ်လပ်စွာ မဲပေးခွင့်ကိုတော့ ဘယ်အဖွဲ့အစည်းကမှ မထိပါးဖို့တော့ လိုမယ်လို့ ထင်တယ်ဗျ။"

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကေတာ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ပြည်နယ်နဲ့ တိုင်း ၆ ခုက မဲဆန္ဒနယ်မြေတချို့ကို ပယ်ဖျက်ခဲ့တဲ့အတွက် မဲဆန္ဒရှင် ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ အပေါ်မှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG