သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ASEAN ထိပ်သီးညီလာခံ တက်ရောက်မည်မဟုတ်


မှတ်တမ်းဓာတ်ပုံ - သြစတေးလျ အာဆီယံ ထိပ်သီးစည်းဝေးပွဲ။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး။
မှတ်တမ်းဓာတ်ပုံ - သြစတေးလျ အာဆီယံ ထိပ်သီးစည်းဝေးပွဲ။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသီတင်းပတ်ကုန် စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို မတက်ရောက်နိုင်ကြောင်း အစိုးရပြောခွင့်ရ ဦးဇော်ဌေးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ၂၀၁၆ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာခဲ့ပြီးနောက်ပိုင်း အာဆီယံ ထိပ်သီးအစည်းဝေးကို ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တာလည်း ဖြစ်ပါတယ်။

စနေနေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းဝေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား မကြာသေးခင်ကမှ သမ္မတသစ် တာဝန်ယူခဲ့တဲ့ သမ္မတဦးဝင်းမြင့် တက်ရောက်မှာ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဒီထိပ်သီးအစည်းဝေး မတက်ရောက်နိုင်တဲ့ အကြောင်းရင်းကိုတော့ မပြောပါဘူး။

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့လ Sydney မှာ ကျင်းပတဲ့ အာဆီယံနဲ့ သြစတေးလျ ထိပ်သီးအစည်းဝေးတုန်းကတော့ ရိုဟင်ဂျာအရေး မြန်မာအစိုးရ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာ ခံခဲ့ရတာပါ။ မကြာသေးခင်ကပဲ ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေး ၂ ရက်ကြာခရီးစဉ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများအပြား ရှိနေတာမို့ ဒီအချိန်မှာ မြန်မာနိုင်ငံကနေ ပြည်ပခရီး မသွားရောက်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ပြည်ထောင်စုရုံး ဝန်ကြီး ဦးသောင်းထွန်း ကပြောပါတယ်

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တွေ ပါဝင်တဲ့ အာဆီယံ ဆယ်နိုင်ငံအဖွဲ့ဝင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စနေနေ့ စင်္ကာပူမှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG