သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူကုန္ကူးမႈတားဆီးေရးဥပေဒေတြ အားနည္းဆဲ (အေမရိကန္ သံရုံး)


မွတ္တမ္းဓါတ္ပံု - ၂၀၁၈ မတ္လ ၂၁ ရက္ေန႔တုန္းက ကခ်င္ျပည္နယ္မွ လူကုုန္ကူးခံရတဲ့ အမ်ိဳးသမီးတဦး

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ လူကုန္ကူးမႈတိုက္ဖ်က္ေရးလုပ္ေတြ တိုးတက္မႈရွိလာတာ မွန္ေပမဲ့ လူကုန္ကူးခံရတဲ့ ကေလးသူငယ္ေတြနဲ႔ အမ်ိဳးသမီးေတြကို ဥပေဒအရ အကာအကြယ္ေပးႏိုင္တာမွာ အားနည္းေနေသးတယ္လို႔ အေမရိကန္သံ႐ုံးက စီစဥ္တဲ့ ဒီကေန႔ အြန္လုိင္း ေဆြးေႏြးပြဲမွာ ကၽြမ္းက်င္သူေတြက ေထာက္ျပခဲ့ၾကတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပပါမယ္။

လူကုန္ကူးမႈတုိက္ဖ်က္ေရးမွာ ထိထိေရာက္ေရာက္ မလုပ္ႏုိင္ဘူးလုိ႔ အေမရိကန္က သတ္မွတ္ထားတဲ့ ျမန္မာႏုိင္ငံမွာ အေျခအေနေတြ တုိးတက္လာေစဖုိ႔ ရည္ရြယ္ၿပီး အေမရိကန္သံ႐ုံးက အြန္လုိင္းေဆြးေႏြးပဲြ က်င္းပခဲ့တာပါ။ လူကုန္ကူးမႈ တုိက္ဖ်က္ေရး လုပ္ငန္းေတြမွာ အနိမ့္ဆုံးအဆင့္မွာ ရွိေနတယ္လုိ႔ သတ္မွတ္ခံထားရတဲ့ ျမန္မာႏုိင္ငံအေနနဲ႔ အဓိကေျဖရွင္းရမယ့္ လုပ္ငန္းေတြ ရွိေနတယ္လုိ႔လည္း အေမရိကန္သံရုံ းႏုိင္ငံတကာ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရး နဲ႔ ဥပေဒစုိးမုိးေရးဌာန ညြန္ၾကားေရးမွဴး Ryan McKeanက ေျပာပါတယ္။

“ ျမန္မာအစိုးရက ေျဖရွင္းဖို႔လုပ္ရမယ္ အေၾကာင္းအရာ ႏွစ္ခုရွိပါတယ္၊ ပထမတခုက ျမန္မာႏိုင္ငံရဲ႕ ၂၀၀၅ လူကုန္ကူးမႈတိုက္ဖ်က္ေရး ဥပေဒကို ႏိုင္ငံတကာ ဥပေဒေတြနဲ႔ကိုက္ညီေအာင္ျပင္ဆင္တာမ်ိဳး ဥပမာ ကေလးသူငယ္ လူကုန္ကူးမႈမွာ က်ဴးလြန္ခံရသူက သက္ေသတင္ျပရမယ္ဆိုတဲ့ အခ်က္ကို ပယ္ဖ်က္တာမ်ိဳး။ ဒုတိယတခုက တပ္မေတာ္အေနနဲ႔ တိုက္ခိုက္ေရးဘက္မွာ အသုံးမခ်ဘူးဆိုရင္ေတာင္မွ ကေလးစစ္သား စုေဆာင္းတာမ်ိဳးကို အဆုံးသတ္ေပးဖို႔ပါ။”

လူကုန္ကူးသူေတြဟာ ကေလးသူငယ္ေတြနဲ႔ အမ်ိဳးသမီးငယ္ေတြကို အဓိက ပစ္မွတ္ထားတာ ေတြ႔ရေၾကာင္းလည္း ေဆြးေႏြးသူေတြ ေထာက္ျပၾကပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္တဲ့ လူကုန္ကူမႈအားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္းက တ႐ုတ္ႏိုင္ငံကို ဦးတည္ျဖစ္ပြားၿပီး အားလုံးနီးပါးက အတင္းအဓမၼ လက္ထပ္ထိမ္းျမားခံရတာလို႔လည္း ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ဥပေဒေရးရာအႀကံေပး ေကာ္မတီအဖြဲ႕ဝင္ အၿငိမ္းစားရဲမႉးႀကီး ခင္ေမာင္လွက ေဆြးေႏြးပဲြမွာ ေျပာဆုိသြားပါတယ္။

“ ဒီလူကုန္ကူးခံရတဲ့ ျမန္မာမိန္းကေလးေတြ တ႐ုတ္ႏိုင္ငံထဲ ဘယ္ေနရာေရာက္တယ္ လိပ္စာအတိအက်သိရင္ က်ေနာ္တို႔က အခ်ိန္မေ႐ြး ကယ္ထုတ္လို႔ ရတဲ့အဆင့္ ရွိပါတယ္။ ဒါေပမဲ့ ဒီမိန္းကေလးေတြကို ေခါင္းပုံျဖတ္ ျပစ္မႈက်ဴးလြန္သူေတြကို ေဖာ္ထုတ္၊ အေရးယူဖို႔အတြက္က်ေတာ့ က်ေနာ္တို႔မွာ အခက္အခဲရွိပါတယ္။ လူကုန္ကူးမႈ တိုက္ဖ်က္တဲ့အခ်ိန္ကစလို႔ ဒီေန႔အထိ ျပည္ပမွာေရာက္ေနတဲ့ ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ေပးႏိုင္မႈ၊ အေရးယူႏိုင္မႈ မရွိပါဘူး။ ၾကားထဲက ပြဲစားေတြကိုပဲ အျပစ္ေပးအယူႏိုင္ပါတယ္။ ျပည္ပမွာ ေရာက္ေနတဲ့ ျပစ္မႈက်ဴးလြန္သူေတြကို အေရးမယူႏိုင္တာကလည္း က်ေနာ္တို႔ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး လုပ္တဲ့အခါမွာ အဓိက စိန္ေခၚမႈတခုလို႔ က်ေနာ္တို႔ ျမင္ပါတယ္။”

လူကုန္ကူးခံရတဲ့အေျခအေနကိုသိေနေပမဲ့ ကာယကံရွင္ကိုယ္တိုင္က ထိမ္းျမားလက္ထပ္ယူတာကို လက္ခံေနတာေၾကာင့္ တားဆီးေရးေတြ မထိေရာက္ဘူးလို႔ သူကေျပာပါတယ္။

လူကုန္ကူးခံရသူေတြ ျပန္လည္ထူေထာင္ႏိုင္ဖို႔၊ ျပန္ၿပီးေပါင္းသင္းဝင္ဆံ့ႏိုင္ဖို႔အတြက္ စိန္ေခၚမႈေတြရွိတယ္လို႔ World Vision Myanmar ရဲ႕ လူကုန္ကူးတားဆီးေရး စီမံခ်က္မန္ေနဂ်ာ ေဒၚခင္မ်ိဳးသန႔္က ေျပာပါတယ္။

“တ႐ုတ္ျပည္ဘက္ကိုသြားၿပီးေတာ့ တ႐ုတ္အမ်ိဳးသမီးအျဖစ္နဲ႔ေပါ့ ေရာင္းစားခံထိတာေတြ ရွိတဲ့အတြက္ေၾကာင့္မို႔လို႔ ျပန္လာတဲ့အခါက် ကိုယ္ဝန္ေတြ ပါလာတယ္၊ တခ်ိဳ႕ဆို ေရာဂါေတြရလာတယ္၊ ဟိုဘက္မွာ ႏွိပ္စက္ညႇင္းပန္း ခံရတဲ့အတြက္ေၾကာင့္မို႔ စိတ္ဒဏ္ရာေတြ ရလာတယ္။ အဲဒါေၾကာင့္ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈျပန္ရွိလာေအာင္၊ တန္ဖိုးထားတတ္လာေအာင္ စိတ္ပိုင္းဆိုင္ရာေတြ တိုးတက္ေအာင္လုပ္ဖို႔ ေတာ္ေတာ္ေလး အခ်ိန္ယူရပါတယ္။ Counselling ေတြလုပ္ေပးတယ္၊ Psycho-social support ေတြ လုပ္ေပး႐ုံနဲ႔မရဘူးေပါ့၊ ျပန္လည္လြတ္ေျမာက္လာသူဘက္က ပူးေပါင္းပါဝင္ ေဆာင္႐ြက္ဖို႔ေတြလည္း လိုပါတယ္။ အဲဒါမွပဲက်မတို႔ေတြ သူတို႔ကို ေကာင္းေကာင္းမြန္မြန္နဲ႔ ဝင္ဆံေပါင္းစည္း ေပးႏိုင္မွာ ျဖစ္တယ္ေပါ့။”

တကမာၻလုံးမွာ ကပ္ေရာဂါျဖစ္ပြားေနတဲ့ကာလ လူကုန္ကူးမႈႏႈန္းက်ဆင္းႏိုင္တယ္လို႔ ခန႔္မွန္းေနၾကေပမဲ့ ျမန္မာႏိုင္ငံေနနဲ႔ကေတာ့ လက္ရွိအလုပ္လက္မဲ့ႏႈန္း တိုးလာတာ၊ တ႐ုတ္နဲ႔ တရားမဝင္နယ္စပ္ဝင္ေပါက္ေတြ အတားအဆီးမရွိ ျဖစ္ေနတာ၊ We Chatလို႔ေခၚတဲ့ တ႐ုတ္လူမႈကြန္ရက္ကေန လူစုေစာင္းတာေတြက လူကုန္ကူးမႈအတြက္ စိန္ေခၚမႈေတြရွိေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်တွေ တိုးတက်မှုရှိလာတာ မှန်ပေမဲ့ လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်တာမှာ အားနည်းနေသေးတယ်လို့ အမေရိကန်သံရုံးက စီစဉ်တဲ့ ဒီကနေ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြတဲ့အကြောင်း ကိုဇော်ထက် ပြောပြပါမယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ အမေရိကန်က သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာစေဖို့ ရည်ရွယ်ပြီး အမေရိကန်သံရုံးက အွန်လိုင်းဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ခံထားရတဲ့ မြန်မာနိုင်ငံအနေနဲ့ အဓိကဖြေရှင်းရမယ့် လုပ်ငန်းတွေ ရှိနေတယ်လို့လည်း အမေရိကန်သံရုံ းနိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နဲ့ ဥပဒေစိုးမိုးရေးဌာန ညွန်ကြားရေးမှူး Ryan McKeanက ပြောပါတယ်။

“ မြန်မာအစိုးရက ဖြေရှင်းဖို့လုပ်ရမယ် အကြောင်းအရာ နှစ်ခုရှိပါတယ်၊ ပထမတခုက မြန်မာနိုင်ငံရဲ့ ၂၀၀၅ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတကာ ဥပဒေတွေနဲ့ကိုက်ညီအောင်ပြင်ဆင်တာမျိုး ဥပမာ ကလေးသူငယ် လူကုန်ကူးမှုမှာ ကျူးလွန်ခံရသူက သက်သေတင်ပြရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်တာမျိုး။ ဒုတိယတခုက တပ်မတော်အနေနဲ့ တိုက်ခိုက်ရေးဘက်မှာ အသုံးမချဘူးဆိုရင်တောင်မှ ကလေးစစ်သား စုဆောင်းတာမျိုးကို အဆုံးသတ်ပေးဖို့ပါ။”

လူကုန်ကူးသူတွေဟာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးငယ်တွေကို အဓိက ပစ်မှတ်ထားတာ တွေ့ရကြောင်းလည်း ဆွေးနွေးသူတွေ ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်တဲ့ လူကုန်ကူမှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံကို ဦးတည်ဖြစ်ပွားပြီး အားလုံးနီးပါးက အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရတာလို့လည်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဥပဒေရေးရာအကြံပေး ကော်မတီအဖွဲ့ဝင် အငြိမ်းစားရဲမှူးကြီး ခင်မောင်လှက ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။

“ ဒီလူကုန်ကူးခံရတဲ့ မြန်မာမိန်းကလေးတွေ တရုတ်နိုင်ငံထဲ ဘယ်နေရာရောက်တယ် လိပ်စာအတိအကျသိရင် ကျနော်တို့က အချိန်မရွေး ကယ်ထုတ်လို့ ရတဲ့အဆင့် ရှိပါတယ်။ ဒါပေမဲ့ ဒီမိန်းကလေးတွေကို ခေါင်းပုံဖြတ် ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်၊ အရေးယူဖို့အတွက်ကျတော့ ကျနော်တို့မှာ အခက်အခဲရှိပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်တဲ့အချိန်ကစလို့ ဒီနေ့အထိ ပြည်ပမှာရောက်နေတဲ့ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ပေးနိုင်မှု၊ အရေးယူနိုင်မှု မရှိပါဘူး။ ကြားထဲက ပွဲစားတွေကိုပဲ အပြစ်ပေးအယူနိုင်ပါတယ်။ ပြည်ပမှာ ရောက်နေတဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးမယူနိုင်တာကလည်း ကျနော်တို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်တဲ့အခါမှာ အဓိက စိန်ခေါ်မှုတခုလို့ ကျနော်တို့ မြင်ပါတယ်။”

လူကုန်ကူးခံရတဲ့အခြေအနေကိုသိနေပေမဲ့ ကာယကံရှင်ကိုယ်တိုင်က ထိမ်းမြားလက်ထပ်ယူတာကို လက်ခံနေတာကြောင့် တားဆီးရေးတွေ မထိရောက်ဘူးလို့ သူကပြောပါတယ်။

လူကုန်ကူးခံရသူတွေ ပြန်လည်ထူထောင်နိုင်ဖို့၊ ပြန်ပြီးပေါင်းသင်းဝင်ဆံ့နိုင်ဖို့အတွက် စိန်ခေါ်မှုတွေရှိတယ်လို့ World Vision Myanmar ရဲ့ လူကုန်ကူးတားဆီးရေး စီမံချက်မန်နေဂျာ ဒေါ်ခင်မျိုးသန့်က ပြောပါတယ်။

“တရုတ်ပြည်ဘက်ကိုသွားပြီးတော့ တရုတ်အမျိုးသမီးအဖြစ်နဲ့ပေါ့ ရောင်းစားခံထိတာတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ပြန်လာတဲ့အခါကျ ကိုယ်ဝန်တွေ ပါလာတယ်၊ တချို့ဆို ရောဂါတွေရလာတယ်၊ ဟိုဘက်မှာ နှိပ်စက်ညှင်းပန်း ခံရတဲ့အတွက်ကြောင့်မို့ စိတ်ဒဏ်ရာတွေ ရလာတယ်။ အဲဒါကြောင့် သူတို့ကိုယ်သူတို့ ယုံကြည်မှုပြန်ရှိလာအောင်၊ တန်ဖိုးထားတတ်လာအောင် စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်အောင်လုပ်ဖို့ တော်တော်လေး အချိန်ယူရပါတယ်။ Counselling တွေလုပ်ပေးတယ်၊ Psycho-social support တွေ လုပ်ပေးရုံနဲ့မရဘူးပေါ့၊ ပြန်လည်လွတ်မြောက်လာသူဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့တွေလည်း လိုပါတယ်။ အဲဒါမှပဲကျမတို့တွေ သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ ဝင်ဆံပေါင်းစည်း ပေးနိုင်မှာ ဖြစ်တယ်ပေါ့။”

တကမ္ဘာလုံးမှာ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလ လူကုန်ကူးမှုနှုန်းကျဆင်းနိုင်တယ်လို့ ခန့်မှန်းနေကြပေမဲ့ မြန်မာနိုင်ငံနေနဲ့ကတော့ လက်ရှိအလုပ်လက်မဲ့နှုန်း တိုးလာတာ၊ တရုတ်နဲ့ တရားမဝင်နယ်စပ်ဝင်ပေါက်တွေ အတားအဆီးမရှိ ဖြစ်နေတာ၊ We Chatလို့ခေါ်တဲ့ တရုတ်လူမှုကွန်ရက်ကနေ လူစုစောင်းတာတွေက လူကုန်ကူးမှုအတွက် စိန်ခေါ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG