သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၉,၀၀၀ ကျော် လွတ်ငြိမ်းခွင့် စစ်ကောင်စီ ကြေညာ


မနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အင်းစိန်အကျဥ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန််လွတ်လာသူများနဲ့ ကြိုဆိုနေကြတဲ့ မိသားစု မိတ်ဆွေများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃)
မနှစ် ဇန်နဝါရီလ ၄ ရက်နေ့က အင်းစိန်အကျဥ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန််လွတ်လာသူများနဲ့ ကြိုဆိုနေကြတဲ့ မိသားစု မိတ်ဆွေများ။ (ဇန်နဝါရီ ၄၊ ၂၀၂၃)

ဒီကနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၉,၇၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၉,၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံခြားသားအကျဉ်းသား ၁၁၄ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

လွတ်ငြိမ်းခွင့်ပြုတဲ့အကျဉ်းသားတွေကို "နောက်တကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်" ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာပါ။ အခုပြန်လွှတ်မယ့်အထဲ နိုင်ငံရေးပုဒ်မတွေနဲ့ကျခံနေရတဲ့ အကျဉ်းသားတွေ ပါ မပါတော့ မသိရှိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ အကျဉ်းသား ၂၅,၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၅,၈၀၀ နီးပါး ပြန်လွှတ်လာခဲ့ပါတယ်။ အကျဉ်းသားတွေ လွတ်မြောက်လာမယ့် နောက်ဆုံးရ အချက်အလက်တွေကို ထပ်မံတင်ပြပေးသွားပါမယ်။

XS
SM
MD
LG