သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးနဲ့ လုံခြုံရေးကောင်စီ


 ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် နိုင်ငံတွေများတံခါးပိတ်ဆွေးနွေးစဉ်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် နိုင်ငံတွေများတံခါးပိတ်ဆွေးနွေးစဉ်

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတန်းကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတန်း အဖွဲ့ဝင် နိုင်ငံတွေက ရခိုင်အရေးရေရှည်အဖြေရှာဖို့တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး၊ တံခါးပိတ်အလွတ်သဘောဆွေးနွေးခဲ့တာသာဖြစ်ပြီး၊ တရားဝင် ဆုံးဖြတ်ချက် ထုတ်ပြန်ခြင်းမရှိကြောင်း၊ မြန်မာအဖွဲ့ရုံးအနေနဲ့၊ လုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင်၊ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လက်တွေ ကိုသက်ဆိုင်သူတွေထံဖြန့်ဝေခဲ့ပြီးဖြစ်ကြောင်း VOA ကိုပြောပါတယ်။ ကုသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးရဲ့ သဘောသဘာဝနဲ့ ပတ်သက်လို့ မြန်မာအမြဲတန်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလိုစပြောပါတယ်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ဒီလုံခြုံရေးကောင်စီရဲ့ အစည်းအဝေး သဘောသဘာဝအရက ပုံမှန်အစည်းအဝေးတွေရှိပါတယ်ခင်ဗျ။ ချမှတ်ထားတဲ့ Agenda အစည်းအဝေးတွေလည်းရှိတယ်။ အဲဒီအစည်းအဝေးတွေအောက်မှာ သူတို့က Any other Business ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာလိုဆိုရင်တော့ အထွေထွေပိုင်းမှာ အဖွဲ့ဝင်နိုင်ငံ က စိတ်ဝင်စားလို့ ကိစ္စရပ်တခုခုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင် ဒီအစီအစဉ်ကိုထည့်တာပေါ့။ ထည့်တဲ့အခါမှာ အဓိကအားဖြင့်တော့ ကျနော်တို့ အခုဖြစ်တဲ့ကိစ္စက ၃၀ ရက်နေ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဒီမြန်မာနိုင်ငံမှာ အခုနောက်ဆုံးဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂဌာနချုပ်ကနေပြီးတော့ တာဝန်ရှိတဲ့ဌာနကနေပြီးတော့ လာရောက်ရှင်းလင်းပြောကြားပေးဖို့ဆိုတဲ့ ဟာကို ဗြိတိသျှသံအမတ်ကြီးကနေပြီးတော့ မေတ္တာရပ်ခံတာပေါ့။

အဲဒီတော့ ကုလသမဂ္ဂ Department of Political affairs က တာဝန်ရှိတဲ့ လက်ထောက်အတွင်းရေးမှူးချုပ်ကနေပြီးတော့ လာပြီးရှင်းပြတယ်။ ခါတိုင်းလည်း ဒီလိုလုပ်ပါတယ် ရှိတတ်ပါတယ်။ ရှင်းပြပြီးတဲ့အခါကျတော့ သူတို့ဆွေးနွေးကြတာပေါ့။ အမှန်ကတော့ ဒါက Informal Section Close door ဖြစ်တယ်။ လုံခြုံရေးကောင်စီရဲ့ လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးပြီးတဲ့အခါမှာ အပြင်မှာ တရားဝင်ထုတ်ပြန်တာလည်းမရှိဘူး။ ဆုံးဖြတ်ချက် Decision လုပ်တာတွေလည်းမရှိဘူး။

ဒေါ်ခင်စိုးဝင်း။ ။ မြန်မာနိုင်ငံကတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တော့မဟုတ်ဘူးပေါ့။ မြန်မာ့အရေးနဲ့ ပတ်သက်တယ်ဆိုပြီးဆွေးနွေးတဲ့နေရာမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ကိုရော ဖိတ်ကြားတာမရှိဘူးလားရှင့်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။မဖိတ်ပါဘူးခင်ဗျ Closed door ဖြစ်တဲ့အတွက် မဖိတ်ပါဘူး။ နောက်ပြီးတော့ သူက Formal agenda လည်းမဟုတ်တဲ့အခါကျတော့ မဖိတ်ပါဘူး။ တကယ်လို့Formal agenda ပေါ့ agenda ထဲမှာ ရှိတဲ့ဟာတခုဆိုရင်တော့ သူတို့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ပြောဖို့အတွက် ပြောဟာတွေရှိပါတယ်။ ဆိုတော့ သူက Formal section မဟုတ်ဘူးခင်ဗျ ။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ပါ ဆိုတော့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေကနေပြီးတော့ အလွတ်သဘောတိုက်တွန်းတဲ့သဘောပေါ့နော် ဒါနဲ့ ပတ်သက်လို့ရော မြန်မာအစိုးရဘက်ကနေ ဘယ်လိုများ တုံ့ပြန်ဖို့ စီစဉ်ထားပါသလဲ။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။ကျနော်တို့ လောလောဆယ်အခြေအနေမှာတော့ တရားဝင် ဘာမှ ထုတ်ပြန်ထားတာ ၊ သူတို့ဘက်ကပေါနော်။ ဆိုလိုတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီဟာကို တရားဝင်ထုတ်ပြန်တာမဟုတ်ပဲနဲ့ သူတို့ဆွေးနွေးပြီးတော့ ဒီကိစ္စအပေါ်မှာ သူတို့ သဘောထားကို ပြောကြတဲ့အပေါ် ဆွေးနွေးကြတဲ့ အခြေအနေပဲရှိပါတယ်။ ကျနော်တို့ကတော့ သူတို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ဒီအစည်းအဝေးမတိုင်ခင်မှာပဲ ကျနော်တို့က ကြိုတင်ပြီးတော့ လိုအပ်တဲ့စာရွက်စာတန်းတွေ ၊ အချက်အလက်တွေကို ပံ့ပိုးပေးထားတာတွေရှိပါတယ်။ ကျနော်တို့ နောက်ဆုံးဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တကယ့်ဖြစ်ရပ်မှန်တွေ အစွန်းရောက်အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလိုဖြစ်သွားတဲ့အခြေအနေတွေ။ဆိုတော့ ကျနော်တို့က အကြမ်းဖက်မှုကို နိုင်ငံတနိုင်ငံအနေနဲ့က ကျနော်တို့ အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်အတွင်းကနေ ကျနောတို့က ပြတ်ပြတ်သားသား ခြေမှုန်းရမယ့်တာဝန်ကျနော်တို့မှာ ရှိတယ်။ လုပ်ပိုင်ခွင့်လည်းရှိတာပေါ့နော်။

တချိန်တည်းမှာပဲ သူတို့ တိုက်တွန်းကြတဲ့ အားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပါဆိုတဲ့ဟာလည်း ကျနော်တို့ အားလုံးကို ညွှန်ကြားထားတာဖြစ်တယ်။ ဒါတွေကိုကျနော်တို့ လုံခြုံရေးအဖွဲ့အစည်းတွေလည်း ဒီလိုပဲ လုပ်သွားမှာပဲ။ ကျနော်တို့က ဒါတွေကို သူတို့နားလည်အောင်ပြောပြတယ် ကျနောတို့ရဲ့ အချုပ်အခြာအာဏာ ထိပါးလာတဲ့ကိစ္စကို ကျနော်တို့ လုံခြုံရေးအရ လုပ်စရာရှိတာကို ကျနော်တို့လုပ်မယ်။ တဖက်ကလည်း အပြစ်မဲ့ပြည်သူတွေ ခံစားနေရတာ အခုဆိုရင် တိုင်းရင်းသားတွေအများကြီးဒုက္ခရောက်နေတာ ဒါတွေကို မီဒီယာတွေက တိုင်းရင်းသားပြည်သူတွေ အကြမ်းဖက်မှု ဒဏ်ကို ခံနေရတာတွေကို ဖော်ပြခြင်းက အင်မတန် နည်းတယ်။ တဖက်သတ်ပဲဖော်ပြနေတာတွေရှိတယ် ဒီဟာတွေကိုကျနော်တို့သိအောင် အချက်အလက်တွေနဲ့ ကျနော်တို့ ပံ့ပိုးနေတာရှိပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် ၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါမှာ ဒီကိစ္စကိုလည်း ထည့်ပြောဖို့ရှိမှာပေါ့နော်။

သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ ။အခုနိုင်ငံအတွက်အရေးကြီးတဲ့ ကိစ္စတွေကတော့ ဘယ်သူပဲလာလာ၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာလာတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကတော့ ဒါကိုပြောရဆိုရမှာပေါ့နော် နောက်ပြီးတော့ တိုင်းပြည်အတွက်အရေးကြီးတဲ့ ကိစ္စတွေအကုန်လုံးကတော့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မိန့်ခွန်း ပြောတဲ့အခါမှာတော့ ထည့်ပြောရမယ်။ ကျန်တဲ့ အခါအခွင့်သင့်တဲ့နေရာမှာလည်း ပြောရမယ့်အခြေအနေတော့ရှိပါတယ်။”

ရခိုင်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးနဲ့ ပတ်သက်လို့ ဒေါ်ခင်စိုးဝင်းက နယူးယောက်မြို့ ကုသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံး၊က သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကိုဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရခိုင်အရေးနဲ့ လုံခြုံရေးကောင်စီ
please wait

No media source currently available

0:00 0:04:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG