သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာအသင့်ရှိနေ


မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာထွက်ပြေးသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူညီချက်များအရ ဥပဒေနဲ့အညီ ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ နေရာစွန့်ခွာသူများ ပြန်လည်လက်ခံရေး စိစစ်တဲ့အပိုင်းတွေမှာ လက်ခံရေးစခန်းအသစ်တွေတည်ဆောက်ထားပြီဖြစ်ပြီး အရင်လိုကြန့်ကြာနေတော့မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို နှစ်နိုင်ငံ သဘောတူညီချက်များအရ ဥပဒေနဲ့အညီပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီ လို့လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးက VOAကိုပြောပါတယ်။

“မနေချင်လို့ ထွက်သွားတာတော့ မဟုတ်ဘူး သူတို့ထွက်သွားကြတာ အကြောင်းအမျိုးမျိုးရှိတယ်ပေါ့နော်။ ဒါပေမယ့် ဘယ်လိုကြောင့်ပဲထွက်ထွက် ဒီမှာ နေသွားတဲ့လူကို ကျနော်တို့ ပြန်လက်ခံမယ် ဒါပဲ အဲဒီပုံစံပဲ ကျနော်တို့ ချက်ချင်းဆောင်ရွက်မယ်။ ပြန်ပြီးတော့ ချက်ချင်းကြေညာလိုက်တယ် ပြန်လက်ခံမယ်ဆိုတာ နောက်ပြီးတော့ ပြန်လက်ခံဖို့လည်း စီစဉ်ဆောင်ရွက်နေတယ်။”

နိုင်ငံပြင်ပထွက်သွားသူတွေကို ပြန်လက်ခံရာမှာတော့တောင်ပြိုလက်ဝဲနဲ့ငခူရကျေးရွာတွေမှာ လက်ခံရေးစခန်းတွေမှာတည်ဆောက်ပီးပီဖြစ်ပါတယ်။ပြန်လက်ခံစီစစ်ရာမှာလည်း အရင်လိုလက်ခံရေးစခန်းတွေမှာ ကြန့်ကြာနေမှာမဟုတ်ဘဲ အလွန်ဆုံး၂ရက်ဘဲနေရမှာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။

“အဲဒီက လက်ခံတယ်ဆိုတာက ၁ ရက်သို့မဟုတ် လက်ခံရေးစခန်းမှာ ၁ ရက်ပဲ ကြာမယ်။ အလွန်ဆုံး ၂ ရက်ပဲ ကြာမယ်။ ဒါစိစစ်တဲ့ဟာပေါ့။ စိစစ်ပြီးတာနဲ့ သူတို့ဟာ သူတို့ရွာမှာ အိမ်ရှိရင် အဲဒီအိမ်ကို တိုက်ရိုက်ပြန်သွားမယ်။ အိမ်မရှိသေးဘူးဆိုရင်လည်း သူတို့ဆောက်လုပ်ရေးတွေလည်း ပြန်စနေပြီဆိုတော့ အိမ်ဖြစ်ပေါ်လာမယ်ပေါ့နော်။ အဲဒီအိမ်မှာနေမယ်။ မဖြစ်ခင်ကြားမှာ ကြားစခန်းဆိုတာလေးတခုရှိတယ်။ ၂၀၁၂ လို camp တွေလိုကြာသွားမယ့် နေရာလိုမျိုးမဟုတ်ဘူး။ ခဏပဲ နေရမယ့်နေရာရှိမယ်။”

ပြန်လည်လက်ခံရာမှာလည်း ၁၉၉၂ ၊၁၉၉၃ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီထားတဲ့ မူတွေနဲ့အညီပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးကတော့ ပြန်လက်ခံတဲ့ အပိုင်းမှာ ခက်ခဲတင်းကြပ်တဲ့ မူတွေချမှတ်ထားတာမရှိဖူးလို့ပြောပါတယ်။

“၁၉၉၂ ၊၁၉၉၃ခုနှစ်က မူတွေပေါ်မှာပဲ အခြေခံတာပဲ ။ အခြေခံတာကတော့ ထူးထူးဆန်းဆန်းကြီးတွေတော့မဟုတ်ဘူး ။ အဲဒီအပေါ်မှာပဲ အခြေခံတယ် ဒါပေမယ့် သိပ်ပြီး ခက်ခက်ခဲခဲကြီးတွေ မရှိဘူး။ ပြန်ပြီးတော့လက်ခံ ဖို့အတွက် ခက်ခဲတဲ့ မူတွေချမှတ်ထားတာမရှိဘူး။ တင်းကျပ်တဲ့မူတွေလည်းမပါဘူး။”

ဒီကနေ့မှာတော့ ဘင်္ဂလားဒေရှ့်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဘူလ်ဟတ်ဆန် မာမွတ်အလီနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တို့က ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ဒုက္ခသည်အရေးနဲ့ပက်သက်ပီး နှစ်နိုင်ငံသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG