သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီဇိုရမ္ေရာက္ ျမန္မာကေလးငယ္ေတြ ေက်ာင္းတက္ခြင့္ရ


အိႏၵိယႏုိင္ငံ မီဇုိရမ္ျပည္နယ္ထဲ ထြက္ေျပးခုိလႈံခဲ့တဲ့ ျမန္မာဒုကၡသည္အခ်ဳိ႕။ (မတ္ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း အိႏၵိယႏိုင္ငံဘက္ကို ထြက္ေျပးခိုလႈံသူေတြထဲက မီဇိုရမ္ျပည္နယ္ေရာက္ ျမန္မာကေလးငယ္ေပါင္း ၄၀၀ နီးပါးကို ေက်ာင္းတက္ခြင့္ ေပးလိုက္ေၾကာင္း မီဇိုရမ္ျပည္နယ္ ပညာေရးဝန္ႀကီး Lalchhandama Ralte ရဲ႕ ေျပာၾကားခ်က္ကို အိႏၵိယက Deccan Herald သတင္းမွာ ေဖာ္ျပထားပါတယ္။

မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပးခိုလႈံေနတဲ့ NLD ပါတီက လႊတ္ေတာ္အမတ္ ၁၀ ဦးက ျပည္နယ္ပညာေရးဝန္ႀကီးကို အိုက္ေဇာၿမိဳ႕မွာ ေတြ႔ဆံုၿပီး ပန္ၾကားခဲ့တဲ့ေနာက္ အခုလို ခြင့္ျပဳလိုက္တာလို႔ ေဖာ္ျပထားပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္တဦးနဲ႔ လႊတ္ေတာ္အမတ္အေယာက္ ၂၀ အပါအဝင္ မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပးခိုလႈံတဲ့ ျမန္မာႏိုင္ငံသားက ၉,၄၀၀ ေက်ာ္ရွိေနတာပါ။ ဒီအထဲက ေက်ာင္းသားအရြယ္ ကေလးငယ္ေတြဟာ အစိုးရေက်ာင္းေတြမွာျဖစ္ေစ ပုဂၢလိကေက်ာင္းေတြမွာျဖစ္ေစ ပညာသင္ယူႏိုင္တယ္လို႔ ပညာေရးဝန္ႀကီး Ralte က ေျပာပါတယ္။ ဒါဟာ ၂၀၀၉ ခုႏွစ္ က ျပ႒ာန္းခဲ့တဲ့ RET လို႔ေခၚတဲ့ အသက္ ၆ ႏွစ္ကေန ၁၄ ႏွစ္အတြင္း ကေလးငယ္ေတြအတြက္ ဘယ္ႏိုင္ငံသားျဖစ္ျဖစ္ မသင္မေနရ၊ အခမဲ့ ပညာေရးဥပေဒအရ ပညာသင္ခြင့္ ျပဳလိုက္တာလို႔လည္း ေျပာပါတယ္။

သူတို႔ကို ဒုကၡသည္ေတြအျဖစ္ အသိအမွတ္ျပဳမထားေပမယ့္ လူသားခ်င္းစာနာမႈဆိုင္ရာ အရ ဒီဥပေဒနဲ႔အညီ အခုလို ခြင့္ေပးတာျဖစ္ေၾကာင္းလည္း ပညာေရးဝန္ႀကီး Ralte က ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္ထဲမွာ COVID-19 ကူးစက္မႈ ရာနဲ႔ခ်ီရွိေနေသးေပမယ့္ ေရာဂါကူးစက္မႈမရွိတဲ့ ေဒသေတြမွာ ေက်ာင္းေတြျပန္ဖြင့္ဖို႔ ျပည္နယ္က ဆံုးျဖတ္ထားတာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မီဇိုရမ်ရောက် မြန်မာကလေးငယ်တွေ ကျောင်းတက်ခွင့်ရ

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသူတွေထဲက မီဇိုရမ်ပြည်နယ်ရောက် မြန်မာကလေးငယ်ပေါင်း ၄၀၀ နီးပါးကို ကျောင်းတက်ခွင့် ပေးလိုက်ကြောင်း မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Lalchhandama Ralte ရဲ့ ပြောကြားချက်ကို အိန္ဒိယက Deccan Herald သတင်းမှာ ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံနေတဲ့ NLD ပါတီက လွှတ်တော်အမတ် ၁၀ ဦးက ပြည်နယ်ပညာရေးဝန်ကြီးကို အိုက်ဇောမြို့မှာ တွေ့ဆုံပြီး ပန်ကြားခဲ့တဲ့နောက် အခုလို ခွင့်ပြုလိုက်တာလို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်နယ်ဝန်ကြီးချုပ်တဦးနဲ့ လွှတ်တော်အမတ်အယောက် ၂၀ အပါအဝင် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံတဲ့ မြန်မာနိုင်ငံသားက ၉,၄၀၀ ကျော်ရှိနေတာပါ။ ဒီအထဲက ကျောင်းသားအရွယ် ကလေးငယ်တွေဟာ အစိုးရကျောင်းတွေမှာဖြစ်စေ ပုဂ္ဂလိကကျောင်းတွေမှာဖြစ်စေ ပညာသင်ယူနိုင်တယ်လို့ ပညာရေးဝန်ကြီး Ralte က ပြောပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် က ပြဋ္ဌာန်းခဲ့တဲ့ RET လို့ခေါ်တဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးငယ်တွေအတွက် ဘယ်နိုင်ငံသားဖြစ်ဖြစ် မသင်မနေရ၊ အခမဲ့ ပညာရေးဥပဒေအရ ပညာသင်ခွင့် ပြုလိုက်တာလို့လည်း ပြောပါတယ်။

သူတို့ကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုမထားပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အရ ဒီဥပဒေနဲ့အညီ အခုလို ခွင့်ပေးတာဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီး Ralte က ပြောပါတယ်။
မီဇိုရမ်ပြည်နယ်ထဲမှာ COVID-19 ကူးစက်မှု ရာနဲ့ချီရှိနေသေးပေမယ့် ရောဂါကူးစက်မှုမရှိတဲ့ ဒေသတွေမှာ ကျောင်းတွေပြန်ဖွင့်ဖို့ ပြည်နယ်က ဆုံးဖြတ်ထားတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG