သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင့်ပဋိပက္ခလူသားချင်းစာနာမှု အလှူရှင်ညီလာခံ ဂျာနီဗာမှာကျင်းပဖို့ စီစဥိ


အချိန်ကာလ ၅ပတ်မပြည့်ခင်မှာပဲ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက် ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ၅သိန်းကျော်သွားပြီလို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီး Filippo Grandi နဲ့ လူသားချင်းစာနာမှုအရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ရဲ့လက်ထောက် အတွင်းရေး မှုးချုပ် Mark Lowcockတို့ ပူးတွဲထုတ်ပြန်တဲ့ မနေ့ကကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အခုဖြစ်နေတဲ့ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ ကမ္ဘာမှာအမြန်ဆုံးကြီးထွားလာနေတဲ့ဒုက္ခသည်ဆိုင်ရာအကျပ်အတည်းဖြစ်ပြီး လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ်ပြဿနာတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဒေသခံကူညီရေးအဖွဲ့တွေ၊ စေ တနာ့ ဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေပူးပေါင်းပြီး ကူညီဆောင်ရွက်မှုတွေမရပ်မနားလုပ်ဆောင်နေကြတယ် ဆိုပေမဲ့လည်း အရေးပေါ်လိုအပ်မှုတွေကအများကြီးရှိနေတုန်းပဲလို့ ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။

ဒုက္ခသည် တွေအတွက်အခြေခံကျတဲ့ နေထိုင်ရေးကိစ္စတွေကို အသေအချာထောက်ပံ့ပေးနိုင်ဖို့နဲ့ သူတို့ကိုအကာအကွယ်ပေးနိုင်ဖို့ အရေးဆောင်ရွက်ပေးမှုတွေကို တိုးမြှင့်ပြီးလုပ်မှဖြစ်လိမ့်မယ်လို့လည်းဆိုပါတယ်။

ဒီဒုက္ခသည်တွေက အစားအစာ၊ ရေ၊ ကျန်းမာရေးနဲ့ တခြားမရှိမဖြစ်လိုအပ်တာတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပဲအပြည့်အ၀ မှီခိုနေကြရ တယ်လို့ လည်း ပူးတွဲကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။ ဆက်ပြီးထွက်ပြေးလာနေကြတဲ့ ဒုက္ခသည်တွေအတွက်လုံ ခြုံရေးနဲ့အနေအထိုင်တွေရနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း နယ်စပ်တွေကိုဆက်ပြီးဖွင့်ပေးထားတယ်လို့ဆိုပါ တယ်။

ရိုဟင်ဂျာတွေ အုံနဲ့ကျင်းနဲ့ထွက်ပြေးနေတဲ့ကိစ္စရပ်တန့်သွားရေးငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်မယ့်ဆောင်ရွက်မှု တွေကိုလုပ်ဆောင်ပေးကြဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကိုလည်းတိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG