သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသေဘၤာသားမ်ား သေဘၤာအတက္အဆင္း ေကာ့ေသာင္းဆိပ္ကမ္းမွာ စီစဥ္ေပး​ေန


(ဓာတ္ပံု - FED - ဇြန္ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာလမွာ တာ၀န္အလႊဲအေျပာင္းလုပ္ဖုိ႔ အခက္ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံက ပင္လယ္ကူးသေဘၤာသားေတြကုိ ေကာ့ေသာင္းဆိပ္ကမ္းကေနတဆင့္ လဲလွယ္ေပးေနတဲ့အေၾကာင္းကုိ ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

စာခ်ဳပ္သက္တမ္းျပည့္ သေဘၤာသားေတြနဲ႔ သေဘၤာျပန္တက္မယ့္သူေတြ အလဲအလွယ္လုပ္တဲ့ေနရာမွာ အရင္က ရန္ကုန္ဆိပ္ကမ္းနဲ႔ ေလဆိပ္ကေနတဆင့္ တျခားႏုိင္ငံေတြဆီသြားေရာက္တာကေန အခုလို ကပ္ေရာဂါကာလမွာေတာ့ အရင္လမ္းေၾကာင္းအတုိင္းသြားဖို႔က အခက္အခဲရွိေနပါတယ္။

ဒီလုိအခက္အခဲ ရွိေနသူေတြကုိ အခုအခါ ေကာ့ေသာင္းဆိပ္ကမ္းကေန တာ၀န္လဲလွယ္ႏုိင္ေအာင္ စီစဥ္ေပးေနတယ္လုိ႔ ေရေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးခ်မ္းေျမ႕က VOA ကိုေျပာပါတယ္။

“ဒါကေတာ့ အခုလက္ရွိ ေလယာဥ္ခရီးစဥ္ေတြ မရွိတဲ့အတြက္ လုပ္ေပးၾကတဲ့အေနအထားပါ။ တကယ္တမ္းသာ က်ေနာ္တို႔က ေလဆိပ္ေတြျပန္ဖြင့္ေပးႏုိင္တဲ့ အေျခအေနေရာက္ရင္ေတာ့ ႏုိင္ငံျခားကေန ဆင္းရမယ့္လူေတြက ဒီေလေၾကာင္းလိုင္းေတြကေန Transit နဲ႔ ျပန္လာၾကမွာေပါ့ေနာ္။ လက္ရွိမွာေတာ့ ေလဆိပ္က မဖြင့္ႏုိင္ေသးတဲ့အခါက်ေတာ့ အဲဒီအခက္အခဲ က်ေနာ္တို႔ျဖစ္ေနတာေပါ့ သေဘၤာသားေတြအတြက္။”

ေကာ့ေသာင္းဆိပ္ကမ္းကေန တာ၀န္လဲလွယ္သူအေရအတြက္ဟာ ဇူလိုင္ပထမပတ္ထိဆုိရင္ ၂၀၀ ဝန္းက်င္ ရွိေနၿပီလုိ႔လည္း တာ၀န္ရိွသူတြက ေျပာပါတယ္။ ျပန္ေရာက္တဲ့ သေဘၤာသားေတြကုိေတာ့ ေကာ့ေသာင္းၿမိဳ႕က ဟုိတယ္မွာ သီးျခားခဲြေစာင့္ၾကည့္ၿပီး ဓာတ္ခြဲနမူနာရယူ စစ္ေဆးတယ္လို႔လည္း သေဘၤာသားဌာနခြဲ ညႊန္ၾကားေရးမွဴး ဦးဟိန္းထက္စုိးက ေျပာပါတယ္။

“ေကာ့ေသာင္းဆိပ္ကမ္းက်ေတာ့ သြားရလာရတာနီးလို႔ေပါ့ေနာ္။ ပံုမွန္အားျဖင့္ေတာ့ ရန္ကုန္ဆိပ္ကမ္းဆုိလို႔ရွိရင္ ရန္ကုန္လာတဲ့သေဘၤာပဲ အဓိက Crew Change လုပ္လို႔လြယ္တာေပါ့ေနာ္။ ဒီပံုမွန္လမ္းေၾကာင္းကေနၿပီးေတာ့ ေသြဖယ္ၿပီး လာဖို႔က်ေတာ့ ေကာ့ေသာင္းက်ေတာ့ အနီးဆံုးျဖစ္တာေပါ့။ အဲဒါေၾကာင့္ သေဘၤာေတြက သူကအနီးဆံုးေနရာမွာ စီစဥ္ၿပီးေတာ့ လဲၾကတာပါခင္ဗ်။”

ပံုမွန္ပ်ံသန္းေနတဲ့ ျပည္ပေလေၾကာင္းလုိင္း မရွိေသးတဲ့အတြက္ စာခ်ဳပ္သက္တမ္းျပည့္ေပမဲ့လည္း ျပန္မလာႏုိင္ေသးတဲ့ သေဘၤာသားအေရအတြက္က ၅,၀၀၀ ဝန္းက်င္မွာ ရွိေနတာပါ။ ၿပီးခဲ့တဲ့ ဇြန္လတုန္းက ကယ္ဆယ္ေရးေလယာဥ္နဲ႔ စင္းလံုးငွားေလယာဥ္တို႔အျပင္ ေကာ့ေသာင္းဆိပ္ကမ္းကေနတဆင့္ သေဘၤာျပန္တက္သူဦးေရကေတာ့ ၄၀၀ ေက်ာ္အထိရွိပါတယ္။

ႏုိင္ငံတကာေလေၾကာင္းလုိင္းေတြ ပိတ္ထားခ်ိန္ အစုိးရရဲ႕ အကူအညီနဲ႔ ျပန္ေခၚႏုိင္ခဲ့တဲ့ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားဦးေရကေတာ့ ၆,၈၁၈ ဦး ရွိတယ္လုိ႔လည္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာသင်္ဘောသားများ သင်္ဘောအတက်အဆင်း ကော့သောင်းဆိပ်ကမ်းမှာ စီစဉ်ပေးနေ

ကိုဗစ်ကာလမှာ တာဝန်အလွှဲအပြောင်းလုပ်ဖို့ အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေကို ကော့သောင်းဆိပ်ကမ်းကနေတဆင့် လဲလှယ်ပေးနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

စာချုပ်သက်တမ်းပြည့် သင်္ဘောသားတွေနဲ့ သင်္ဘောပြန်တက်မယ့်သူတွေ အလဲအလှယ်လုပ်တဲ့နေရာမှာ အရင်က ရန်ကုန်ဆိပ်ကမ်းနဲ့ လေဆိပ်ကနေတဆင့် တခြားနိုင်ငံတွေဆီသွားရောက်တာကနေ အခုလို ကပ်ရောဂါကာလမှာတော့ အရင်လမ်းကြောင်းအတိုင်းသွားဖို့က အခက်အခဲရှိနေပါတယ်။

ဒီလိုအခက်အခဲ ရှိနေသူတွေကို အခုအခါ ကော့သောင်းဆိပ်ကမ်းကနေ တာဝန်လဲလှယ်နိုင်အောင် စီစဉ်ပေးနေတယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က VOA ကိုပြောပါတယ်။

“ဒါကတော့ အခုလက်ရှိ လေယာဉ်ခရီးစဉ်တွေ မရှိတဲ့အတွက် လုပ်ပေးကြတဲ့အနေအထားပါ။ တကယ်တမ်းသာ ကျနော်တို့က လေဆိပ်တွေပြန်ဖွင့်ပေးနိုင်တဲ့ အခြေအနေရောက်ရင်တော့ နိုင်ငံခြားကနေ ဆင်းရမယ့်လူတွေက ဒီလေကြောင်းလိုင်းတွေကနေ Transit နဲ့ ပြန်လာကြမှာပေါ့နော်။ လက်ရှိမှာတော့ လေဆိပ်က မဖွင့်နိုင်သေးတဲ့အခါကျတော့ အဲဒီအခက်အခဲ ကျနော်တို့ဖြစ်နေတာပေါ့ သင်္ဘောသားတွေအတွက်။”

ကော့သောင်းဆိပ်ကမ်းကနေတာဝန် လဲလှယ်သူအရေအတွက်ဟာ ဇူလိုင်ပထမပတ်ထိဆိုရင် ၂၀၀ ဝန်းကျင် ရှိနေပြီလို့လည်း တာဝန်ရှိသူတွက ပြောပါတယ်။ ပြန်ရောက်တဲ့ သင်္ဘောသားတွေကိုတော့ ကော့သောင်းမြို့က ဟိုတယ်မှာ သီးခြားခွဲစောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးတယ်လို့လည်း သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက ပြောပါတယ်။

“ကော့သောင်းဆိပ်ကမ်းကျတော့ သွားရလာရတာနီးလို့ပေါ့နော်။ ပုံမှန်အားဖြင့်တော့ ရန်ကုန်ဆိပ်ကမ်းဆိုလို့ရှိရင် ရန်ကုန်လာတဲ့သင်္ဘောပဲ အဓိက Crew Change လုပ်လို့လွယ်တာပေါ့နော်။ ဒီပုံမှန်လမ်းကြောင်းကနေပြီးတော့ သွေဖယ်ပြီး လာဖို့ကျတော့ ကော့သောင်းကျတော့ အနီးဆုံးဖြစ်တာပေါ့။ အဲဒါကြောင့် သင်္ဘောတွေက သူကအနီးဆုံးနေရာမှာ စီစဉ်ပြီးတော့ လဲကြတာပါခင်ဗျ။”

ပုံမှန်ပျံသန်းနေတဲ့ ပြည်ပလေကြောင်းလိုင်း မရှိသေးတဲ့အတွက် စာချုပ်သက်တမ်းပြည့်ပေမဲ့လည်း ပြန်မလာနိုင်သေးတဲ့ သင်္ဘောသားအရေအတွက်က ၅,၀၀၀ ဝန်းကျင်မှာ ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်းလုံးငှားလေယာဉ်တို့အပြင် ကော့သောင်းဆိပ်ကမ်းကနေတဆင့် သင်္ဘောပြန်တက်သူဦးရေကတော့ ၄၀၀ ကျော်အထိရှိပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ထားချိန် အစိုးရရဲ့ အကူအညီနဲ့ ပြန်ခေါ်နိုင်ခဲ့တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားဦးရေကတော့ ၆,၈၁၈ ဦး ရှိတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်

XS
SM
MD
LG