သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UPR ျမန္မာေဆြးေႏြးပဲြ လူနည္းစုေဒသလူ႔အခြင့္အေရး ႏိုင္ငံတကာေထာက္ျပ


ရွမ္းျပည္နယ္ရွိ ယာယီစစ္ေရွာင္ဒုကၡသည္ စခန္းတခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၁၃၊ ၂၀၁၉)

[Zawgyi/Unicode]

ဒီမိုကေရစီအသြင္ကူးေျပာင္းၿပီး အရပ္သားအစိုးရ တက္လာေပမယ့္လည္း ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြ အထူးသျဖင့္ လူနည္းစု လူမ်ိဳးအခြင့္အေရးေတြနဲ႔ပတ္သက္လို႔ စိုးရိမ္စရာေတြ ရွိေနေသးတယ္လို႔ ႏိုင္ငံတကာက ေဝဖန္ခဲ့ၾကပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီရဲ႕ ႏိုင္ငံအလိုက္လူ႔အခြင့္အေရး အေျခအေန ပံုမွန္သံုးသပ္ေဆြးေႏြးပဲြ UPR လုပ္ငန္းစဥ္မွာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ ဒီကေန႔ သံုးသပ္ေဆြးေႏြးခဲ့ၾကတာျဖစ္ၿပီး ႏိုင္ငံတကာရဲ႕ စိုးရိမ္မႈေတြကိုလည္းေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ ေရွ႕ေနခ်ဳပ္ဦးထြန္းထြန္းဦး ဦးေဆာင္တဲ့ အဖဲြ႕က ေနျပည္ေတာ္ကေနတဆင့္ အြန္လိုင္းကေန ေဆြးေႏြးခဲ့ရာမွာ ျမန္မာ၀န္ႀကီးဌာနေတာ္ေတာ္မ်ားမ်ားက သက္ဆိုင္ရာဌာနအလိုက္ လူ႔အခြင့္အေရး ဦးစားေပးေဆာင္ရြက္ခ်က္ေတြကို ရွင္းလင္းခဲ့ၾကပါတယ္။ အဲဒီေနာက္မွာေတာ့ ကုလသမဂၢအဖဲြ႕၀င္ႏိုင္ငံအသီးသီးက ျပန္လည္ေဆြးေႏြးရာမွာ ျမန္မာႏိ္ုင္ငံရဲ႕ လူ႔အခြင့္အေရး တိုးတက္ေကာင္းမြန္ေအာင္ ႀကိဳးပမ္းမႈကို အသိအမွတ္ျပဳေပမယ့္ စိုးရိမ္စရာအေျခအေနေတြကိုလည္း ေထာက္ျပၾကပါတယ္။ တိုက္ပဲြေတြရွိေနတဲ့ ခ်င္း၊ ကခ်င္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္က အရပ္သားေတြ ရင္ဆိုင္ရတဲ့အေျခအေနေတြအေပၚ စိုးရိမ္တယ္လို႔ ၿဗိတိသွ်ကိုယ္စားလွယ္က ေျပာခဲ့ပါတယ္။

ခ်င္း၊ ကခ်င္၊ ရခိုင္နဲ႔ ရွမ္းျပည္နယ္က ပဋိပကၡအေျခအေနအတြင္း အရပ္သားေတြ ထိခိုက္ခံစားရမႈေတြအတြက္ စိုးရိမ္ပါတယ္လို႔ ယူေကကိုယ္စားလွယ္က ေျပာတာပါ။ ဒါ့အျပင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမွာ တာ၀န္ရွိသေူတြကို အေရးယူေပးဖို႔ ပဋိပကၡနယ္ေျမေတြကို လူသားခ်င္းစာနာကူညီမႈေတြ အျပည့္အ၀ေပးႏိုင္ဖို႔ လိုအပ္ခ်က္ေတြကိုလည္းေထာက္ျပပါတယ္။ ၿပီးခဲ့တဲ့ေရြးေကာက္ပဲြအတြင္း ပဋိပကၡေဒသက ႐ိုဟင္ဂ်ာေတြ ဖယ္က်ဥ္ခံရတဲ့အေျခအေနအေပၚ စိုးရိမ္ခ်က္ကိုလည္း ေျပာခဲ့ပါတယ္။ အေမရိကန္ကိုယ္စားလွယ္ဘက္ကလည္း ႐ိုဟင္ဂ်ာလူနည္းစု အခြင့္အေရးေတြကို ကန္႔သတ္ထားတဲ့ ဥပေဒေတြကို ပယ္ဖ်က္ဖို႔နဲ႔ ၿပီးခဲ့တဲ့လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြမွာ ပါခဲ့တဲ့ လံုျခံဳေရးတာ၀န္ရွိသူေတြကို အေရးယူဖို႔ လိုအပ္ခ်က္ေတြကို ေထာက္ျပခဲ့ပါတယ္။ ျမန္မာႏိ္ုင္ငံရဲ႕ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈ ဥပေဒကို ျပန္လည္သံုးသပ္ျပင္ဆင္ဖို႔ တိုက္တြန္းၾကတာလည္း ရွိပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္း လူကုန္ကူးမႈ တားဆီးေရးကို ထိထိေရာက္ေရာက္ေဆာင္ရြက္ဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားက တိုက္တြန္းၾကတာလည္းေတြ႕ရပါတယ္။ ျမန္မာတာ၀န္ရွိသူေတြဘက္ကေတာ့ တိုင္းရင္းသားေဒသေတြက အေျခအေနေတြနဲ႔ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ ေဆာင္ရြက္ခ်က္ေတြကို ျပန္လည္တုံ႔ျပန္ေျဖရွင္းတာ ေတြ႕ရပါတယ္။ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေပၚ အခ်က္အလက္ခိုင္ခိုင္မာမာနဲ႔ တိုင္ၾကားလာရင္ တုံ႔ျပန္ကိုင္တြယ္ခဲ့သလို လံုျခံဳေရးတာ၀န္ရွိသူေတြ အျပစ္က်ဴးလြန္မႈအေပၚမွာလည္း ခံုရံုးဖဲြ႕အေရးယူတာေတြရွိခဲ့ပါတယ္လို႔ ေျပာပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာ့ ျမန္မာအစိုးရက လက္ခံသံုးႏႈန္းတာ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

UPR မြန်မာဆွေးနွေးပွဲ လူနည်းစုဒေသလူ့အခွင့်အရေး နိုင်ငံတကာထောက်ပြ

ဒီမိုကရေစီအသွင်ကူးပြောင်းပြီး အရပ်သားအစိုးရ တက်လာပေမယ့်လည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ အထူးသဖြင့် လူနည်းစု လူမျိုးအခွင့်အရေးတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နိုင်ငံအလိုက်လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ UPR လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒီကနေ့ သုံးသပ်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကိုလည်းတွေ့ရပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ရှေ့နေချုပ်ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်ကနေတဆင့် အွန်လိုင်းကနေ ဆွေးနွေးခဲ့ရာမှာ မြန်မာဝန်ကြီးဌာနတော်တော်များများက သက်ဆိုင်ရာဌာနအလိုက် လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးက ပြန်လည်ဆွေးနွေးရာမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းမှုကို အသိအမှတ်ပြုပေမယ့် စိုးရိမ်စရာအခြေအနေတွေကိုလည်း ထောက်ပြကြပါတယ်။ တိုက်ပွဲတွေရှိနေတဲ့ ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က အရပ်သားတွေ ရင်ဆိုင်ရတဲ့အခြေအနေတွေအပေါ် စိုးရိမ်တယ်လို့ ဗြိတိသျှကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

ချင်း၊ ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က ပဋိပက္ခအခြေအနေအတွင်း အရပ်သားတွေ ထိခိုက်ခံစားရမှုတွေအတွက် စိုးရိမ်ပါတယ်လို့ ယူကေကိုယ်စားလှယ်က ပြောတာပါ။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသေူတွကို အရေးယူပေးဖို့ ပဋိပက္ခနယ်မြေတွေကို လူသားချင်းစာနာကူညီမှုတွေ အပြည့်အဝပေးနိုင်ဖို့ လိုအပ်ချက်တွေကိုလည်းထောက်ပြပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ပဋိပက္ခဒေသက ရိုဟင်ဂျာတွေ ဖယ်ကျဉ်ခံရတဲ့အခြေအနေအပေါ် စိုးရိမ်ချက်ကိုလည်း ပြောခဲ့ပါတယ်။ အမေရိကန်ကိုယ်စားလှယ်ဘက်ကလည်း ရိုဟင်ဂျာလူနည်းစု အခွင့်အရေးတွေကို ကန့်သတ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့နဲ့ ပြီးခဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါခဲ့တဲ့ လုံခြုံရေးတာဝန်ရှိသူတွေကို အရေးယူဖို့ လိုအပ်ချက်တွေကို ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ တိုက်တွန်းကြတာလည်း ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု တားဆီးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ နိုင်ငံအတော်များများက တိုက်တွန်းကြတာလည်းတွေ့ရပါတယ်။ မြန်မာတာဝန်ရှိသူတွေဘက်ကတော့ တိုင်းရင်းသားဒေသတွေက အခြေအနေတွေနဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ဆောင်ရွက်ချက်တွေကို ပြန်လည်တုံ့ပြန်ဖြေရှင်းတာ တွေ့ရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားလာရင် တုံ့ပြန်ကိုင်တွယ်ခဲ့သလို လုံခြုံရေးတာဝန်ရှိသူတွေ အပြစ်ကျူးလွန်မှုအပေါ်မှာလည်း ခုံရုံးဖွဲ့အရေးယူတာတွေရှိခဲ့ပါတယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်ခံသုံးနှုန်းတာ မရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG