သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ မဟာသင်္ကြန် ကျင်းပမယ့် အခြေအနေ


သပိတ်မှောက် ဆန္ဒပြပွဲများနဲ့ သင်္ကြန်အကြတ်နေ့ (ယခင်မှတ်တမ်းဓာတ်ပုံ)
သပိတ်မှောက် ဆန္ဒပြပွဲများနဲ့ သင်္ကြန်အကြတ်နေ့ (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ပွဲကို စည်စည်ကားကားကျင်းပနိုင်ဖို့ စစ်ကောင်စီက စီစဉ်နေသလို အတိုက်အခံအဖွဲ့တွေကလည်း ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက် မဟာသင်္ကြန်ကာလအတွင်း ရေမဆော့သပိတ်လုပ်ဖို့ စီစဉ်နေကြပါတယ်။

သောကြာနေ့ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့ ရန်ကုန်တိုင်း တိုင်းမှူးအသစ် ဗိုလ်ချုပ်ဇော်ဟိန်းတို့ဦးဆောင်ပြီး ရန်ကုန်သင်္ကြန်ပွဲ အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ လုပ်ငန်းညှိုနှိုင်းစည်းဝေးခဲ့တာပါ။ ရန်ကုန်တိုင်းအစိုးရရုံးရှေ့၊ ပြည်သူ့ရင်ပြင်နဲ့ ရန်ကုန်မြို့တော်ခန်းမ မဏ္ဍပ်တွေအပြင် ပန်းဆိုးတန်းအထက်၊ အင်းယားလမ်း၊ ရန်ကင်း စတဲ့ နေရာတွေမှာ မဏ္ဍပ်တွေဆောက်နေကြသလို မန္တလေးဘက်မှာလည်း မန္တလေးမြို့တော်ခန်းမ မဏ္ဍပ်နဲ့ ကျုံးတဝိုက် တချို့စဆောက်နေပြီလို့ မြို့ခံတွေက ပြောပါတယ်။

နေပြည်တော်မှာတော့ ဝန်ကြီးဌာနတွေအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် အလှည့်ကျ Volunteer Duty သဘော ရေလာကစားပေးကြဖို့မှာထားတယ်လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက VOA ကို ပြောပါတယ်။ တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ ဒေသတွေမှာနေထိုင်တဲ့ နေပြည်တော်ဝန်ထမ်းအများအပြားကတော့ သြင်္ကန်အားလပ်ရက် ၁၀ ရက်အတွင်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေတာပါ။ လက်ရှိ အပစ်ရပ်ထားဆဲ ရခိုင်ဘက်မှာတော့ စစ်ကောင်စီဘက်ကရော AA ရခိုင်တပ်ဘက်ကပါ သင်္ကြန်ကို အပြိုင်စည်ကားအောင် ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

မကြာသေးခင်က ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းနား တိုက်ခိုက်မှုတွေအပြင် ပေါက်ကွဲမှုတွေ၊ မီးလောင်မှုတွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ကြားကပဲ စစ်ကောင်စီက သင်္ကြန်ကို စည်ကားစွာကျင်းပဖို့ လုပ်ဆောင်နေတာပါ။ အရင်တနိုင်ငံလုံး ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့သင်္ကြန်ဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးမှုအပြင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေ မပါဝင်ကြတဲ့အတွက် စည်စည်ကားကား မတွေ့ရတော့ပါဘူး။

=============

{{Unicode}}







XS
SM
MD
LG