သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

၂ဝ၂၂ မွာ ျမန္မာႏိုင္ငံက လူ ၄ သန္းအတြက္ WFP အကူအညီေပးမည္


MYANMAR-COUP-POLITICS-FOOD, FOCUS (မွတ္တမ္းဓါတ္ပုံ) (Photo by STR / AFP)

၂၀၂၂ မွာ ျမန္မာႏိုင္ငံက လူ ၄ သန္းအတြက္ WFP အကူအညီေပးမည္

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီး ၁ဝ အၾကာမွာ စားနပ္ရိကၡမလုံေလာက္တဲ့ လူဦးေရေတြဟာ တဟုန္ထုိးတက္လာေနတယ္လုိ့ ကုလသမဂၢကမၻာ့စားနပ္ရိကၡာ အဖဲြ့ႀကီးျဖစ္တဲ့ WFP ကေျပာပါတယ္။

စားနပ္ရိကၡာ မလုံေလာက္တဲ့ အေျခအေနေတြေၾကာင့္ ၂၀၂၂ ခုႏွစ္မွာ အကူအညီေတြ ၂ ဆတုိးၿပီးလူဦးေရး ၄ သန္းေက်ာ္အတြက္ စားနပ္ရိကၡာေတြကုိ ေထာက္ပံ သြားမယ္လုိ့လည္း WFP က ေသာၾကာေန႔မွာသတင္းထုတ္ျပန္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္းရရွိခဲ့တဲ့ ရံပုံေငြဟာလူ ၂ သန္း ၄ သိန္းေက်ာ္ကုိေထာက္ပံ ႏုိင္ခဲ့ၿ့ပီး၊ အခုလာမယ့္ ၆ လအတြင္း စားနပ္ရိကၡေထာက္ပံဖုိ့ ရံပုံေငြေဒၚလာ ၆၂ ဒႆမ ၄ သန္းလုိအပ္မယ္လုိ့ WFP ကေျပာဆုိထားပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ ၁၉ ကပ္ေရာဂါေဘးအျပင္၊ ဆက္လက္ျဖစ္ပြားေနတဲ့ ႏုိင္ငံေရး ပဋိကၡေတြေၾကာင့္ စီးပြားေရးက်ဆင္းမွု၊ ဆင္းရဲမဲြေတမွုနဲ့ အုိးအိမ္စြန့္ခြါထြက္ေျပးေနရမွုေတြေၾကာင့္ စားနပ္ရိကၡာ အေရးေပၚလုိအပ္သူေတြ အေရအတြက္တုိးလာေနရတယ္လုိ့ ဆုိပါတယ္။

ရန္ကုန္ၿမိဳ့ပတ္ပတ္လည္က ပ်ံက်ရပ္ကြက္ေတြမွာေနထုိင္သူေတြရဲ့ ၉၀ ရာႏွုန္းေလာက္ဟာေန့စဥ္အစားအစာေတြ၀ယ္ယူဖုိ့ ေငြေခ်းငွားေနၾကရတယ္လုိ့လည္း ကမၻာ့ကုလ သမဂၢစားနပ္ရိကၡာအစီအစဥ္ WFP အဖဲြ့ႀကီး ေဖၚျပထားပါတယ္။

ႏိုင္ငံေရး အက်ပ္အတည္းနဲ႔ ကပ္ေရာဂါဒဏ္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာ ဒီႏွစ္ထဲ မၾကံစဖူး အက်ပ္အတည္းေတြနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ႐ုံး UNOCHA ကလည္း ၿပီးခဲ့တဲ့လကုန္ပိုင္းမွာ သတိေပးထားပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္


၂ဝ၂၂ မှာ မြန်မာနိုင်ငံက လူ ၄ သန်းအတွက် WFP အကူအညီပေးမည်

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ၁၀ အကြာမှာ စားနပ်ရိက္ခမလုံလောက်တဲ့ လူဦးရေတွေဟာ တဟုန်ထိုးတက်လာနေတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးဖြစ်တဲ့ WFP ကပြောပါတယ်။

စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေတွေကြောင့် ၂၀၂၂ ခုနှစ်မှာ အကူအညီတွေ ၂ ဆတိုးပြီးလူဦးရေး ၄ သန်းကျော်အတွက် စားနပ်ရိက္ခာတွေကို ထောက်ပံ သွားမယ်လို့လည်း WFP က သောကြာနေ့မှာသတင်းထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းရရှိခဲ့တဲ့ ရံပုံငွေဟာလူ ၂ သန်း ၄ သိန်းကျော်ကိုထောက်ပံ နိုင်ခဲ့ြ့ပီး၊ အခုလာမယ့် ၆ လအတွင်း စားနပ်ရိက္ခထောက်ပံဖို့ ရံပုံငွေဒေါ်လာ ၆၂ ဒဿမ ၄ သန်းလိုအပ်မယ်လို့ WFP ကပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါဘေးအပြင်၊ ဆက်လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိက္ခတွေကြောင့် စီးပွားရေးကျဆင်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ အိုးအိမ်စွန့်ခွါထွက်ပြေးနေရမှုတွေကြောင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်သူတွေ အရေအတွက်တိုးလာနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပတ်ပတ်လည်က ပျံကျရပ်ကွက်တွေမှာနေထိုင်သူတွေရဲ့ ၉၀ ရာနှုန်းလောက်ဟာနေ့စဉ်အစားအစာတွေဝယ်ယူဖို့ ငွေချေးငှားနေကြရတယ်လို့လည်း ကမ္ဘာ့ကုလ သမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့ကြီး ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျပ်အတည်းနဲ့ ကပ်ရောဂါဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ မကြံစဖူး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ကလည်း ပြီးခဲ့တဲ့လကုန်ပိုင်းမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG