သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဖလား ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်း အီရန်ကိုနိုင်


Ukrainian riot police prepare to push back demonstrators, who planned to stop buses carrying passengers evacuated from the Chinese city of Wuhan, outside Novi Sarzhany, to protest against their arrival.
Ukrainian riot police prepare to push back demonstrators, who planned to stop buses carrying passengers evacuated from the Chinese city of Wuhan, outside Novi Sarzhany, to protest against their arrival.

၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲ တက်နိုင်ဖို့ အုပ်စု ပါတ်လည် ခြေစစ် ပွဲတွေကို စတင်ကျင်းပနေတာမှာ အုပ်စု D မှာပါတဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းနဲ့ ဆီးရီးယားအသင်းတို့ ဧပြီလ ၇ ရက်သောကြာနေ့မှာ ကန်ကြမှာ ဖြစ်ပါတယ်။

အုပ်စုပါတ်လည်ပွဲတွေ စတင်တဲ့ တနင်္လာနေ့ကတော့ မြန်မာအသင်းက အီရန်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ နိုင်ထားတဲ့အတွက် ၃ မှတ်ရပြီး အုပ်စု ဇယားထိပ်မှာ ရောက်နေပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က ဗီယက်နမ် လူငယ်ဘောလုံး သင်တန်းကွင်းမှာ ကစားခဲ့ကြတဲ့ပွဲမှာ ပွဲစပြီး ၅ မိနစ်မပြည့်ခင်မှာပဲ မြန်မာအသင်းဖက်က မဝင်းသိင်္ဂီထွန်း ပေးလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ရှေ့နား ရောက်နေတဲ့ တိုက်စစ်မှူး မဂျူလိုင်ကျော်က ခေါင်းနဲ့တိုက်ပြီး ပထမဂိုးကို သွင်းခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ပထမပိုင်း ပြီးခါနီးလေးမှာ အလယ်တန်းလူ မဝင်းသိင်္ဂီထွန်းက သွင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် အုပ်စုပါတ်လည် ဒုတိယပွဲကို ဆီးရီးယားနဲ့ သောကြာနေ့မှာ ကစားပြီးရင်၊ တနင်္ဂနွေနေ့ ဧပြီလ ၉ ရက်နေ့ကျရင် မြန်မာအသင်း၊ စင်္ကာပူအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လောလောဆယ် ဆီးရီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ထားတဲ့ စင်္ကာပူ အသင်းကလည်း ၃ မှတ်ရထားပြီး ဇယားမှာ ဒုတိယ နေရာမှာ ရှိနေပါတယ်။

အုပ်စု D ထဲက မြန်မာအသင်းအတွက် နောက်ဆုံး အုပ်စုပါတ်လည် ပွဲကိုတော့ ဗီယက်နမ်အသင်းနဲ့ ၁၁ ရက်၊ အင်္ဂါနေ့မှာ ကန်ကြမှာ ဖြစ်ပါတယ်။

၁၉ ကြိမ်မြောက်AFC အာရှဖလား အမျိုးသမီး ဗိုလ်လုပွဲတွေကတော့ ဂျော်ဒန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG