သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္းနဲ႔မႏၲေလးတိုင္းအတြင္း အရပ္သားေတြ ဖမ္းဆီးခံရမႈ တိုးလာ


စစ္ကိုင္းတုိင္း၊ ကနီၿမိဳ႕ (MIMU)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕က မသန္စြမ္းသူ ၁ ေယာက္အပါအဝင္ ၿမိဳ႕ခံအရပ္သား ၁၂ ဦးကို စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးသြားပါတယ္။ ဘာအေၾကာင္းေၾကာင့္ဖမ္းဆီးသြားလဲဆိုတာ မသိရဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကေန ႐ြာသား ၁၀ ေယာက္လည္း မတ္လ ၄ ရက္ေန႔က ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကနီၿမိဳ႕ထဲက အမွတ္ ၂ ရပ္ကြက္နဲ႔ အမွတ္ ၃ ရပ္ကြက္ေတြမွာ ေနထိုင္တဲ့ အရပ္ သား ၁၁ ဦးကို ဒီကေန႔ မတ္လ ၈ ရက္ အဂၤါေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ ရဲ အင္အားအမ်ားအျပားနဲ႔ ဝင္ေရာက္ ဖမ္းဆီးသြားပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ မသန္စြမ္းအမ်ိဳးသားတဦးကိုလည္း မတ္လ ၇ ရက္ တနလၤာေန႔ ညေနပိုင္းက လာေရာက္ဖမ္းဆီးသြားတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ဒီကေန႔မနက္က ၈ နာရီ ၄၅ ေလာက္မွာ ကနီၿမိဳ႕ အမွတ္ ၂ ရပ္ကြက္နဲ႔ အမွတ္ ၃ ရပ္ကြက္မွာ ေနထိုင္တဲ့ အရပ္သားျပည္သူေတြကို အေၾကာင္းမဲ့ စစ္ေကာင္စီရဲ႕တပ္နဲ႔ ရဲအင္အား ၃၀ ေလာက္ကေနၿပီး ဝိုင္းဝန္းၿပီးေတာ့ ဖမ္းဆီးသြားတယ္ေပါ့။ မေန႔ကညေနပိုင္း ညေန ၄ နာရီ ၃၀ ေလာက္မွာလည္း အသက္ ၂၁ ႏွစ္အ႐ြယ္ အရပ္သား အမ်ိဳးသားမသန္စြမ္း အမ်ိဳးသားတေယာက္ကိုလည္း ဖမ္းဆီးသြားတဲ့ အေနအထားမ်ိဳးေပါ့ဗ်ာ။ တခ်ိဳ႕က ေဈးေရာင္းၾကတာ စားေသာက္ဆိုင္တခ်ိဳ႕ပါတယ္။ လက္ဖက္ရည္ဆိုင္ဖြင့္ထားတဲ့သူေတြပါတယ္။ ဆိုင္ႀကီးေတြေပါ့။ တျခားသူေတြက တိုင္လို႔လာဖမ္းသြားတယ္လို႔ ကြၽန္ေတာ္တို႔သိရတယ္။ ဘာေၾကာင့္ ဖမ္းသြားတယ္ဆိုတာေတာ့ စစ္ေကာင္စီက ေျပာမသြားဘူး။ အကုန္လက္ျပန္ႀကိဳးတုပ္ၿပီး ဖမ္းသြားတာပဲ။”

ဖမ္းဆီးတာေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ မတ္ ၇ ရက္ ညေနပိုင္းက ကနီၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြကို စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ရွာေဖြတာေတြ ရွိသလို ၿမိဳ႕လမ္းဆုံေနရာေတြမွာ ဖုန္းေတြနဲ႔ ဆိုင္ကယ္ေတြကို စစ္ေဆးတာေတြလည္း ရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ကနီၿမိဳ႕ေပၚက ေနအိမ္ ၃ လုံးကိုလည္း ခ်ိတ္ပိတ္သြားပါတယ္။

စစ္ေကာင္စီက နယ္ေျမရွင္းလင္းေနတဲ့ ကနီၿမိဳ႕နယ္ထဲက ေက်း႐ြာေတြနားမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕တို႔ စစ္ေရးတင္းမာၿပီး တိုက္ပြဲေတြရွိေနေပမဲ့ ကနီၿမိဳ႕ေပၚမွာ တိုက္ပြဲျဖစ္ပြားတာမ်ိဳး မရွိပါဘူး။
စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ေက်း႐ြာက ေနအိမ္ေတြမီးရႈိ႕ခံရတဲ့အတြက္ ကနီၿမိဳ႕နယ္ထဲက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေဘးလြတ္ရာေတာေတာင္ေတြထဲ ခိုလႈံၿပီး တိမ္းေရွာင္ေနၾကရပါတယ္။ ဒါက စစ္ကိုင္းတိုင္း ကနီနယ္ဘက္က အေျခအေနပါ။

မႏၲေလးတိုင္းထဲမွာလည္း ျမင္းၿခံၿမိဳ႕နဲ႔ ၁၆ မိုင္ေဝးတဲ့ မက်ည္းစု႐ြာနဲ႔ ႐ြာသာ႐ြာက ေဒသခံ ၁၀ ဦး ဖမ္းဆီးခံထားရပါတယ္။ အဲဒီေဒသေတြဘက္မွာ တိုက္ပြဲေတြမရွိေပမဲ့ စစ္ေကာင္စီတပ္ေတြရဲ႕ စစ္ေရးလႈပ္ရွားမႈေတြေတာ့ ရွိေနပါတယ္။ မတ္လ ၄ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ ႐ြာထဲ ဝင္ေရာက္လာၿပီး ဖမ္းဆီးသြားတာျဖစ္ၿပီး အခုထိ ျပန္လြတ္မလာေသးဘူးလို႔ ႐ြာသား ၁ ေယာက္က ေျပာျပပါတယ္။

“႐ြာထဲကို ဝင္လာတယ္။ ဝင္လာၿပီး ေတြ႕ကရာလူ အကုန္လုံးကို ဖမ္းသြားတဲ့သေဘာပဲ။ က်ေနာ္တို႔ ၾကားရတာေတာ့ မိန္းကေလးေတြကို အမွတ္ ၂ ရဲစခန္းမွာ ထားၿပီးေတာ့ ေယာက္က်ားေလးေတြကို အမွတ္ ၁၅ ေျချမန္တပ္ရင္းထဲမွာ ထားတယ္လို႔ၾကားတယ္။ တခ်ိဳ႕လူေတြက ျမင္းၿခံေတာင္ ေရာက္ဖူးတဲ့သူေတြမဟုတ္ ဘူး။ ေတာသူေတာင္သား ဘာမွလည္း မဟုတ္ဘူးရယ္။ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး သိၿပီးဘာမွနားလည္တာလည္းမဟုတ္ဘူး။ ဝင္ၿပီးေတာ့ ႐ြာသာ႐ြာက လမ္းမွာေတြ႕တဲ့လူေတြကို လူသားဒိုင္းအေနနဲ႔ ေခၚလာတယ္။ က်ေနာ္တို႔ မက်ည္းစု႐ြာက ေတြ႕တဲ့သူေတြကို ဖမ္းသြားတယ္။”

ဖမ္းဆီးခံရသူေတြနဲ႔ ပတ္သက္လို႔ ေဒသခံေတြအေနနဲ႔ ျမင္းၿခံၿမိဳ႕ အမွတ္ (၂) ရဲစခန္းကို သြားေရာက္ေမးျမန္း စုံစမ္းရာမွာေတာ့ လူတေယာက္ကို ေငြ ၃ သိန္းေပးမွ ျပန္လႊတ္ေပးမယ္လို႔ ရဲက ေျပာဆိုေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။

မက်ည္းစု႐ြာထဲကို လုံၿခဳံေရးတပ္ေတြ ခုလို ဝင္ေရာက္ဖမ္ဆီးတာ ၄-၅ ႀကိမ္ေလာက္ရွိေနၿပီး အရင္ ဖမ္းဆီးခံရသူေတြကို သီတင္း ၁ ပတ္ေလာက္အၾကာမွာ ျပန္လႊတ္ေပးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အဲဒီလို ျပန္လြတ္လာသူတခ်ိဳ႕က စိုးရိမ္ထိတ္လန႔္ၿပီး ႐ြာမွာ မေနေတာ့ဘဲ အျခားေနရာေတြကို ေျပာင္းေ႐ႊ႕အေျခခ်ကုန္တယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကိုင်းနဲ့မန္တလေးတိုင်းအတွင်း အရပ်သားတွေ ဖမ်းဆီးခံရမှု တိုးလာ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့က မသန်စွမ်းသူ ၁ ယောက်အပါအဝင် မြို့ခံအရပ်သား ၁၂ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။ ဘာအကြောင်းကြောင့်ဖမ်းဆီးသွားလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကနေ ရွာသား ၁၀ ယောက်လည်း မတ်လ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ထဲက အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်တွေမှာ နေထိုင်တဲ့ အရပ် သား ၁၁ ဦးကို ဒီကနေ့ မတ်လ ၈ ရက် အင်္ဂါနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲ အင်အားအများအပြားနဲ့ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။ အသက် ၂၁ နှစ်အရွယ် မသန်စွမ်းအမျိုးသားတဦးကိုလည်း မတ်လ ၇ ရက် တနင်္လာနေ့ ညနေပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒီကနေ့မနက်က ၈ နာရီ ၄၅ လောက်မှာ ကနီမြို့ အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ကောင်စီရဲ့တပ်နဲ့ ရဲအင်အား ၃၀ လောက်ကနေပြီး ဝိုင်းဝန်းပြီးတော့ ဖမ်းဆီးသွားတယ်ပေါ့။ မနေ့ကညနေပိုင်း ညနေ ၄ နာရီ ၃၀ လောက်မှာလည်း အသက် ၂၁ နှစ်အရွယ် အရပ်သား အမျိုးသားမသန်စွမ်း အမျိုးသားတယောက်ကိုလည်း ဖမ်းဆီးသွားတဲ့ အနေအထားမျိုးပေါ့ဗျာ။ တချို့က ဈေးရောင်းကြတာ စားသောက်ဆိုင်တချို့ပါတယ်။ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့သူတွေပါတယ်။ ဆိုင်ကြီးတွေပေါ့။ တခြားသူတွေက တိုင်လို့လာဖမ်းသွားတယ်လို့ ကျွန်တော်တို့သိရတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ စစ်ကောင်စီက ပြောမသွားဘူး။ အကုန်လက်ပြန်ကြိုးတုပ်ပြီး ဖမ်းသွားတာပဲ။”

ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မတ် ၇ ရက် ညနေပိုင်းက ကနီမြို့ပေါ်က ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေ ရှိသလို မြို့လမ်းဆုံနေရာတွေမှာ ဖုန်းတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကနီမြို့ပေါ်က နေအိမ် ၃ လုံးကိုလည်း ချိတ်ပိတ်သွားပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ ကနီမြို့နယ်ထဲက ကျေးရွာတွေနားမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေရှိနေပေမဲ့ ကနီမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပါဘူး။
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ကျေးရွာက နေအိမ်တွေမီးရှို့ခံရတဲ့အတွက် ကနီမြို့နယ်ထဲက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ ခိုလှုံပြီး တိမ်းရှောင်နေကြရပါတယ်။ ဒါက စစ်ကိုင်းတိုင်း ကနီနယ်ဘက်က အခြေအနေပါ။

မန္တလေးတိုင်းထဲမှာလည်း မြင်းခြံမြို့နဲ့ ၁၆ မိုင်ဝေးတဲ့ မကျည်းစုရွာနဲ့ ရွာသာရွာက ဒေသခံ ၁၀ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီဒေသတွေဘက်မှာ တိုက်ပွဲတွေမရှိပေမဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေတော့ ရှိနေပါတယ်။ မတ်လ ၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်ပြီး အခုထိ ပြန်လွတ်မလာသေးဘူးလို့ ရွာသား ၁ ယောက်က ပြောပြပါတယ်။

“ရွာထဲကို ဝင်လာတယ်။ ဝင်လာပြီး တွေ့ကရာလူ အကုန်လုံးကို ဖမ်းသွားတဲ့သဘောပဲ။ ကျနော်တို့ ကြားရတာတော့ မိန်းကလေးတွေကို အမှတ် ၂ ရဲစခန်းမှာ ထားပြီးတော့ ယောက်ကျားလေးတွေကို အမှတ် ၁၅ ခြေမြန်တပ်ရင်းထဲမှာ ထားတယ်လို့ကြားတယ်။ တချို့လူတွေက မြင်းခြံတောင် ရောက်ဖူးတဲ့သူတွေမဟုတ် ဘူး။ တောသူတောင်သား ဘာမှလည်း မဟုတ်ဘူးရယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး သိပြီးဘာမှနားလည်တာလည်းမဟုတ်ဘူး။ ဝင်ပြီးတော့ ရွာသာရွာက လမ်းမှာတွေ့တဲ့လူတွေကို လူသားဒိုင်းအနေနဲ့ ခေါ်လာတယ်။ ကျနော်တို့ မကျည်းစုရွာက တွေ့တဲ့သူတွေကို ဖမ်းသွားတယ်။”

ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ ဒေသခံတွေအနေနဲ့ မြင်းခြံမြို့ အမှတ် (၂) ရဲစခန်းကို သွားရောက်မေးမြန်း စုံစမ်းရာမှာတော့ လူတယောက်ကို ငွေ ၃ သိန်းပေးမှ ပြန်လွှတ်ပေးမယ်လို့ ရဲက ပြောဆိုကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

မကျည်းစုရွာထဲကို လုံခြုံရေးတပ်တွေ ခုလို ဝင်ရောက်ဖမ်ဆီးတာ ၄-၅ ကြိမ်လောက်ရှိနေပြီး အရင် ဖမ်းဆီးခံရသူတွေကို သီတင်း ၁ ပတ်လောက်အကြာမှာ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို ပြန်လွတ်လာသူတချို့က စိုးရိမ်ထိတ်လန့်ပြီး ရွာမှာ မနေတော့ဘဲ အခြားနေရာတွေကို ပြောင်းရွှေ့အခြေချကုန်တယ်လို့လည်း ပြောပါတယ်။
=================

XS
SM
MD
LG