သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“အဟန႔္အတားေတြႀကဳံရေပမယ့္ တိုးတက္မႈရွိ” ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္ 


ကေမၻာဒီးယားဒုဝန္ႀကီးခ်ဳပ္နဲ႔ျမန္မာဆုိင္ရာ အာဆီယံအထူးကုိယ္စားလွယ္ Prak Sokhonn ျမန္မာ့ႏိုင္ငံ လူသားခ်င္းစာနာမႈအကူအညီေပးေရး ေဆြးေႏြးစဥ္။ (ေမ ၆၊၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံတြင္း လူသားခ်င္းစာနာကူညီမႈအကူအညီေပးေရး အာဆီယံေဒသညႇိႏိႈင္းေဆြးေႏြးပြဲကို ဒီကေန႔ ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပရာမွာ အကူအညီေပးေရးကိစၥ အဟန႔္အတားေတြအမ်ားႀကီးႀကဳံေနရေပမယ့္ တိုးတက္မႈေတာ့ရခဲ့ပါတယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္၊ ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံအထူးကိုယ္စားလွယ္လည္းျဖစ္သူ Prak Sokhonn က ေျပာပါတယ္။
အလႉရွင္ႏိုင္ငံေတြ၊ အဖြဲ႔အစည္းေတြနဲ႔ ျမန္မာႏိုင္ငံၾကားမွာ အကူအညီေပးေရး သတ္မွတ္ခ်က္ေတြဟာ တဘက္နဲ႔တဘက္ ကြဲလြဲမႈေတြရွိေနတယ္လို႔ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ အာဆီယံအထူးကိုယ္စားလွယ္က ေျပာတာပါ။

အလႉရွင္တခ်ိဳ႕က အကူအညီေပးရာမွာ အိမ္ရွင္ျမန္မာႏိုင္ငံနဲ႔ ညႇိႏိႈင္းတိုင္ပင္ဖို႔ တြန႔္ဆုတ္မႈရွိတာကို သူက ေထာက္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပည္တြင္းပို႔မယ့္ လူသားခ်င္းစာနာမႈအကူအညီအေပၚ အခြန္သက္သာခြင့္ေပးဖို႔ ျမန္မာဘက္က လိုက္ေလ်ာခဲ့တယ္လို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံတြင္း လူသားခ်င္းစာနာကူညီမႈအေထာက္အပံ့ေတြကို နယ္ေျမ ၆ ခုကို ေပးဖို႔ ကနဦးလ်ာထားၿပီး အဲဒီထဲက နယ္ေျမႏွစ္ခုကေတာ့ ဦးစားေပးအဆင့္သတ္မွတ္ထားတယ္လို႔ အာဆီယံကိုယ္စားလွယ္က သတင္းေထာက္ေတြကို ေျပာတယ္လို႔ Phnom Penh Post သတင္းစာက ေရးပါတယ္။ ဘယ္ေနရာေတြလဲဆိုတာ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။

ဒီအစည္းအေဝးကို ျမန္မာစစ္ေကာင္စီဘက္က ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္တက္ေရာက္ခဲ့ပါတယ္။ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ ဒီအစည္းအေဝးနဲ႔ပတ္သက္လို႔ အာဆီယံအထူးကိုယ္စားလွယ္ဘက္က သူတို႔ကို ညႇိႏိႈင္းတိုင္ပင္တာမ်ိဳးမရွိေပမယ့္ ကုလသမဂၢေအဂ်င္စီတခ်ိဳ႕က သူတို႔ကို ေတြ႔ဆုံအသိေပးတာမ်ိဳးရွိတယ္လို႔ VOA ကို ေျပာပါတယ္။ အစည္းအေဝးကို ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအလွည့္က် ဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ အာဆီယံအတြင္းေရးမႉးခ်ဳပ္ Dato Lim Jock Hoi တို႔က ဦးေဆာင္ ကမကထလုပ္က်င္းပတာျဖစ္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြက အရာရွိေတြနဲ႔ ကုလသမဂၢအဖြဲ႕အစည္းေတြက တာဝန္ရွိသူေတြ အြန္လိုင္းကေရာ၊ လူကိုယ္တိုင္ပါ တက္ေရာက္ၾကပါတယ္။

ျမန္မာႏိုင္ငံကို လူသားခ်င္းစာနာမႈအကူအညီေပးေရးကိစၥဟာ ျမန္မာ့အေရး အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ပါ အခ်က္တခ်က္ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Noeleen Heyzer ကေတာ့ ျမန္မာႏိုင္ငံအတြင္း စာနာေထာက္ ထားမႈ အကူအညီေပးေရး ပါဝင္ေဆာင္႐ြက္ေနသူအားလုံး လုံၿခဳံစိတ္ခ်ၿပီး အဟန႔္အတားမရွိ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

“အဟန့်အတားတွေကြုံရပေမယ့် တိုးတက်မှုရှိ” မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေး အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပရာမှာ အကူအညီပေးရေးကိစ္စ အဟန့်အတားတွေအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့ပါတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က ပြောပါတယ်။
အလှူရှင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကြားမှာ အကူအညီပေးရေး သတ်မှတ်ချက်တွေဟာ တဘက်နဲ့တဘက် ကွဲလွဲမှုတွေရှိနေတယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဆီယံအထူးကိုယ်စားလှယ်က ပြောတာပါ။

အလှူရှင်တချို့က အကူအညီပေးရာမှာ အိမ်ရှင်မြန်မာနိုင်ငံနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ တွန့်ဆုတ်မှုရှိတာကို သူက ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းပို့မယ့် လူသားချင်းစာနာမှုအကူအညီအပေါ် အခွန်သက်သာခွင့်ပေးဖို့ မြန်မာဘက်က လိုက်လျောခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေကို နယ်မြေ ၆ ခုကို ပေးဖို့ ကနဦးလျာထားပြီး အဲဒီထဲက နယ်မြေနှစ်ခုကတော့ ဦးစားပေးအဆင့်သတ်မှတ်ထားတယ်လို့ အာဆီယံကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောတယ်လို့ Phnom Penh Post သတင်းစာက ရေးပါတယ်။ ဘယ်နေရာတွေလဲဆိုတာ အသေးစိတ်ကိုတော့ မပြောပါဘူး။

ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ခဲ့ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ဘက်က သူတို့ကို ညှိနှိုင်းတိုင်ပင်တာမျိုးမရှိပေမယ့် ကုလသမဂ္ဂအေဂျင်စီတချို့က သူတို့ကို တွေ့ဆုံအသိပေးတာမျိုးရှိတယ်လို့ VOA ကို ပြောပါတယ်။ အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့က ဦးဆောင် ကမကထလုပ်ကျင်းပတာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ အွန်လိုင်းကရော၊ လူကိုယ်တိုင်ပါ တက်ရောက်ကြပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ အချက်တချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

================

XS
SM
MD
LG