သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံကို NUG နဲ႔ ဆက္ဆံဖို႔ မေလးရွားအၾကံျပဳခ်က္ စစ္ေကာင္စီကန္႔ကြက္


CORRECTION Cambodia ASEAN

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ အလြတ္သေဘာ ထိေတြ႕ဆက္ဆံမႈမ်ိဳး လုပ္ေဆာင္သြားဖို႔ အာဆီယံကို အဆိုျပဳမယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာတာကို ကိုးကားၿပီး ကြာလာလမ္ပူ အေျခစိုက္ မေလးေမးလ္သတင္းစာမွာ ေဖာ္ျပခ်က္ကို ျမန္မာ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ကန႔္ကြက္လိုက္ပါတယ္။

Zawgyi/Unicode

အာဆီယံကို NUG နဲ႔ ဆက္ဆံဖို႔ မေလးရွားအၾကံျပဳခ်က္ စစ္ေကာင္စီကန္႔ကြက္

အာဏာမသိမ္းမီက လူထု ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္အမတ္ေတြက ဖြဲ႕စည္းလိုက္ၾကတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) နဲ႔ အလြတ္သေဘာ ထိေတြ႕ဆက္ဆံမႈမ်ိဳး လုပ္ေဆာင္သြားဖို႔ အာဆီယံကို အဆိုျပဳမယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာတာကို ကိုးကားၿပီး ကြာလာလမ္ပူ အေျခစိုက္ မေလးေမးလ္သတင္းစာမွာ ေဖာ္ျပခ်က္ကို ျမန္မာ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ကန႔္ကြက္လိုက္ပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH၊ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG နဲ႔ ျပည္သူ႔ ကာကြယ္ေရး တပ္ PDF နဲ႔ အဖြဲ႕ခြဲေတြကို စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႕ေတြ အျဖစ္ ေၾကညာထားတာေၾကာင့္ မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ မွတ္ခ်က္နဲ႔ အဆိုျပဳခ်က္ဟာ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္ဝါဒနဲ႔ အၾကမ္းဖက္မႈကို အားေပးရာ ေရာက္ႏိုင္ေၾကာင္း ေျပာဆိုကန႔္ကြက္တာ ျဖစ္ပါတယ္။

ေမလ ၅ ရက္ေန႔မွာ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးရွိၿပီး NUG နဲ႔ ဆက္ဆံလုပ္ကိုင္ေရးဟာ မေလးရွားက တင္သြင္းမယ့္ အဆိုျပဳခ်က္ ၃ ခုထဲက တခုျဖစ္ပါတယ္။ ဒုတိယအဆိုျပဳခ်က္ကေတာ့ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္း စာနာေထာက္ထားေရး အကူအညီကို ၂ ဆတိုးေပးဖို႔ ျဖစ္ၿပီး တတိယ အဆိုျပဳခ်က္ကေတာ့ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ အေနအထားနဲ႔ လုပ္ငန္းေတြ ပိုမိုခိုင္မာေအာင္ နည္းလမ္းမ်ား ရွာေဖြေရးပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

အာဆီယံကို NUG နဲ့ ဆက်ဆံဖို့ မလေးရှားအကြံပြုချက် စစ်ကောင်စီကန့်ကွက်

အာဏာမသိမ်းမီက လူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေက ဖွဲ့စည်းလိုက်ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာမှာ ဖော်ပြချက်ကို မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ ကာကွယ်ရေး တပ် PDF နဲ့ အဖွဲ့ခွဲတွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေ အဖြစ် ကြေညာထားတာကြောင့် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မှတ်ချက်နဲ့ အဆိုပြုချက်ဟာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုကို အားပေးရာ ရောက်နိုင်ကြောင်း ပြောဆိုကန့်ကွက်တာ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးရှိပြီး NUG နဲ့ ဆက်ဆံလုပ်ကိုင်ရေးဟာ မလေးရှားက တင်သွင်းမယ့် အဆိုပြုချက် ၃ ခုထဲက တခုဖြစ်ပါတယ်။ ဒုတိယအဆိုပြုချက်ကတော့ မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီကို ၂ ဆတိုးပေးဖို့ ဖြစ်ပြီး တတိယ အဆိုပြုချက်ကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ အနေအထားနဲ့ လုပ်ငန်းတွေ ပိုမိုခိုင်မာအောင် နည်းလမ်းများ ရှာဖွေရေးပဲ ဖြစ်ပါတယ်။

XS
SM
MD
LG