သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံထိပ္သီး ျမန္မာ့အေရးလႈပ္ရွားသူတို႔အျမင္အမ်ိဳးမ်ိဳးရွိ


[[Zawgyi/Unicode]]


အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးကိုလာမယ့္ ၾကာသပေတးေန႔ မွာ ဝါရွင္တန္ဒီစီမွာ က်င္းပမွာပါ။ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး တတ္ေရာက္ခြင့္မရေပမယ့္ ျမန္မာ့အေရးကိစၥကို ဒီေဆြးေႏြးပြဲမွာ ေဆြးေႏြးၾကလိမ့္မယ္လို႔ ျမန္မာ့အေရးသုံးသပ္သူေတြက ယူဆပါတယ္။ အေမရိကန္-အာဆီယံထိပ္သီးေဆြးေႏြးပြဲရဲ႕ သက္ေရာက္ႏိုင္ေျခနဲ႔ပတ္သက္လို႔ ရန္ကုန္က ေမးျမန္းစုံစမ္းေပးပို႔တဲ့သတင္းကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

အခု ေမလ ၁၂-၁၃ မွာ က်င္းပမယ့္ အေမရိကန္-အာဆီယံထိပ္သီးေဆြးေႏြးပြဲအတြင္း စစ္အာဏာသိမ္းခံထားရတဲ့​ျမန္မာျပည္အေျခအေနဟာ ေဆြးေႏြးမယ့္အေၾကာင္းအရာတခုေတာ့ျဖစ္လာမွာပါ။ ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္ႀကိဳးပမ္းေနမႈကို အေမရိကန္ျပည္ေထာင္စုက သေဘာတူေထာက္ခံထားသလို ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း​ေပၚ ျပန္လည္ေရာက္ရွိေစဖို႔ကိုလည္း အေမရိကန္ျပည္ေထာင္စုကိုယ္တိုင္က တြန္းအားေပးေနတာပါ။ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို စစ္ေကာင္စီဘက္က အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ေနၿပီး ျမန္မာ ျပည္သူေတြ အေပၚမွာ ဆက္လက္ ဖိႏွိပ္၊ အၾကမ္းဖက္မႈေတြ ဆက္လုပ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူက ေမလ ၁၀ ရက္ေန႔ ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ အခု ထိပ္သီးေဆြးေႏြးပြဲရလဒ္ ေနာက္ပိုင္းမွာ အေျပာင္းအလဲရွိလာမယ္လို႔ ေမွ်ာ္လင့္တယ္လို႔ဆိုပါတယ္။

“ၾကည့္ရတာ ဒီတခါေတာ့ ေတာ္ေတာ္ေလးေတာ့ ထိထိေရာက္ေရာက္ သူတို႔ အေရးယူလိမ့္မယ္လို႔ ထင္တယ္။ တိုးတက္ေျပာင္းလဲမႈေတြကေတာ့ ၿပီးခဲ့တဲ့ ႏွစ္လ၊ သံုးလအတြင္းမွာ ျဖစ္ခဲ့တာေတြ ရွိတယ္ေလ။ အဲဒီေတာ့ အာဆီယံတဘက္တည္းလုပ္ေနလို႔ေတာ့...အာဆီယံက ေျပာလို႔ေျပာရတာ သူမ်ားေတြကသာ ေဝဖန္တာ။ က်ေနာ္ကေတာ့ အာဆီယံက လုပ္သင့္လုပ္ထုိက္တာေတြ လုပ္တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ယူအက္စ္က ဂ႐ုမစိုက္ဘူးေလ။ အခု ယူအက္စ္က ေျပာင္းလာၿပီဆိုလို႔ရွိရင္ သူတို႔....ၿပီေလ။ အာဆီယံနဲ႔ ယူအက္စ္ဘက္ကလည္း ဘာ ထိထိေရာက္ေရာက္လုပ္သင့္သလဲဆိုတာကို ေဆြးေႏြးလိမ့္မယ္။ ေဆြးေႏြးတဲ့ရလဒ္ကလည္း ထိေရာက္တဲ့နည္းလမ္းနဲ႔ သူတို႔ ကိုင္တြယ္ရလိမ့္မယ္။ က်ေနာ္က အဲလိုထင္ပါတယ္။ ေပါ့ေသးေသးမဟုတ္ေတာ့ဘူးေပါ့ဗ်ာ။ အဲလို ေျပာခ်င္ပါတယ္။”

ဒါေပမယ့္လည္း အာဆီယံပဋိဉာဏ္အရ ကန႔္သတ္ခ်က္ေတြနဲ႔ အာဆီယံႏိုင္ ငံေတြရဲ႕ သေဘာသဘာဝအရ အာဆီယံရဲ႕ ျမန္မာ့အေရးေျဖရွင္းဖို႔ ႀကိဳးပမ္းမႈဟာ ထိေရာက္မယ္လို႔ မယူဆသူေတြလည္းရွိပါတယ္။ ႏိုင္ငံေရးေလ့လာသူ ဦးရဲထြန္းကေတာ့ ဒီ ထိပ္သီးေဆြးေႏြးပြဲကေန ျမန္မာအတြက္ အားရေက်နပ္စရာ ရလဒ္ထြက္လာဖို႔ မေမွ်ာ္မွန္းဘူးလို႔ ဆိုပါတယ္။

“ဒီလိုပါပဲ။ သိပ္ၿပီးေတာ့ ထိထိေရာက္ေရာက္ေတာ့ မျဖစ္ႏုိင္ဘူး။ အာဆီယံကိုယ္ႏႈိက္ကလည္း ျမန္မာနဲ႔ပတ္သက္ရင္ အသင္းဝင္ႏုိင္ငံေတြၾကားမွာ သေဘာထားက သိပ္ၿပီးေတာ့ မညီဘူးေပါ့ေနာ္။ မေလးရွား၊ အင္ဒိုနီးရွား၊ စင္ကာပူတို႔ အဲဒီႏုိင္ငံေတြက နည္းနည္း ျပင္းထန္တဲ့သေဘာထားရွိတာေပါ့။ လာအိုတို႔၊ ဗီယက္နမ္တို႔၊ ကေမၻာဒီးယားတို႔ အဲဒီႏိုင္ငံေတြကေတာ့ ေပ်ာ့တာေပါ့။ ဆိုေတာ့ သူ႔ရဲ႕အတြင္းက ဆံုးျဖတ္ခ်က္တခုခ်မယ္ဆိုရင္လည္း အားလံုးသေဘာတူညီခ်က္နဲ႔မွ ခ်ႏိုင္တာဆိုေတာ့ သူတို႔ရဲ႕ေတြ႔ဆံုေဆြးေႏြးမႈကေတာ့ သိပ္ၿပီး ထိထိေရာက္ေရာက္ျဖစ္မယ္လို႔ေတာ့ မထင္ဘူး။”

ျမန္မာ့အေရးေျဖရွင္းရာမွာ အထူးသျဖင့္ ျမန္မာ့အေရးအာဆီယံသေဘာတူညီခ်က္ ၅ ခ်က္ပါ လူသားခ်င္းစာနာကူညီမႈအကူအညီေပးေရးမွာ စစ္ေကာင္စီအျပင္၊ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရကိုပါ ထိစပ္သြားဖို႔လိုတယ္လို႔ မေလးရွားႏိုင္ငံဘက္က ေျပာထားတာရွိပါတယ္။ အခု ထိပ္သီးေဆြးေႏြးပြဲမတိုင္ခင္မွာလည္း အေမရိကန္အစိုးရအရာရွိေတြကိုေရာ အာဆီယံႏိုင္ငံတခ်ိဳ႕က သံတမန္ေတြကပါ NUG တာဝန္ရွိသူတခ်ိဳ႕ကို ေတြ႕ဆုံတာေတြရွိခဲ့ပါတယ္။ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးအသင္း အေထြေထြအတြင္းေရးမႉး ေဒါက္တာနႏၵာလွျမင့္ကေတာ့ တည္ဆဲအစိုးရနဲ႔နီးနီးကပ္ကပ္ ဆက္ဆံေဆာင္႐ြက္တာက ပိုၿပီး ထိထိေရာက္ေရာက္ရွိမယ္လို႔ သူ႔အျမင္ေျပာပါတယ္။

“ျဖစ္ေပၚလာတဲ့အေျခအေနကို နားလည္ၿပီးေတာ့ လက္တြဲပူးေပါင္းေဆာင္ရြက္တာက က်ေနာ္တို႔ႏိုင္ငံနဲ႔ က်ေနာ္တို႔ျပည္သူေတြအတြက္ ပိုၿပီးေတာ့ ထိေရာက္မႈ ရွိလိမ့္မယ္လို႔ ျမင္တယ္။ ႏိုင္ငံတကာ အသိုင္းအဝုိင္းအေနနဲ႔က ျမန္မာႏုိင္ငံမွာလက္ရွိ တည္ဆဲအစိုးရနဲ႔ ေဆြးေႏြးမွသာလွ်င္ ပိုၿပီး ထိေရာက္မႈ ရွိမွာေပါ့။ နီးကပ္စြာဆက္ဆံမႈနဲ႔ နားလည္မႈရွိရွိနဲ႔ မဆက္ဆံဘဲနဲ႔ တရားမဝင္ဖြဲ႔စည္းထားတဲ့၊ အဖြဲ႔အစည္းလို႔ ေၾကညာထားတဲ့ အစိုးရကို အသိအမွတ္ျပဳျခင္းက ႏိုင္ငံရဲ႕ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ရမယ့္အေရးကို အေထာက္အကူျဖစ္မယ့္အစား ပိုၿပီးေတာ့ အခက္အခဲျဖစ္ေစတယ္လု႔ိ က်ေနာ္တို႔က ျမင္တာေပါ့ေနာ္။ မိမိလိုခ်င္တဲ့အစိုးရတရပ္မျဖစ္မခ်င္း ျဖစ္ေအာင္ ဖိအားေပးေဆာင္ရြက္မယ္ဆိုတာမ်ဳိးကေတာ့ လက္ေတြ႔နဲ႔ေတာ့ မနီးစပ္ဘူးေပါ့ေလ။ က်ေနာ္တို႔က ဒီလုိပဲျမင္တယ္။ က်ေနာ္တို႔ႏိုင္ငံနဲ႔ ႏုိင္ငံသားေတြအတြက္ေတာ့ အက်ဳိးရွိတဲ့လုပ္ရပ္မဟုတ္ဘူး။ ပိုၿပီးေတာ့ ဆုိးဝါးေစမယ့္၊ ပိုၿပီးေတာ့ အခက္အခဲျဖစ္ေစမယ့္လမ္းေၾကာင္းမ်ဳိးကို ႏုိင္ငံတကာက မေရြးျခယ္သင့္ဘူးလို႔ပဲ ေျပာခ်င္တယ္ခင္ဗ်။”

ျမန္မာ့အေရးေတြမွာ တက္ႂကြလႈပ္ရွားစြာပါဝင္လႈပ္ရွားေနတဲ့ မသၪၨာ႐ႊန္းလဲ့ရည္ကေတာ့ ဒီေဆြးေႏြးမႈက ထြက္လာမယ့္ ရလဒ္ေတြဟာ ျမန္မာႏိုင္ငံအတြက္ ထိေရာက္ေစဖို႔ သူကေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္လည္း အာဆီယံက လက္ေတြ႕ေဆာင္႐ြက္ေနတာေတြက အလွမ္းေဝးေနေသးတယ္လို႔ ေျပာပါတယ္။

“လာမယ့္ အာဆီယံ summit မွာ စစ္ေကာင္စီဘက္က ကိုယ္စားလွယ္ေတြကို မဖိတ္ဘူးဆုိတဲ့ အေမရိကန္ရဲ႕ဆံုးျဖတ္ခ်က္ကို က်မတို႔ ႀကိဳဆိုတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာလည္း အေမရိကန္က NUG အစိုးရနဲ႔ ျပည္သူ႔အစိုးရ ကိုယ္စားလွယ္ေတြ ေနာက္ ေတာ္လွန္ေရးအင္အားစုေတြဘက္ကိုလည္း ဖိတ္ၾကားမႈမရွိဘူးဆိုတာကိုလည္း က်မတို႔ သတိျပဳဖို႔လိုပါတယ္။ ..ဆိုေတာ့ ဒီအာဆီယံအေရး ေဆြးေႏြးဖို႔၊ ျမန္မာႏိုင္ငံအေရးကို ေဆြးေႏြးဖို႔ က်မတို႔ အမ်ားႀကီးေမွ်ာ္လင့္ခ်က္ရွိတယ္ဆိုေပမယ့္ တခ်ိန္တည္းမွာ အေမရိကန္အပါအဝင္ ကမၻာ့ႏိုင္ငံအသီးသီးက ျမန္မာ့အေရးကိုေျဖရွင္းဖို႔ဆိုရင္ အာဆီယံကို ဦးထိပ္ထားေနတာကို က်မတို႔ျမင္ရတယ္။ ဒါက လြဲမွားတဲ့အယူအဆလို႔ျမင္ပါတယ္။ အာဆီယံသည္ ဘယ္တုန္းကမွ ျမန္မာ့ဒီမုိကေရစီအေရးနဲ႔မရပ္တည္ခဲ့ပါဘူး။ ဆိုေတာ့ က်မတို႔နဲ႔အိမ္နီးခ်င္း - ေဒသတြင္း အစုအဖြဲ႔ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္၊ ဒါေပမယ့္ ျမန္မာ့အေရးကိုေျဖရွင္းဖို႔ အာဆီယံကိုအကူအညီေတာင္းတယ္။ အာဆီယံရဲ႕ဆံုးျဖတ္ခ်က္ေနာက္ကိုပဲလိုက္မယ္ဆိုတာသည္ စစ္မွန္တဲ့အေျဖကို ဦးမတည္ဘူးဆုိတာ က်မတို႔ ယူဆပါတယ္။”

အေမရိကန္ႏိုင္ငံဘက္ကေတာ့ ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အတြက္ အေမရိကန္နဲ႔ အာဆီယံ ပူးေပါင္းေဆာင္႐ြက္မႈက အဓိက က်တယ္လို႔လည္း သူက ေျပာပါတယ္။ ျမန္မာ့ အေရးဟာ လာမယ့္ အေမရိကန္ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲမွာ ေဆြးေႏြးစရာ အေၾကာင္းအရာတခုအျဖစ္ ေသခ်ာေပါက္ ရွိမယ္လို႔လည္း အေမရိကန္ ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရ Ned Price က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

ကန်-အာဆီယံထိပ်သီး မြန်မာ့အရေးလှုပ်ရှားသူတို့အမြင်အမျိုးမျိုးရှိ


အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကိုလာမယ့် ကြာသပတေးနေ့ မှာ ဝါရှင်တန်ဒီစီမှာ ကျင်းပမှာပါ။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ခွင့်မရပေမယ့် မြန်မာ့အရေးကိစ္စကို ဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ယူဆပါတယ်။ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ သက်ရောက်နိုင်ခြေနဲ့ပတ်သက်လို့ ရန်ကုန်က မေးမြန်းစုံစမ်းပေးပို့တဲ့သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အခု မေလ ၁၂-၁၃ မှာ ကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း စစ်အာဏာသိမ်းခံထားရတဲ့မြန်မာပြည်အခြေအနေဟာ ဆွေးနွေးမယ့်အကြောင်းအရာတခုတော့ဖြစ်လာမှာပါ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ကြိုးပမ်းနေမှုကို အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံထားသလို မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုကိုယ်တိုင်က တွန်းအားပေးနေတာပါ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေပြီး မြန်မာ ပြည်သူတွေ အပေါ်မှာ ဆက်လက် ဖိနှိပ်၊ အကြမ်းဖက်မှုတွေ ဆက်လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက မေလ ၁၀ ရက်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ အခု ထိပ်သီးဆွေးနွေးပွဲရလဒ် နောက်ပိုင်းမှာ အပြောင်းအလဲရှိလာမယ်လို့ မျှော်လင့်တယ်လို့ဆိုပါတယ်။

“ကြည့်ရတာ ဒီတခါတော့ တော်တော်လေးတော့ ထိထိရောက်ရောက် သူတို့ အရေးယူလိမ့်မယ်လို့ ထင်တယ်။ တိုးတက်ပြောင်းလဲမှုတွေကတော့ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလအတွင်းမှာ ဖြစ်ခဲ့တာတွေ ရှိတယ်လေ။ အဲဒီတော့ အာဆီယံတဘက်တည်းလုပ်နေလို့တော့...အာဆီယံက ပြောလို့ပြောရတာ သူများတွေကသာ ဝေဖန်တာ။ ကျနော်ကတော့ အာဆီယံက လုပ်သင့်လုပ်ထိုက်တာတွေ လုပ်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ယူအက်စ်က ဂရုမစိုက်ဘူးလေ။ အခု ယူအက်စ်က ပြောင်းလာပြီဆိုလို့ရှိရင် သူတို့....ပြီလေ။ အာဆီယံနဲ့ ယူအက်စ်ဘက်ကလည်း ဘာ ထိထိရောက်ရောက်လုပ်သင့်သလဲဆိုတာကို ဆွေးနွေးလိမ့်မယ်။ ဆွေးနွေးတဲ့ရလဒ်ကလည်း ထိရောက်တဲ့နည်းလမ်းနဲ့ သူတို့ ကိုင်တွယ်ရလိမ့်မယ်။ ကျနော်က အဲလိုထင်ပါတယ်။ ပေါ့သေးသေးမဟုတ်တော့ဘူးပေါ့ဗျာ။ အဲလို ပြောချင်ပါတယ်။”

ဒါပေမယ့်လည်း အာဆီယံပဋိဉာဏ်အရ ကန့်သတ်ချက်တွေနဲ့ အာဆီယံနိုင် ငံတွေရဲ့ သဘောသဘာဝအရ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုဟာ ထိရောက်မယ်လို့ မယူဆသူတွေလည်းရှိပါတယ်။ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းကတော့ ဒီ ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာအတွက် အားရကျေနပ်စရာ ရလဒ်ထွက်လာဖို့ မမျှော်မှန်းဘူးလို့ ဆိုပါတယ်။

“ဒီလိုပါပဲ။ သိပ်ပြီးတော့ ထိထိရောက်ရောက်တော့ မဖြစ်နိုင်ဘူး။ အာဆီယံကိုယ်နှိုက်ကလည်း မြန်မာနဲ့ပတ်သက်ရင် အသင်းဝင်နိုင်ငံတွေကြားမှာ သဘောထားက သိပ်ပြီးတော့ မညီဘူးပေါ့နော်။ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူတို့ အဲဒီနိုင်ငံတွေက နည်းနည်း ပြင်းထန်တဲ့သဘောထားရှိတာပေါ့။ လာအိုတို့၊ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့ အဲဒီနိုင်ငံတွေကတော့ ပျော့တာပေါ့။ ဆိုတော့ သူ့ရဲ့အတွင်းက ဆုံးဖြတ်ချက်တခုချမယ်ဆိုရင်လည်း အားလုံးသဘောတူညီချက်နဲ့မှ ချနိုင်တာဆိုတော့ သူတို့ရဲ့တွေ့ဆုံဆွေးနွေးမှုကတော့ သိပ်ပြီး ထိထိရောက်ရောက်ဖြစ်မယ်လို့တော့ မထင်ဘူး။”

မြန်မာ့အရေးဖြေရှင်းရာမှာ အထူးသဖြင့် မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ ချက်ပါ လူသားချင်းစာနာကူညီမှုအကူအညီပေးရေးမှာ စစ်ကောင်စီအပြင်၊ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုပါ ထိစပ်သွားဖို့လိုတယ်လို့ မလေးရှားနိုင်ငံဘက်က ပြောထားတာရှိပါတယ်။ အခု ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာလည်း အမေရိကန်အစိုးရအရာရှိတွေကိုရော အာဆီယံနိုင်ငံတချို့က သံတမန်တွေကပါ NUG တာဝန်ရှိသူတချို့ကို တွေ့ဆုံတာတွေရှိခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာနန္ဒာလှမြင့်ကတော့ တည်ဆဲအစိုးရနဲ့နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်တာက ပိုပြီး ထိထိရောက်ရောက်ရှိမယ်လို့ သူ့အမြင်ပြောပါတယ်။

“ဖြစ်ပေါ်လာတဲ့အခြေအနေကို နားလည်ပြီးတော့ လက်တွဲပူးပေါင်းဆောင်ရွက်တာက ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ပြည်သူတွေအတွက် ပိုပြီးတော့ ထိရောက်မှု ရှိလိမ့်မယ်လို့ မြင်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့က မြန်မာနိုင်ငံမှာလက်ရှိ တည်ဆဲအစိုးရနဲ့ ဆွေးနွေးမှသာလျှင် ပိုပြီး ထိရောက်မှု ရှိမှာပေါ့။ နီးကပ်စွာဆက်ဆံမှုနဲ့ နားလည်မှုရှိရှိနဲ့ မဆက်ဆံဘဲနဲ့ တရားမဝင်ဖွဲ့စည်းထားတဲ့၊ အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အစိုးရကို အသိအမှတ်ပြုခြင်းက နိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ရမယ့်အရေးကို အထောက်အကူဖြစ်မယ့်အစား ပိုပြီးတော့ အခက်အခဲဖြစ်စေတယ်လု့ိ ကျနော်တို့က မြင်တာပေါ့နော်။ မိမိလိုချင်တဲ့အစိုးရတရပ်မဖြစ်မချင်း ဖြစ်အောင် ဖိအားပေးဆောင်ရွက်မယ်ဆိုတာမျိုးကတော့ လက်တွေ့နဲ့တော့ မနီးစပ်ဘူးပေါ့လေ။ ကျနော်တို့က ဒီလိုပဲမြင်တယ်။ ကျနော်တို့နိုင်ငံနဲ့ နိုင်ငံသားတွေအတွက်တော့ အကျိုးရှိတဲ့လုပ်ရပ်မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးဝါးစေမယ့်၊ ပိုပြီးတော့ အခက်အခဲဖြစ်စေမယ့်လမ်းကြောင်းမျိုးကို နိုင်ငံတကာက မရွေးခြယ်သင့်ဘူးလို့ပဲ ပြောချင်တယ်ခင်ဗျ။”

မြန်မာ့အရေးတွေမှာ တက်ကြွလှုပ်ရှားစွာပါဝင်လှုပ်ရှားနေတဲ့ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ ဒီဆွေးနွေးမှုက ထွက်လာမယ့် ရလဒ်တွေဟာ မြန်မာနိုင်ငံအတွက် ထိရောက်စေဖို့ သူကမျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း အာဆီယံက လက်တွေ့ဆောင်ရွက်နေတာတွေက အလှမ်းဝေးနေသေးတယ်လို့ ပြောပါတယ်။

“လာမယ့် အာဆီယံ summit မှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေကို မဖိတ်ဘူးဆိုတဲ့ အမေရိကန်ရဲ့ဆုံးဖြတ်ချက်ကို ကျမတို့ ကြိုဆိုတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အမေရိကန်က NUG အစိုးရနဲ့ ပြည်သူ့အစိုးရ ကိုယ်စားလှယ်တွေ နောက် တော်လှန်ရေးအင်အားစုတွေဘက်ကိုလည်း ဖိတ်ကြားမှုမရှိဘူးဆိုတာကိုလည်း ကျမတို့ သတိပြုဖို့လိုပါတယ်။ ..ဆိုတော့ ဒီအာဆီယံအရေး ဆွေးနွေးဖို့၊ မြန်မာနိုင်ငံအရေးကို ဆွေးနွေးဖို့ ကျမတို့ အများကြီးမျှော်လင့်ချက်ရှိတယ်ဆိုပေမယ့် တချိန်တည်းမှာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အရေးကိုဖြေရှင်းဖို့ဆိုရင် အာဆီယံကို ဦးထိပ်ထားနေတာကို ကျမတို့မြင်ရတယ်။ ဒါက လွဲမှားတဲ့အယူအဆလို့မြင်ပါတယ်။ အာဆီယံသည် ဘယ်တုန်းကမှ မြန်မာ့ဒီမိုကရေစီအရေးနဲ့မရပ်တည်ခဲ့ပါဘူး။ ဆိုတော့ ကျမတို့နဲ့အိမ်နီးချင်း - ဒေသတွင်း အစုအဖွဲ့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာ့အရေးကိုဖြေရှင်းဖို့ အာဆီယံကိုအကူအညီတောင်းတယ်။ အာဆီယံရဲ့ဆုံးဖြတ်ချက်နောက်ကိုပဲလိုက်မယ်ဆိုတာသည် စစ်မှန်တဲ့အဖြေကို ဦးမတည်ဘူးဆိုတာ ကျမတို့ ယူဆပါတယ်။”

အမေရိကန်နိုင်ငံဘက်ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အမေရိကန်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာ့ အရေးဟာ လာမယ့် အမေရိကန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဆွေးနွေးစရာ အကြောင်းအရာတခုအဖြစ် သေချာပေါက် ရှိမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ပြောဆိုထားပါတယ်။

==============

XS
SM
MD
LG