သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဗဟိုဘဏ္ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြ ေသနတ္နဲ႔ ပစ္ခံရ 


စစ္အာဏာသိမ္းၿပီးေနာက္ ရန္ကုန္ၿမိဳ႕ဗဟိုဘဏ္အျပင္ဘက္မွာ သံခ်ပ္ကာတင့္ကားနဲ႔ စစ္သည္တဦးကိုေတြ႔ရစဥ္။ (ေဖေဖၚဝါရီ ၁၅၊ ၂၀၂၁)


[[Zawgyi/Unicode]]

ျမန္မာႏုိင္ငံ ဗဟိုဘဏ္ရဲ႕ ဒုဥကၠ႒တဦးျဖစ္တဲ့ ေဒၚသန္းသန္းေဆြ ဒီေန႔မနက္ပိုင္းက ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရၿပီး အေရးေပၚ ေဆးကုသမႈ ခံယူေနတယ္လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးတာဝန္ရွိသူက ဗြီအိုေအကိုေျပာပါတယ္။ ဗဟန္းၿမိဳ႕ နယ္၊ ေ႐ႊဂုံ ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ သတင္းအျပည့္အစုံကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံဗဟိုဘဏ္ရဲ႕ ဒုဥကၠ႒တာဝန္ ယူထားသူတေယာက္ျဖစ္တဲ့ ေဒၚသန္းသန္းေဆြဟာ သူ႔ရဲ႕ေနအိမ္မွာ ဒီေန႔ ဧၿပီလ ၇ ရက္ မနက္ပိုင္းက ပစ္ခတ္ခံခဲ့ရပါတယ္။ လက္ရွိမွာေတာ့ တပ္မေတာ္စစ္ေဆး႐ုံမွာ ကုသမႈခံယူေနတယ္လို႔ စစ္ေကာင္ စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ရဲ႕ ဒုတိယအဖြဲ႕ေခါင္းေဆာင္ ဦးသက္ေဆြက ဗြီအိုေအ ကိုေျပာပါတယ္။

"ဟုတ္ကဲ့။ ေသနတ္နဲ႔လာပစ္သြားတဲ့ျဖစ္စဥ္ဟာ မွန္ပါတယ္။ ျပည္ထဲေရးဘက္က ေျဖထားတာကေတာ့ မနက္က အဲလိုျဖစ္သြားတာ မွန္ပါတယ္တဲ့။ အမ်ားဆုံးျဖစ္ႏိုင္တာက တပ္မေတာ္ေဆး႐ုံမွာပါ။ အဲဒါကိုလည္း က်ေနာ္တို႔က ေမးတုန္းပဲ။ ေနာက္ၿပီး ေနာက္ဆုံးအေျခအေနေရာေပါ့။ ဘယ္ေလာက္အထိ ထိခိုက္ဒဏ္ရာရလဲ ျပန္ေကာင္းႏိုင္လားဆိုတာ။ တပ္မေတာ္ေဆး႐ုံလို႔ၾကားပါတယ္။"

ေဒၚသန္းသန္းေဆြဟာ ပစ္ခတ္မႈျဖစ္တဲ့ ဗဟန္း ေ႐ႊဂုံရိပ္မြန္တိုက္ကို ဗုဒၶဟူးေန႔ ညကမွ ေျပာင္းေ႐ႊ႕လာတာလို႔ မ်က္ျမင္ ရပ္ကြက္ေဒသခံတခ်ိဳ႕က ဗြီအိုေအကိုေျပာပါတယ္။ အရင္က ဗဟန္းၿမိဳ႕နယ္ ေ႐ႊေတာင္ၾကားရပ္ကြက္မွာ ေနထိုင္တာျဖစ္ပါ တယ္။

"ပစ္ခတ္မႈတခုကေတာ့ က်ေနာ္တို႔ ဒီတိုက္ေတြကလည္း ျပင္သံဆိုေတာ့ normal ပဲ ထင္ၾကတာေပါ့ေနာ္၊ တခုခုျပဳတ္က်တဲ့ အသံေလာက္ပဲၾကားတာပါ၊ အက်ယ္ႀကီးေတာ့ မဟုတ္ဘူးဗ်။ ၉ နာရီေက်ာ္ေလာက္ ႐ုံးမတက္ခင္မွာ ျဖစ္သြားတဲ့အေနအထားဗ်။ ေ႐ႊေတာင္ၾကားမွာ တကယ္ေတာ့ သူတို႔ကေနတာ၊ ဒီမွာ သူ႔ညီမအခန္းေတြ သူ႔အခန္းေတြေတာ့ လာေနလိမ့္မယ္။ သူတို႔ညကမွ အားခ်င္းေ႐ႊ႕လာတဲ့အေနအထား ရွိတယ္ဗ်။ ညကမွ ေရာက္ေရာက္ခ်င္းပဲ ဒီေန႔မနက္ ျဖစ္သြားတာဗ် ႐ုံးမတက္ခင္မွာ။ ၉ နာရီ ေနာက္ပိုင္းမွ သူတို႔ ဆိုင္ရာလူႀကီးေတြ လာၾကတာ မီးတန္းေတြ ဘာေတြနဲ႔။"

ဗဟိုဘဏ္ဒုဥကၠ႒ ေဒၚသန္းသန္းေဆြ ပစ္ခတ္ခံရမႈဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ အေသအခ်ာ မသိရေသးပါဘူး။ ႏိုင္ငံျခားဝင္ေငြနဲ႔ပတ္သက္လို႔ ဗဟိုဘဏ္ကထိန္းခ်ဳပ္တဲ့ မူဝါဒတခ်ဳိ႕ အခုရက္ပိုင္းအတြင္း ထုတ္ျပန္ခဲ့တဲ့အတြက္ ေဝဖန္မႈေတြ ႐ွိေနခ်ိန္မွာ ခုလို ပစ္ခတ္မႈျဖစ္ခဲ့တာပါ။

ေဒၚသန္းသန္းေဆြဟာ ေရႊ၊ ေဒၚလာႀကီးၾကပ္ေရးအဖြဲ႔မွာ ဦးေဆာင္သူတဦးျဖစ္သလို ျမန္မာႏိုင္ငံ ဘဏ္လုပ္ငန္းမွာ အေတြ႔အႀကံဳရင့္တဲ့ အရာ႐ွိတဦးလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သေနတ်နဲ့ပစ်ခံရ

မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဒေါ်သန်းသန်းဆွေ ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ဗဟန်းမြို့ နယ်၊ ရွှေဂုံ ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ သတင်းအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌတာဝန် ယူထားသူတယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းဆွေဟာ သူ့ရဲ့နေအိမ်မှာ ဒီနေ့ ဧပြီလ ၇ ရက် မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ တပ်မတော်စစ်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ စစ်ကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဗွီအိုအေ ကိုပြောပါတယ်။

"ဟုတ်ကဲ့။ သေနတ်နဲ့လာပစ်သွားတဲ့ဖြစ်စဉ်ဟာ မှန်ပါတယ်။ ပြည်ထဲရေးဘက်က ဖြေထားတာကတော့ မနက်က အဲလိုဖြစ်သွားတာ မှန်ပါတယ်တဲ့။ အများဆုံးဖြစ်နိုင်တာက တပ်မတော်ဆေးရုံမှာပါ။ အဲဒါကိုလည်း ကျနော်တို့က မေးတုန်းပဲ။ နောက်ပြီး နောက်ဆုံးအခြေအနေရောပေါ့။ ဘယ်လောက်အထိ ထိခိုက်ဒဏ်ရာရလဲ ပြန်ကောင်းနိုင်လားဆိုတာ။ တပ်မတော်ဆေးရုံလို့ကြားပါတယ်။"

ဒေါ်သန်းသန်းဆွေဟာ ပစ်ခတ်မှုဖြစ်တဲ့ ဗဟန်း ရွှေဂုံရိပ်မွန်တိုက်ကို ဗုဒ္ဓဟူးနေ့ ညကမှ ပြောင်းရွှေ့လာတာလို့ မျက်မြင် ရပ်ကွက်ဒေသခံတချို့က ဗွီအိုအေကိုပြောပါတယ်။ အရင်က ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်မှာ နေထိုင်တာဖြစ်ပါ တယ်။

"ပစ်ခတ်မှုတခုကတော့ ကျနော်တို့ ဒီတိုက်တွေကလည်း ပြင်သံဆိုတော့ normal ပဲ ထင်ကြတာပေါ့နော်၊ တခုခုပြုတ်ကျတဲ့ အသံလောက်ပဲကြားတာပါ၊ အကျယ်ကြီးတော့ မဟုတ်ဘူးဗျ။ ၉ နာရီကျော်လောက် ရုံးမတက်ခင်မှာ ဖြစ်သွားတဲ့အနေအထားဗျ။ ရွှေတောင်ကြားမှာ တကယ်တော့ သူတို့ကနေတာ၊ ဒီမှာ သူ့ညီမအခန်းတွေ သူ့အခန်းတွေတော့ လာနေလိမ့်မယ်။ သူတို့ညကမှ အားချင်းရွှေ့လာတဲ့အနေအထား ရှိတယ်ဗျ။ ညကမှ ရောက်ရောက်ချင်းပဲ ဒီနေ့မနက် ဖြစ်သွားတာဗျ ရုံးမတက်ခင်မှာ။ ၉ နာရီ နောက်ပိုင်းမှ သူတို့ ဆိုင်ရာလူကြီးတွေ လာကြတာ မီးတန်းတွေ ဘာတွေနဲ့။"

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပစ်ခတ်ခံရမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ အသေအချာ မသိရသေးပါဘူး။ နိုင်ငံခြားဝင်ငွေနဲ့ပတ်သက်လို့ ဗဟိုဘဏ်ကထိန်းချုပ်တဲ့ မူဝါဒတချို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ရှိနေချိန်မှာ ခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ဒေါ်သန်းသန်းဆွေဟာ ရွှေ၊ ဒေါ်လာကြီးကြပ်ရေးအဖွဲ့မှာ ဦးဆောင်သူတဦးဖြစ်သလို မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းမှာ အတွေ့အကြုံရင့်တဲ့ အရာရှိတဦးလည်း ဖြစ်ပါတယ်။

===============

XS
SM
MD
LG