သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ ျမန္မာဂမ္ဘီယာအမႈ ၾကားနာပြဲ ျမန္မာလူထုစိတ္ဝင္စားမႈအမ်ိဳးမ်ိဳး


 ၂၀၁၉  ခုႏွစ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔အဖြဲ႔ ICJ မွာ လာေရာက္ေလွ်ာက္လဲခ်က္ေပးစဥ္က ေထာက္ခံသူမ်ားကို ေတြ႔ရစဥ္။ (ယခင္ပံုေဟာင္း)ICJ

[[Zawgyi/Unicode]]
႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္ ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက တရားစြဲထားတဲ့အမႈကို Netherlands ႏိုင္ငံ The Hague ၿမိဳ႕က ICJ ႏိုင္ငံတကာ တရား႐ုံးမွာ အခုအသံလႊင့္ေနခ်ိန္မွာ ၾကားနာစစ္ေဆးေနပါတယ္။ ဒီအမႈအတြက္ NLD အစိုးရလက္ထက္က ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံဘက္က ဦးေဆာင္သြားေရာက္ ေခ်ပခဲ့တုန္းက ျမန္မာျပည္သူအမ်ားစု သူ႔ဘက္က ရပ္တည္အားေပးခဲ့ၾကပါတယ္။ အခုတေခါက္ အမႈျပန္လည္စတင္ၾကားနာမႈအေပၚမွာေရာ ျပည္သူေတြရဲ႕စိတ္ဝင္စားမႈ ဘယ္ေလာက္ထိရွိေနပါလဲ။ ရန္ကုန္က စုစည္းေပးပို႔လာသမွ်ကို မစုျမတ္မြန္ကတင္ျပေပးထားပါတယ္။

The Hague ၿမိဳ႕က ICJ ႏိုင္ငံတကာတရား႐ုံးမွာ ျမန္မာႏိုင္ငံအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ တရားစြဲထားတဲ့ အမႈကို ဒီေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ျပန္လည္စတင္ၾကားနာေနပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံဘက္က ေခ်ပခဲ့စဥ္က ျမန္မာႏိုင္ငံကအပါအဝင္ ဥေရာပႏိုင္ငံတခ်ိဳ႕က ျမန္မာေတြကပါ The Hague ၿမိဳ႕အထိ လိုက္သြားၿပီး အားေပးပံ့ပိုးခဲ့ၾကပါတယ္။ အခုတေခါက္မွာေတာ့ စစ္ေကာင္စီက တာဝန္ေပးထားတဲ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ဦးေဆာင္တဲ့အဖြဲ႔က တရား႐ုံးမွာ ခုခံေခ်ပေနပါတယ္။ အခုတေခါက္ၾကားနာပြဲအေပၚ ျပည္သူအမ်ားရဲ႕ တုံ႔ျပန္မႈ အရင္တေခါက္လို တက္တက္ႂကြႂကြ သိပ္မေတြ႔ရပါဘူး။ လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သူမ်ားအဖြဲ႔က ဦးေမာင္ေမာင္ေလးကေတာ့ လက္ရွိ ICJ မွာ တရားစြဲခံရတဲ့ အမႈကေန လက္ရွိ ျမန္မာတႏိုင္ငံလုံး ႀကဳံေနရတဲ့ စစ္တပ္ရဲ႕က်ဴးလြန္မႈေတြအတြက္ တရားမွ်တမႈရလာဖို႔ ေမွ်ာ္လင့္ခ်က္ေတာ့ ရွိေနၾကတယ္လို႔ ခုလိုေျပာပါတယ္။

“ICJ ကိုေရာက္လာတဲ့ တရားမဲ့မႈေတြကို တရားမွ်တမႈျဖစ္ဖို႔၊ အျပစ္ကေနကင္းလြတ္ေနသူေတြကို အျပစ္ေပးအေရးယူႏိုင္တဲ့အထိ က်ေနာ္တို႔ေမွ်ာ္လင့္ပါတယ္။ ဒါတင္မကပါဘူး။ လက္ရွိ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ပိုင္း ၾကားသိျမင္ေနတဲ့အတိုင္းပါပဲ။ သတ္ျဖတ္မီးရႈိ႕မႈေတြ၊ ေသာင္းသိန္းသန္းခ်ီေအာင္ စစ္ေဘးဒုကၡသည္ေတြ၊ ကေလးေတြ၊ မိန္းကေလးေတြ အမ်ားႀကီးေပါ့။ ရခိုင္မွာ ႐ိုဟင္ဂ်ာေတြျဖစ္ခဲ့သလို လက္ရွိလည္းေဆာင္႐ြက္ေနတာျဖစ္လို႔ ICJ ကေန ႏိုင္ငံသားေတြ အားလုံးအတြက္ တရားမွ်တမႈကိုေမွ်ာ္လင့္ေနပါတယ္။”

ႏိုင္ငံေရး အက်ဥ္းသားကိစၥေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနတဦးကေတာ့ ဒီတႀကိမ္ၾကားနာမႈေနာက္ပိုင္းမွာ အာဏာသိမ္းခံထားရတဲ့ ျမန္မာျပည္ကို ကယ္တင္ႏိုင္မယ့္ လမ္းေၾကာင္းတခုေပၚထြက္လာႏိုင္မလား ဆိုတဲ့ ႏိုင္ငံေရးအသိနဲ႔ ဒီတေခါက္ တရားစီရင္ေရးကို အရင္ကထက္ ပိုစိတ္ဝင္စားမိတယ္လို႔ ခုလိုေျပာပါတယ္။

“စိတ္ဝင္စားမႈရွိတာေပါ့။ ဒီႏိုင္ငံေရးအေျပာင္းအလဲမွာ သူက တခုပါကိုပါေနတဲ့ကိစၥေလ။ သူကထိထိေရာက္ေရာက္ လုပ္ရမယ့္ကိစၥ။ ေနာက္ဆုံးကယ္မွာက က်ေနာ္တို႔ဆီမွာ အာဏာရွင္ နိဂုံးခ်ဳပ္ဖို႔ကယ္မွာ အဲလိုင္းလည္း ပါတယ္ေလ။ ICJ ၊ ICC ၊ လုံၿခဳံေရးေကာင္စီေတြ အဲဒီလိုင္းကလည္း အေရးႀကီးတဲ့ တလိုင္းပဲ။ ႏိုင္ငံေရးအရ စိတ္ဝင္စားကို စိတ္ဝင္စားရမယ္။ အေရးကိုႀကီးတယ္။”

ေဒၚေအာင္ဆန္းစုၾကည္လက္ထက္က ခုခံေခ်ပမႈကို အားေပးခဲ့တဲ့ လူငယ္တေယာက္ေတာ့ အခုအမႈကေန စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြ ရပ္သြားမယ္လို႔ ေမ ွ်ာ္လင္မ့ထားတဲ့အတြက္ သိပ္စိတ္မဝင္စားေတာ့တာျဖစ္တယ္လို႔ ခုလိုေျပာပါတယ္။

“အရင္အန္တီလက္ထက္ကတည္းက က်ေနာ္တို႔ဒီအမႈကိုသိခဲ့တယ္။ အဲဒီတုန္းက အန္တီ့ဘက္က က်ေနာ္တို႔ ရပ္တည္ခဲ့တာ။ အန္တီ့ကိုယုံလို႔ရပ္တည္ခဲ့တာ။ ခုလိုအာဏာသိမ္းၿပီးေနာက္ စစ္တပ္က သူလုပ္ခ်င္တာ၊ လုပ္ေနတာ။ ႐ိုဟင္ဂ်ာေတြသာမကဘူး။ က်ေနာ္တို႔ကိုပါ တတိုင္းတျပည္လုံးကို သူလုပ္ခ်င္တာလုပ္ေနတာ။ မတရားမႈေတြက အမ်ားႀကီးပဲ။ ႏိုင္ငံတကာကလည္း ထိုင္ၾကည့္႐ုံသက္သက္ပါပဲ။ သိပ္အားရစရာမရွိဘူး။ ဒီေတာ့ ဒီတေခါက္ဘာျဖစ္လာမလဲ က်ေနာ္တို႔မွန္းလို႔မရဘူး။ အမွန္အတိုင္းေျပာရင္ သိပ္စိတ္မဝင္စားဘူးဗ်။ စစ္တပ္လုပ္ခ်င္သလိုဆက္လုပ္ေနမွာပဲလို႔ပဲ ျမင္တယ္။ ဘာအေျပာင္းအလဲျဖစ္မလဲ။ ေစာင့္ၾကည့္ဖို႔သက္သက္ပဲ။ သိပ္ေထြေထြထူးထူး က်ေနာ္တို႔စိတ္ထဲ မရွိဘူးဗ်။”

ဒီေန႔အမႈ ျပန္လည္ၾကားနာပြဲမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံအေပၚ ဂမ္ဘီယာႏိုင္ငံက ICJ တရား႐ုံးမွာ တရားစြဲတာ တရားဝင္မႈရွိရဲ႕လားဆိုတဲ့အခ်က္ေတြကို ျမန္မာႏိုင္ငံကိုယ္စားေရွ႕ေနလိုက္ေပးတဲ့ ႏိုင္ငံတကာေရွ႕ေနေတြက ေထာက္ျပေျပာသြားခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================


[[Unicode]]

ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင်စားမှုအမျိုးမျိုး


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို Netherlands နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ ကြားနာစစ်ဆေးနေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဘက်က ဦးဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု သူ့ဘက်က ရပ်တည်အားပေးခဲ့ကြပါတယ်။ အခုတခေါက် အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ်ဝင်စားမှု ဘယ်လောက်ထိရှိနေပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

The Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်စတင်ကြားနာနေပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံဘက်က ချေပခဲ့စဉ်က မြန်မာနိုင်ငံကအပါအဝင် ဥရောပနိုင်ငံတချို့က မြန်မာတွေကပါ The Hague မြို့အထိ လိုက်သွားပြီး အားပေးပံ့ပိုးခဲ့ကြပါတယ်။ အခုတခေါက်မှာတော့ စစ်ကောင်စီက တာဝန်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့အဖွဲ့က တရားရုံးမှာ ခုခံချေပနေပါတယ်။ အခုတခေါက်ကြားနာပွဲအပေါ် ပြည်သူအများရဲ့ တုံ့ပြန်မှု အရင်တခေါက်လို တက်တက်ကြွကြွ သိပ်မတွေ့ရပါဘူး။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့က ဦးမောင်မောင်လေးကတော့ လက်ရှိ ICJ မှာ တရားစွဲခံရတဲ့ အမှုကနေ လက်ရှိ မြန်မာတနိုင်ငံလုံး ကြုံနေရတဲ့ စစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် တရားမျှတမှုရလာဖို့ မျှော်လင့်ချက်တော့ ရှိနေကြတယ်လို့ ခုလိုပြောပါတယ်။

“ICJ ကိုရောက်လာတဲ့ တရားမဲ့မှုတွေကို တရားမျှတမှုဖြစ်ဖို့၊ အပြစ်ကနေကင်းလွတ်နေသူတွေကို အပြစ်ပေးအရေးယူနိုင်တဲ့အထိ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါတင်မကပါဘူး။ လက်ရှိ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ကြားသိမြင်နေတဲ့အတိုင်းပါပဲ။ သတ်ဖြတ်မီးရှို့မှုတွေ၊ သောင်းသိန်းသန်းချီအောင် စစ်ဘေးဒုက္ခသည်တွေ၊ ကလေးတွေ၊ မိန်းကလေးတွေ အများကြီးပေါ့။ ရခိုင်မှာ ရိုဟင်ဂျာတွေဖြစ်ခဲ့သလို လက်ရှိလည်းဆောင်ရွက်နေတာဖြစ်လို့ ICJ ကနေ နိုင်ငံသားတွေ အားလုံးအတွက် တရားမျှတမှုကိုမျှော်လင့်နေပါတယ်။”

နိုင်ငံရေး အကျဉ်းသားကိစ္စဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးကတော့ ဒီတကြိမ်ကြားနာမှုနောက်ပိုင်းမှာ အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်မယ့် လမ်းကြောင်းတခုပေါ်ထွက်လာနိုင်မလား ဆိုတဲ့ နိုင်ငံရေးအသိနဲ့ ဒီတခေါက် တရားစီရင်ရေးကို အရင်ကထက် ပိုစိတ်ဝင်စားမိတယ်လို့ ခုလိုပြောပါတယ်။

“စိတ်ဝင်စားမှုရှိတာပေါ့။ ဒီနိုင်ငံရေးအပြောင်းအလဲမှာ သူက တခုပါကိုပါနေတဲ့ကိစ္စလေ။ သူကထိထိရောက်ရောက် လုပ်ရမယ့်ကိစ္စ။ နောက်ဆုံးကယ်မှာက ကျနော်တို့ဆီမှာ အာဏာရှင် နိဂုံးချုပ်ဖို့ကယ်မှာ အဲလိုင်းလည်း ပါတယ်လေ။ ICJ ၊ ICC ၊ လုံခြုံရေးကောင်စီတွေ အဲဒီလိုင်းကလည်း အရေးကြီးတဲ့ တလိုင်းပဲ။ နိုင်ငံရေးအရ စိတ်ဝင်စားကို စိတ်ဝင်စားရမယ်။ အရေးကိုကြီးတယ်။”

ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ခုခံချေပမှုကို အားပေးခဲ့တဲ့ လူငယ်တယောက်တော့ အခုအမှုကနေ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ရပ်သွားမယ်လို့ မေ ျှာ်လင်မ့ထားတဲ့အတွက် သိပ်စိတ်မဝင်စားတော့တာဖြစ်တယ်လို့ ခုလိုပြောပါတယ်။

“အရင်အန်တီလက်ထက်ကတည်းက ကျနော်တို့ဒီအမှုကိုသိခဲ့တယ်။ အဲဒီတုန်းက အန်တီ့ဘက်က ကျနော်တို့ ရပ်တည်ခဲ့တာ။ အန်တီ့ကိုယုံလို့ရပ်တည်ခဲ့တာ။ ခုလိုအာဏာသိမ်းပြီးနောက် စစ်တပ်က သူလုပ်ချင်တာ၊ လုပ်နေတာ။ ရိုဟင်ဂျာတွေသာမကဘူး။ ကျနော်တို့ကိုပါ တတိုင်းတပြည်လုံးကို သူလုပ်ချင်တာလုပ်နေတာ။ မတရားမှုတွေက အများကြီးပဲ။ နိုင်ငံတကာကလည်း ထိုင်ကြည့်ရုံသက်သက်ပါပဲ။ သိပ်အားရစရာမရှိဘူး။ ဒီတော့ ဒီတခေါက်ဘာဖြစ်လာမလဲ ကျနော်တို့မှန်းလို့မရဘူး။ အမှန်အတိုင်းပြောရင် သိပ်စိတ်မဝင်စားဘူးဗျ။ စစ်တပ်လုပ်ချင်သလိုဆက်လုပ်နေမှာပဲလို့ပဲ မြင်တယ်။ ဘာအပြောင်းအလဲဖြစ်မလဲ။ စောင့်ကြည့်ဖို့သက်သက်ပဲ။ သိပ်ထွေထွေထူးထူး ကျနော်တို့စိတ်ထဲ မရှိဘူးဗျ။”

ဒီနေ့အမှု ပြန်လည်ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားစွဲတာ တရားဝင်မှုရှိရဲ့လားဆိုတဲ့အချက်တွေကို မြန်မာနိုင်ငံကိုယ်စားရှေ့နေလိုက်ပေးတဲ့ နိုင်ငံတကာရှေ့နေတွေက ထောက်ပြပြောသွားခဲ့ကြပါတယ်။

==================

XS
SM
MD
LG