သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္စြမ္းအင္ကုမၸဏီ Eneos ရဲတံခြန္ သဘာဝဓာတ္ေငြ႔စီမံကိန္း အစုရွယ္ယာ ျပန္႐ုပ္ဖို႔စဥ္းစားေန


Myanmar Gas

[[Zawgyi/Unicode]]

ဂ်ပန္ စြမ္းအင္ကုမၸဏီ Eneos က ျမန္မာႏိ္ုင္ငံ၊ ရဲတံခြန္ သဘာဝဓာတ္ေငြ႔စီမံကိန္းမွာ ထည့္ဝင္ထားတဲ့ ကုမၸဏီအစုရွယ္ယာေတြကို ျပန္႐ုပ္သိမ္းဖို႔ ရည္ရြယ္ထားတယ္လို႔ ကုမၸဏီေျပာခြင့္ရက ဒီကေန႔ေျပာပါတယ္။ ဒီစီမံကိန္းကေန ျမန္မာစစ္တပ္အတြက္ ဝင္ေငြရေအာင္ လုပ္ေပးေနတယ္လို႔ ျပစ္တင္ေဝဖန္ေနၾကခ်ိန္မွာ Eneos ကုမၸဏီရဲ႕ အခုေျပာဆိုခ်က္ ထြက္လာတာပါ။

မေလးရွားအစိုးရပိုင္ Petronas နဲ႔ ဂ်ပန္ Mitsubishi ကုမၸဏီေတြကလည္း ျမန္မာႏိုင္ငံကေန သူတို႔လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္ အေၾကာင္း ၿပီးခဲ့တဲ့လကပဲ ေျပာထားပါတယ္။ လူမႈဘဝ ကိစၥရပ္ေတြနဲ႔ စီးပြားေရး ေရွ႕အလားအလာေတြကို အေျခခံၿပီး လုပ္ငန္း ေတြပိတ္သိမ္းဖို႔ကိစၥကို မိတ္ဘက္ စီးပြားေရးလုပ္ငန္းေတြနဲ႔ ေဆြးေႏြးတိုင္ပင္တာေတြ လုပ္ေနတယ္လို႔ Eneos ကုမၸဏီ ေျပာခြင့္ရက ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။

Nikkei စီးပြားေရး ေန႔စဥ္သတင္းစာမွာေတာ့ Eneos ကုမၸဏီ ျပန္႐ုပ္မယ့္ကိစၥဟာ ျမန္မာစစ္တပ္ကို ၀င္ေငြရေအာင္ လုပ္ေပးေနတယ္ဆိုတဲ့ ေ၀ဖန္မႈေတြေၾကာင့္ျဖစ္တယ္လို႔ ဒီကေန႔မနက္ပိုင္းက ေဖာ္ျပခဲ့ပါတယ္။ ဂ်ပန္အစိုးရဦးေဆာင္တဲ့ ကုမၸဏီတခုနဲ႔ JX Nippon ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ တူးေဖာ္ေရးလုပ္ငန္းပိုင္ Eneos ကုမၸဏီတို႔ဟာ ရဲတံခြန္စီမံကိန္းမွာ အစုရွယ္ယာ ၁၉.၃% ထည့္၀င္ထားတာျဖစ္ၿပီး Petronas ကုမၸဏီလက္ခြဲ ေဟာင္ေကာင္အေျခစိုက္ PC Myanmar ကုမၸဏီက ၄၀.၉%၊ ျမန္မာ့ ေရနံနဲ႔ ဘဘာ၀ဓာတ္ေငြ႔လုပ္ငန္းက ၂၀.၅% နဲ႔ က်န္တဲ့ အစုရွယ္ယာေတြကိုေတာ့ ထိုင္း PTTEP စြမ္းအင္ကုမၸဏီက ပိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဂျပန်စွမ်းအင်ကုမ္ပဏီ Eneos ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း အစုရှယ်ယာ ပြန်ရုပ်ဖို့စဉ်းစားနေ

ဂျပန် စွမ်းအင်ကုမ္ပဏီ Eneos က မြန်မာနိုင်ငံ၊ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ထည့်ဝင်ထားတဲ့ ကုမ္ပဏီအစုရှယ်ယာတွေကို ပြန်ရုပ်သိမ်းဖို့ ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီပြောခွင့်ရက ဒီကနေ့ပြောပါတယ်။ ဒီစီမံကိန်းကနေ မြန်မာစစ်တပ်အတွက် ဝင်ငွေရအောင် လုပ်ပေးနေတယ်လို့ ပြစ်တင်ဝေဖန်နေကြချိန်မှာ Eneos ကုမ္ပဏီရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။

မလေးရှားအစိုးရပိုင် Petronas နဲ့ ဂျပန် Mitsubishi ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကနေ သူတို့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့် အကြောင်း ပြီးခဲ့တဲ့လကပဲ ပြောထားပါတယ်။ လူမှုဘဝ ကိစ္စရပ်တွေနဲ့ စီးပွားရေး ရှေ့အလားအလာတွေကို အခြေခံပြီး လုပ်ငန်း တွေပိတ်သိမ်းဖို့ကိစ္စကို မိတ်ဘက် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်နေတယ်လို့ Eneos ကုမ္ပဏီ ပြောခွင့်ရက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Nikkei စီးပွားရေး နေ့စဉ်သတင်းစာမှာတော့ Eneos ကုမ္ပဏီ ပြန်ရုပ်မယ့်ကိစ္စဟာ မြန်မာစစ်တပ်ကို ဝင်ငွေရအောင် လုပ်ပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့်ဖြစ်တယ်လို့ ဒီကနေ့မနက်ပိုင်းက ဖော်ပြခဲ့ပါတယ်။ ဂျပန်အစိုးရဦးဆောင်တဲ့ ကုမ္ပဏီတခုနဲ့ JX Nippon ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းပိုင် Eneos ကုမ္ပဏီတို့ဟာ ရဲတံခွန်စီမံကိန်းမှာ အစုရှယ်ယာ ၁၉.၃% ထည့်ဝင်ထားတာဖြစ်ပြီး Petronas ကုမ္ပဏီလက်ခွဲ ဟောင်ကောင်အခြေစိုက် PC Myanmar ကုမ္ပဏီက ၄၀.၉%၊ မြန်မာ့ ရေနံနဲ့ ဘဘာဝဓာတ်ငွေ့လုပ်ငန်းက ၂၀.၅% နဲ့ ကျန်တဲ့ အစုရှယ်ယာတွေကိုတော့ ထိုင်း PTTEP စွမ်းအင်ကုမ္ပဏီက ပိုင်ပါတယ်။
===============

XS
SM
MD
LG