သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြိဳင္ေကာ္မွာ စစ္ေကာင္စီတပ္ လက္နက္ႀကီးနဲ႔ပစ္လို႔ ထိခိုက္ဒဏ္ရာရသူေတြရွိ 


Loikaw လြိဳင္ေကာ္

[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာ စစ္ေကာင္စီက ဒီမနက္အေစာပိုင္း လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့လို႔ ထိခိုက္ဒဏ္ရာရသူေတြ ရွိခဲ့တယ္လို႔ ဒဏ္ရာရခဲ့တဲ့ မိသားစုဝင္ တခ်ိဳ႕က ဗြီအိုေအကိုေျပာပါတယ္။ ဒီရက္ပိုင္းထဲမွာ စစ္ေကာင္စီက ကယားျပည္နယ္ထဲမွာ ထိုးစစ္ဆင္မႈေတြ တိုးၿပီးလုပ္လာေနတဲ့အတြက္ အိုးအိမ္စြန႔္ခြာေျပးသူေတြလည္း ျပန္မ်ားလာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကယားျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ လြိဳင္ေကာ္ၿမိဳ႕ထဲကို ဒီေန႔ ဧၿပီ ၁၄ ရက္ သႀကၤန္အက် ေန႔ မနက္ ၈ နာရီေလာက္မွာ စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့လို႔ ေဒသခံတခ်ိဳ႕ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ကေလးငယ္တေယာက္အပါအဝင္ လက္နက္ႀကီးက်ည္ ထိမွန္ခဲ့သူေတြရွိတယ္လို႔ လက္နက္ႀကီးေပါက္ကြဲမႈေတြကို ႀကဳံေတြ႕ခဲ့တဲ့ ေဒသခံတဦးက ဗြီအိုေအကိုေျပာပါတယ္။

"က်မတို႔အိမ္နားမွာက်တာက ေတာ္ေတာ္မ်ားတယ္ေလ။ သူတို႔တင့္ကားနဲ႔ ပစ္တာ ၇ လုံးေလာက္ရွိတယ္။ အိမ္ေခါင္မိုး ပြင့္သြားတာေတြ၊ မီးဖိုေဆာင္ပြင့္ သြားတာေတြ၊ ကားေပၚက်တာေတြ၊ အဲလိုရွိတယ္ေပါ့။ ေကာင္မေလး ၁၁ ႏွစ္အ႐ြယ္ ကေလးတေယာက္ေပါင္နား စင္သြားတယ္။ အေဒၚတေယာက္က လည္ပင္းနားထိသြားတယ္။ ဆိုင္ကယ္ေမာင္းေနတဲ့ ဦးႀကီးတေယာက္ ပစၥည္းတင္ေန တာ ေခါင္းနားမွာ နည္းနည္းမွန္သြားတယ္။"

လက္ရွိမွာေတာ့ လြိဳင္ေကာ္ၿမိဳ႕ထဲက ေဒသခံအမ်ားအျပား ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ လြိဳင္ေကာ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ ေတြျဖစ္တဲ့ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF နဲ႔ ျပည္သူ႔ကာကြယ္ေရး PDF ပူးေပါင္းတပ္ေတြၾကား ၿပီးခဲ့တဲ့လေတြက တိုက္ပြဲေတြရွိခဲ့ေပမယ့္ ဧၿပီလဆန္းပိုင္းကစလို႔ တိုက္ပြဲေတြ ႀကိဳးၾကားႀကိဳးၾကားသာ ရွိပါေတာ့တယ္။ ဒီေန႔ကေတာ့ တိုက္ပြဲမရွိဘဲ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ၿမိဳ႕လယ္ကို ပစ္ခတ္တာျဖစ္ပါတယ္။

လြိဳင္ေကာ္ၿမိဳ႕ အေရွ႕ပိုင္းက အိမ္ေတြကေတာ့ လက္နက္ႀကီးက်ည္ေတြက်ၿပီး မီးေလာင္ခဲ့တယ္လို႔ အဲဒီေနရာမွာ ကယ္ဆယ္ ေရးလုပ္ေနတဲ့ ပရဟိတအဖြဲ႕တခုက ဗြီအိုေအကို ေျပာပါတယ္။

"လြိဳင္ေကာ္ၿမိဳ႕ထဲက ႐ြာေလး႐ြာေပါ့ လက္နက္ႀကီးေတြပစ္ေတာ့ မီးေတြဘာေတြေလာင္တယ္၊ မီးေတြရႈိ႕ခံရတယ္ အဲဒါမို႔ ႐ြာကလူေတြေျပးတယ္။ တခ်ိဳ႕ကက်န္ခဲ့တာေပါ့။ ႐ြာထဲမွာ ပိတ္မိတဲ့သူေတြက်န္ခဲ့ေသးတယ္။ ဒီးေမာ့ဆိုမွာ မေန႔က ဆိုရင္ တညလုံးပစ္တယ္၊ လက္နက္ႀကီးေတြနဲ႔ေပါ့ေနာ္။"

လက္နက္ႀကီးက်ည္ေတြက်တဲ့ထဲက ႐ြာတခ်ိဳ႕ဆိုရင္ ဘယ္တုန္းကမွ တိုက္ပြဲေတြျဖစ္ခဲ့တာမရွိဘဲ စစ္ေကာင္စီဘက္က တဖက္သတ္ ပစ္ခတ္ခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။ အခု ဧၿပီလအေစာပိုင္းကစၿပီး ဒီးေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္ ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက လက္နက္ႀကီးနဲ႔ပစ္ခတ္တာ၊ မီးရႈိ႕တာေတြလုပ္ခဲ့တာေၾကာင့္ ပထမပတ္ထဲမွာတင္ ၂ ဦး ေသဆုံးခဲ့ၿပီး ၇ ဦး ထိခိုက္ ဒဏ္ရာရခဲ့တယ္လို႔ေျပာပါတယ္။ မီးရႈိ႕ခံရတဲ့ လူေနအိမ္ ၃၅ လုံးထက္မနည္းရွိၿပီး လက္နက္ႀကီးက်ည္ ထိမွန္တဲ့ေနအိမ္ ၉ လုံးရွိတယ္လို႔ KNDF ကထုတ္ျပန္ထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ကယားျပည္နယ္ထဲက အေျခအေနေတြနဲ႔ ပတ္သက္ၿပီး သီးျခားသတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]
လွိုင်ကော်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရသူတွေရှိ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီက ဒီမနက်အစောပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒဏ်ရာရခဲ့တဲ့ မိသားစုဝင် တချို့က ဗွီအိုအေကိုပြောပါတယ်။ ဒီရက်ပိုင်းထဲမှာ စစ်ကောင်စီက ကယားပြည်နယ်ထဲမှာ ထိုးစစ်ဆင်မှုတွေ တိုးပြီးလုပ်လာနေတဲ့အတွက် အိုးအိမ်စွန့်ခွာပြေးသူတွေလည်း ပြန်များလာပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့ထဲကို ဒီနေ့ ဧပြီ ၁၄ ရက် သြင်္ကန်အကျ နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးငယ်တယောက်အပါအဝင် လက်နက်ကြီးကျည် ထိမှန်ခဲ့သူတွေရှိတယ်လို့ လက်နက်ကြီးပေါက်ကွဲမှုတွေကို ကြုံတွေ့ခဲ့တဲ့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျမတို့အိမ်နားမှာကျတာက တော်တော်များတယ်လေ။ သူတို့တင့်ကားနဲ့ ပစ်တာ ၇ လုံးလောက်ရှိတယ်။ အိမ်ခေါင်မိုး ပွင့်သွားတာတွေ၊ မီးဖိုဆောင်ပွင့် သွားတာတွေ၊ ကားပေါ်ကျတာတွေ၊ အဲလိုရှိတယ်ပေါ့။ ကောင်မလေး ၁၁ နှစ်အရွယ် ကလေးတယောက်ပေါင်နား စင်သွားတယ်။ အဒေါ်တယောက်က လည်ပင်းနားထိသွားတယ်။ ဆိုင်ကယ်မောင်းနေတဲ့ ဦးကြီးတယောက် ပစ္စည်းတင်နေ တာ ခေါင်းနားမှာ နည်းနည်းမှန်သွားတယ်။"

လက်ရှိမှာတော့ လွိုင်ကော်မြို့ထဲက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ လွိုင်ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ တွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့လတွေက တိုက်ပွဲတွေရှိခဲ့ပေမယ့် ဧပြီလဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ကြိုးကြားကြိုးကြားသာ ရှိပါတော့တယ်။ ဒီနေ့ကတော့ တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ မြို့လယ်ကို ပစ်ခတ်တာဖြစ်ပါတယ်။

လွိုင်ကော်မြို့ အရှေ့ပိုင်းက အိမ်တွေကတော့ လက်နက်ကြီးကျည်တွေကျပြီး မီးလောင်ခဲ့တယ်လို့ အဲဒီနေရာမှာ ကယ်ဆယ် ရေးလုပ်နေတဲ့ ပရဟိတအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

"လွိုင်ကော်မြို့ထဲက ရွာလေးရွာပေါ့ လက်နက်ကြီးတွေပစ်တော့ မီးတွေဘာတွေလောင်တယ်၊ မီးတွေရှို့ခံရတယ် အဲဒါမို့ ရွာကလူတွေပြေးတယ်။ တချို့ကကျန်ခဲ့တာပေါ့။ ရွာထဲမှာ ပိတ်မိတဲ့သူတွေကျန်ခဲ့သေးတယ်။ ဒီးမော့ဆိုမှာ မနေ့က ဆိုရင် တညလုံးပစ်တယ်၊ လက်နက်ကြီးတွေနဲ့ပေါ့နော်။"

လက်နက်ကြီးကျည်တွေကျတဲ့ထဲက ရွာတချို့ဆိုရင် ဘယ်တုန်းကမှ တိုက်ပွဲတွေဖြစ်ခဲ့တာမရှိဘဲ စစ်ကောင်စီဘက်က တဖက်သတ် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ အခု ဧပြီလအစောပိုင်းကစပြီး ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့တာတွေလုပ်ခဲ့တာကြောင့် ပထမပတ်ထဲမှာတင် ၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ပြောပါတယ်။ မီးရှို့ခံရတဲ့ လူနေအိမ် ၃၅ လုံးထက်မနည်းရှိပြီး လက်နက်ကြီးကျည် ထိမှန်တဲ့နေအိမ် ၉ လုံးရှိတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး သီးခြားသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

============

XS
SM
MD
LG