သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မင္းတပ္-မတူပီလမ္းမေပၚ စစ္ေကာင္စီတပ္နဲ႔ CDF မတူပီၾကား တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ 


မတူပီၿမိဳ႕နယ္၊ ျခမ္းျပန္းေက်းရြာသစ္နဲ႔ရြာေဟာင္း Matupi (MIMU)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ မင္းတပ္-မတူပီ လမ္းမေပၚ ျခန္းျပန္းေက်းရြာနားမွာ CDF မတူပီနဲ႔ စစ္ေကာင္စီအၾကား မတ္လ ၃၁ ရက္ ဒီေန႔ မနက္ပိုင္းက တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီရဲ႕ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ျခန္းျပန္းရြာသစ္ ရြာေဟာင္းအပါအဝင္ ေက်းရြာ ၅ ရြာထက္မနည္းက ေထာင္နဲ႔ခ်ီတဲ့ေဒသခံေတြ အိုးအိမ္စြန္႔ၿပီး ေဘးလြတ္ရာ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာ တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္မွာ CDF မတူပီနဲ႔ စစ္ေကာင္စီတို႔အၾကား ဒီေန႔ ၾကာသပေတးေန႔မနက္ပိုင္းက တိုက္ပြဲေတြ ျဖစ္ေနပါ တယ္။ မင္းတပ္-မတူပီ လမ္းမေပၚက ျခန္းျပန္ေက်းရြာသစ္နဲ႔ ရြာေဟာင္းၾကားမွာျဖစ္တဲ့ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီတပ္ေတြဘက္က လက္နက္ႀကီးေတြသံုးၿပီး တိုက္ခိုက္ တယ္လို႔ ျခန္းျပန္းရြာခံတဦးက ဗီြအိုေအကိုေျပာပါတယ္။

“မေန႔က ဆင္းလာတာေပါ့။ သူတို႔က ျခန္းျပန္းရြာသစ္မွာ အိပ္တယ္။ အိပ္ၿပီးေတာ့ ဒီေန႔ေတာ့ ရြာသစ္နဲ႔ ရြာေဟာင္းၾကားမွာ တိုက္ပြဲျဖစ္တယ္ေပါ့။ အခုေတာ့ နည္းနည္းၿငိမ္ေနတယ္။ ဒါေပမယ့္ စက္ေသနတ္ေတြနဲ႔ လက္နက္ႀကီးေတြနဲ႔ေရာ ေတာေတာင္ေတြကို ပစ္ေနတာေပါ့။ ဒီျခန္းျပန္းရြာသစ္ ရြာေဟာင္း၊ ၈၄ ဆို နီးလို႔ေလ။ မိုင္ ၂၀ တို႔။ လက္နက္ႀကီးေတြနဲ႔ တိုက္ပြဲျဖစ္ရင္ ေတာက္ေလွ်ာက္ပစ္တယ္ေပါ့ သူတို႔က လက္နက္ႀကီးေတြနဲ႔ မတူပီတပ္ရင္းကေနေပါ့။”

ေက်း႐ြာေတြ႐ွိတဲ့ဘက္ကိုပါ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ျခန္းျပန္းေက်းရြာသစ္၊ ေက်းရြာေဟာင္းအပါအဝင္ မင္းတပ္-မတူပီ လမ္းမႀကီးတေလွ်ာက္႐ြာေတြက ေဒသခံေတြ ေတာေတာင္ေတြထဲ ထြက္ေျပးပုန္းခိုေနၾကရပါတယ္။

“ေဒသခံေတြကေတာ့ ဒီလိုပဲ ေတာေတာင္ေတြထဲမွာ ေရွာင္ပုန္းေနရတာေပါ့၊ ဒီလိုပဲ အခုလည္း ေတာေတာင္ေတြထဲမွာ က်ေနာ္လည္း ေတာေတာင္ထဲမွာေရာက္ေနတာ အခုက၊ ဟိုရြာဘက္မွာ လက္နက္ႀကီးေတြနဲ႔ ရြာေတြေရာ ပစ္ေနတာဆိုေတာ့ အနီးအနား ရြာဆုိရင္ အခု မင္းတပ္ မတူပီလမ္းေၾကာင္း ေတာက္ေလွ်ာက္က ရြာေတြကေတာ့ ေျပးရတာေပါ့။ မိုင္ ၇၀ ေျပးရမယ္၊ ၈၄ ေျပးရမယ္၊ ေမႊတုန္း ေျပးရတယ္ေပါ့။ လမ္းေက်ာမွာရွိတဲ့ ရြာေတြေပါ့၊ ေျပးလိုက္၊ အိမ္ကိုျပန္သြားလိုက္။ အဲ့လိုပဲ ေနရတာေပါ့ဗ်ာ။ လက္နက္ႀကီးနဲ႔ပစ္လိုက္ ျပန္ေျပးလိုက္ အဲ့လိုပဲေနၾကတာ။”

ခုလို စစ္ေကာင္စီတပ္ေတြ ေရာက္မလာခင္ကတည္းက ႐ြာသားေတာ္ေတာ္မ်ားမ်ားကေတာ့ ေဘးလြတ္ရာ ႀကိဳၿပီး ထြက္ေျပး ပုန္းခိုေနၾကတာျဖစ္ပါတယ္။

ထြက္ေျပးေနၾကရသူေတြထဲမွာ လူမမာေတြပါ ပါတာေၾကာင့္ ေဆးဝါး အခက္အခဲျဖစ္ေနၾကတယ္လို႔ ေနာက္႐ြာခံတေယာက္က ေျပာပါတယ္။

“ေတာထဲမွာဆိုေတာ့ ခက္ခဲတာနဲ႔ ျဖစ္သလိုပဲ က်ေနာ္တို႔ ဒီမွာ စားရပါတယ္။ အခ်ဳိ႕က ေနမေကာင္းတဲ့လူေတြလည္း ရွိတယ္။ ဝမ္းေလွ်ာတဲ့လူေတြလည္းရွိတယ္၊ အဲ့လိုေလး ေနမေကာင္းတဲ့အေျခအေနမွာ ေသာက္ဖို႔ ဘာဖို႔က ေဆးဝါးေတြဘာေတြနဲ႔ အခက္အခဲအမ်ဳိးမ်ဳိးနဲ႔ ဒီမွာေနထိုင္ရတယ္။”

ခုလို အခက္အခဲေတြနဲ႔ ပုန္းခိုေနၾကေပမဲ့ ေဘးလြတ္တယ္လို႔ မခံစားရေၾကာင္းကိုလည္း ေနာက္ထပ္ စစ္ေျပးဒုကၡသည္တေယာက္ က ေျပာပါတယ္။

“က်မတို႔လည္း သူတို႔လာတဲ့အခ်ိန္မွာ ေရွာင္တဲ့အေနနဲ႔ ထြက္ေျပးတာျဖစ္တယ္။ ၿပီးလို႔ရွိရင္ သူတို႔က လက္နက္ႀကီးနဲ႔လည္း ခ်တယ္။ ေသနတ္လည္း ေဖာက္တာေပါ့ေနာ္။ အဲ့လိုမ်ဳိးျဖစ္တဲ့အခ်ိန္မွာ က်မတို႔ကေၾကာက္တယ္။ ေရွာင္တဲ့အေနနဲ႔ က်မတို႔ေျပးရတာေပါ့။ က်မတို႔ ဒီအိမ္နားေပါ့ေနာ္။ အဲ့လိုမ်ဳိး လက္နက္ႀကီးေတြခ်တဲ့အခ်ိန္မွာ ထိခိုက္မွာလည္း စိုးရိမ္တယ္။”

မေကြးတိုင္း ေက်ာက္ထုၿမိဳ႕နယ္ကေန မတူပီအေျခစိုက္ ခလရ ၃၀၄ တပ္ရင္းကို ဆင္းႀကိဳတဲ့ စစ္ေကာင္စီယာဥ္တန္းေတြကို ၾကားျဖတ္တိုက္ခိုက္ခဲ့တာကေန ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္တာလို႔ CDF မတူပီ ျပန္ၾကားေရးတာဝန္ခံ ေႏြဦးလင္းက ဗီြအိုေအကို ေျပာပါတယ္။

“ဒီ မတူပီ မင္းတပ္ လမ္းၾကားတေနရာမွာေပါ့။ က်ေနာ္တို႔ ဒီ CDF မတူပီနဲ႔ ထိေတြ႕ျဖစ္တယ္။ ျဖစ္တာေတာ့ မေန႔က ညေနပိုင္းကတည္းကေပါ့။ ဒါေပမယ့္ ႏွစ္ဘက္ပစ္ခတ္မႈမရွိ မေန႔က ညေနပုိင္းကတည္းက သူတို႔ ဒီက်ေနာ္တို႔ ေထာင္ထားတဲ့ မိုင္းနဲ႔ နင္းမိတာမ်ဳိးေတြရွိတယ္။ ဒါေပမယ့္ ဒီမနက္ ၇ နာရီ ၂၅ မွာေတာ့ ဒီ သူတို႔ဘက္က အင္အား ၈၀ နီးပါးေလာက္ေပါ၊့ တက္လာတဲ့အခ်ိန္က်ေတာ့ က်ေနာ္တို႔ေထာင္ထားတဲ့မိုင္းနဲ႔ နင္းမိသလို ႏွစ္ဘက္ထိေတြ႕မႈ ပစ္ခတ္မႈလည္း ျဖစ္တယ္ေပါ့၊ ဒါတႀကိမ္ေပါ့ေနာ္၊ ၿပီးေတာ့မွ ဒီ မနက္ ၉ နာရီ ၁၀ ကေန ဒီ ၉ နာရီ ၅၀ ေလာက္ထိေတာ့ တႀကိမ္ စုစုေပါင္း က်ေနာ္တို႔ ႏွစ္ႀကိမ္ေပါ့ ဒီေန႔မနက္ ပစ္ခတ္တာ။”

မင္းတပ္ဘက္က တိုက္ပဲြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ခုလိုေျပာပါတယ္။

“ခ်င္းျပည္နယ္အေျခအေနကေတာ့ မတူပီထဲမွာေတာ့ မတ္လ ၂၉ ရက္ေန႔က ျဖစ္ခဲ့တာတခုရွိတယ္၊ မတ္လ ၂၉ ရက္ေန႔က မင္းတပ္ကေန မတူပီကို က်ေနာ္တို႔တပ္မေတာ္က လံုၿခံဳေရးယာဥ္တန္းတခုသြားတာကို အဲ့ဒါ ဝိုင္းဝန္းပစ္ခတ္တဲ့ ျဖစ္စဥ္တခုျဖစ္ပြားခဲ့တယ္။ အဲ့မွာ က်ေနာ္တို႔ဆီက စစ္သည္ အခ်ဳိ႕ဒဏ္ရာရရွိခဲ့တဲ့ျဖစ္စဥ္ျဖစ္ပါတယ္။ မနက္ ၁၀ နာရီေလာက္ကေနၿပီးေတာ့ ၁၀ နာရီ ၅ မိနစ္ေလာက္ထိ ထိေတြ႕မႈျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္ရွိပါတယ္။”

ခ်င္းျပည္နယ္ထဲက မင္းတပ္၊ မတူပီၿမိဳ႕နယ္ေတြဘက္မွာ စစ္ေကာင္စီတပ္ေတြ အင္အားအမ်ားအျပားနဲ႔ စစ္ေရးလႈပ္႐ွားေနသလို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔လည္း ေန႔စဥ္ဆိုသလို တုိက္ပြဲေတြျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


မင်းတပ်-မတူပီလမ်းမပေါ် စစ်ကောင်စီတပ်နဲ့ CDF မတူပီကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်

ချင်းပြည်နယ်၊ မင်းတပ်-မတူပီ လမ်းမပေါ် ခြန်းပြန်းကျေးရွာနားမှာ CDF မတူပီနဲ့ စစ်ကောင်စီအကြား မတ်လ ၃၁ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခြန်းပြန်းရွာသစ် ရွာဟောင်းအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာ CDF မတူပီနဲ့ စစ်ကောင်စီတို့အကြား ဒီနေ့ ကြာသပတေးနေ့မနက်ပိုင်းက တိုက်ပွဲတွေ ဖြစ်နေပါ တယ်။ မင်းတပ်-မတူပီ လမ်းမပေါ်က ခြန်းပြန်ကျေးရွာသစ်နဲ့ ရွာဟောင်းကြားမှာဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက် တယ်လို့ ခြန်းပြန်းရွာခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“မနေ့က ဆင်းလာတာပေါ့။ သူတို့က ခြန်းပြန်းရွာသစ်မှာ အိပ်တယ်။ အိပ်ပြီးတော့ ဒီနေ့တော့ ရွာသစ်နဲ့ ရွာဟောင်းကြားမှာ တိုက်ပွဲဖြစ်တယ်ပေါ့။ အခုတော့ နည်းနည်းငြိမ်နေတယ်။ ဒါပေမယ့် စက်သေနတ်တွေနဲ့ လက်နက်ကြီးတွေနဲ့ရော တောတောင်တွေကို ပစ်နေတာပေါ့။ ဒီခြန်းပြန်းရွာသစ် ရွာဟောင်း၊ ၈၄ ဆို နီးလို့လေ။ မိုင် ၂၀ တို့။ လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ရင် တောက်လျှောက်ပစ်တယ်ပေါ့ သူတို့က လက်နက်ကြီးတွေနဲ့ မတူပီတပ်ရင်းကနေပေါ့။”

ကျေးရွာတွေရှိတဲ့ဘက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ခြန်းပြန်းကျေးရွာသစ်၊ ကျေးရွာဟောင်းအပါအဝင် မင်းတပ်-မတူပီ လမ်းမကြီးတလျှောက်ရွာတွေက ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးပုန်းခိုနေကြရပါတယ်။

“ဒေသခံတွေကတော့ ဒီလိုပဲ တောတောင်တွေထဲမှာ ရှောင်ပုန်းနေရတာပေါ့၊ ဒီလိုပဲ အခုလည်း တောတောင်တွေထဲမှာ ကျနော်လည်း တောတောင်ထဲမှာရောက်နေတာ အခုက၊ ဟိုရွာဘက်မှာ လက်နက်ကြီးတွေနဲ့ ရွာတွေရော ပစ်နေတာဆိုတော့ အနီးအနား ရွာဆိုရင် အခု မင်းတပ် မတူပီလမ်းကြောင်း တောက်လျှောက်က ရွာတွေကတော့ ပြေးရတာပေါ့။ မိုင် ၇၀ ပြေးရမယ်၊ ၈၄ ပြေးရမယ်၊ မွှေတုန်း ပြေးရတယ်ပေါ့။ လမ်းကျောမှာရှိတဲ့ ရွာတွေပေါ့၊ ပြေးလိုက်၊ အိမ်ကိုပြန်သွားလိုက်။ အဲ့လိုပဲ နေရတာပေါ့ဗျာ။ လက်နက်ကြီးနဲ့ပစ်လိုက် ပြန်ပြေးလိုက် အဲ့လိုပဲနေကြတာ။”

ခုလို စစ်ကောင်စီတပ်တွေ ရောက်မလာခင်ကတည်းက ရွာသားတော်တော်များများကတော့ ဘေးလွတ်ရာ ကြိုပြီး ထွက်ပြေး ပုန်းခိုနေကြတာဖြစ်ပါတယ်။

ထွက်ပြေးနေကြရသူတွေထဲမှာ လူမမာတွေပါ ပါတာကြောင့် ဆေးဝါး အခက်အခဲဖြစ်နေကြတယ်လို့ နောက်ရွာခံတယောက်က ပြောပါတယ်။

“တောထဲမှာဆိုတော့ ခက်ခဲတာနဲ့ ဖြစ်သလိုပဲ ကျနော်တို့ ဒီမှာ စားရပါတယ်။ အချို့က နေမကောင်းတဲ့လူတွေလည်း ရှိတယ်။ ဝမ်းလျှောတဲ့လူတွေလည်းရှိတယ်၊ အဲ့လိုလေး နေမကောင်းတဲ့အခြေအနေမှာ သောက်ဖို့ ဘာဖို့က ဆေးဝါးတွေဘာတွေနဲ့ အခက်အခဲအမျိုးမျိုးနဲ့ ဒီမှာနေထိုင်ရတယ်။”

ခုလို အခက်အခဲတွေနဲ့ ပုန်းခိုနေကြပေမဲ့ ဘေးလွတ်တယ်လို့ မခံစားရကြောင်းကိုလည်း နောက်ထပ် စစ်ပြေးဒုက္ခသည်တယောက် က ပြောပါတယ်။

“ကျမတို့လည်း သူတို့လာတဲ့အချိန်မှာ ရှောင်တဲ့အနေနဲ့ ထွက်ပြေးတာဖြစ်တယ်။ ပြီးလို့ရှိရင် သူတို့က လက်နက်ကြီးနဲ့လည်း ချတယ်။ သေနတ်လည်း ဖောက်တာပေါ့နော်။ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ ကျမတို့ကကြောက်တယ်။ ရှောင်တဲ့အနေနဲ့ ကျမတို့ပြေးရတာပေါ့။ ကျမတို့ ဒီအိမ်နားပေါ့နော်။ အဲ့လိုမျိုး လက်နက်ကြီးတွေချတဲ့အချိန်မှာ ထိခိုက်မှာလည်း စိုးရိမ်တယ်။”

မကွေးတိုင်း ကျောက်ထုမြို့နယ်ကနေ မတူပီအခြေစိုက် ခလရ ၃၀၄ တပ်ရင်းကို ဆင်းကြိုတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကနေ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တာလို့ CDF မတူပီ ပြန်ကြားရေးတာဝန်ခံ နွေဦးလင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီ မတူပီ မင်းတပ် လမ်းကြားတနေရာမှာပေါ့။ ကျနော်တို့ ဒီ CDF မတူပီနဲ့ ထိတွေ့ဖြစ်တယ်။ ဖြစ်တာတော့ မနေ့က ညနေပိုင်းကတည်းကပေါ့။ ဒါပေမယ့် နှစ်ဘက်ပစ်ခတ်မှုမရှိ မနေ့က ညနေပိုင်းကတည်းက သူတို့ ဒီကျနော်တို့ ထောင်ထားတဲ့ မိုင်းနဲ့ နင်းမိတာမျိုးတွေရှိတယ်။ ဒါပေမယ့် ဒီမနက် ၇ နာရီ ၂၅ မှာတော့ ဒီ သူတို့ဘက်က အင်အား ၈၀ နီးပါးလောက်ပေါ၊့ တက်လာတဲ့အချိန်ကျတော့ ကျနော်တို့ထောင်ထားတဲ့မိုင်းနဲ့ နင်းမိသလို နှစ်ဘက်ထိတွေ့မှု ပစ်ခတ်မှုလည်း ဖြစ်တယ်ပေါ့၊ ဒါတကြိမ်ပေါ့နော်၊ ပြီးတော့မှ ဒီ မနက် ၉ နာရီ ၁၀ ကနေ ဒီ ၉ နာရီ ၅၀ လောက်ထိတော့ တကြိမ် စုစုပေါင်း ကျနော်တို့ နှစ်ကြိမ်ပေါ့ ဒီနေ့မနက် ပစ်ခတ်တာ။”

မင်းတပ်ဘက်က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောပါတယ်။

“ချင်းပြည်နယ်အခြေအနေကတော့ မတူပီထဲမှာတော့ မတ်လ ၂၉ ရက်နေ့က ဖြစ်ခဲ့တာတခုရှိတယ်၊ မတ်လ ၂၉ ရက်နေ့က မင်းတပ်ကနေ မတူပီကို ကျနော်တို့တပ်မတော်က လုံခြုံရေးယာဉ်တန်းတခုသွားတာကို အဲ့ဒါ ဝိုင်းဝန်းပစ်ခတ်တဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်။ အဲ့မှာ ကျနော်တို့ဆီက စစ်သည် အချို့ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ မနက် ၁၀ နာရီလောက်ကနေပြီးတော့ ၁၀ နာရီ ၅ မိနစ်လောက်ထိ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။”

ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ရေးလှုပ်ရှားနေသလို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေပါတယ်။
==============

XS
SM
MD
LG