သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယ၊ မီဇိုရမ္မွာခိုလႈံေနတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ ဒုကၡသည္အသိအမွတ္ျပဳကဒ္ျပားထုတ္ေပး


ျမန္မာနဲ႔နယ္ခ်င္းကပ္ အိႏၵိယအေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးတိမ္းေရွာင္သူေတြအတြက္ ေနထိုင္ေရးလုံၿခဳံဖို႔ မီဇိုရမ္ျပည္နယ္အစိုးရက Refugee ID (ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳ) ကဒ္ေတြ ထုတ္ေပးေနပါတယ္။ လက္ရွိ မီဇိုရမ္ ျပည္နယ္၊ က်န္ဖိုင္းခ႐ိုင္ဘက္မွာ ျမန္မာဘက္က ဒုကၡသည္ ၄,၀၀၀ ေက်ာ္ ID ကဒ္ ရထားၿပီလို႔ မီဇိုရမ္ ဒုကၡသည္ကူညီေရးအဖြဲ႕ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္နဲ႔ကပ္ေနတဲ့ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထြက္ေျပးခိုလႈံၾကသူေတြကို မီဇိုရမ္ ျပည္နယ္အစိုးရက ဒုကၡသည္အသိအမွတ္ျပဳမွတ္ပုံတင္ Refugee ID ကဒ္ေတြ ထုတ္ေပးေနပါတယ္။ အထူးသျဖင့္ က်န္ဖိုင္း ခ႐ိုင္မွာ ဒုကၡသည္ ၄,၀၀၀ ေလာက္ Refugee ID ကဒ္ ရရွိခဲ့တယ္လို႔ မီဇိုရမ္ NGO United for Democratic Myanmar တြဲဖက္အတြင္းေရးမႉး ကိုရစ္ခ်တ္ က ဗြီအိုေအကိုေျပာပါတယ္။

“သူတို႔တျပည္နယ္လုံးမွာလုပ္ေနတာ။ ဒါေပမယ့္ က်န္ဖိုင္းမွာက်ေတာ့ ပိုၿပီးေတာ့ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္သြားတာေပါ့ေနာ္။ စစ္ေဘးေရွာင္ေတြက်ေတာ့ က်န္ဖိုင္းခ႐ိုင္မွာဆိုရင္ တေသာင္းေက်ာ္ေလာက္ရွိတယ္။ အဲဒီ တေသာင္းေက်ာ္ေက်ာ္ေလာက္မွာ ေလာေလာဆယ္ သူတို႔စာရင္းယူႏိုင္တာက (၆,၀၀၀) ေက်ာ္။ (၆,၀၀၀) ေက်ာ္ထဲမွာ (၄,၀၀၀) ေက်ာ္ကို အဲဒီ Refugee ကဒ္ေပးၿပီးသြားၿပီေပါ့ေနာ္။ က်န္တဲ့ဟာေတြလည္း ဆက္လုပ္သြားဖို႔ရွိတယ္။”

ျမန္မာႏိုင္ငံကေန တိမ္းေရွာင္ေရာက္လာတဲ့ ဒုကၡသည္ေတြအေရးကို ကိုင္တြယ္ဖို႔ မီဇိုရမ္ျပည္နယ္အစိုးရက တာဝန္ေပးထားတဲ့ ျပည္နယ္ဒုတိယ ေကာ္မရွင္နာမင္းႀကီးနဲ႔အတူ ျပည္ထဲေရးဌာနတာဝန္ရွိသူေတြ၊ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရးနဲ႔ ျပန္လည္ထူေထာင္ေရးဌာနက တာဝန္ရွိသူေတြဟာ အိုက္ေဇာၿမိဳ႕ေရာက္ စစ္ေျပး ဒုကၡသည္ေတြ ခိုလႈံေနတဲ့ေနရာေတြဆီ ဇန္နဝါရီလ ၁၉ ရက္က သြားေရာက္ၾကည့္ရႈခဲ့ၿပီး ဒုကၡသည္ မွတ္ပုံတင္ကဒ္ျပားေတြ ထုတ္ေပးမယ္ လို႔ ေၾကညာခဲ့တာပါ။

ဒုကၡသည္မ်ားမွတ္ပုံတင္ Refugee ID ကဒ္ကို မီဇိုရမ္ျပည္နယ္အစိုးရက တာဝန္ေပးထားတဲ့အဖြဲ႕ေတြကေန စီစဥ္ထုတ္ေပးေနတာျဖစ္တယ္လို႔ ကိုရစ္ခ်တ္က ရွင္းျပပါတယ္။

“အဲဒီကဒ္ျပားက မီဇိုရမ္အစိုးရက ေနၿပီးေတာ့မွ စီစဥ္ေဆာင္႐ြက္တဲ့ဟာျဖစ္တယ္။ ဒီျပည္နယ္မွာသူက အဲဒီ ID ကဒ္ကို လုပ္မယ့္အဖြဲ႕အစည္းေလးေတြ သူကခြင့္ျပဳထားတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒီအဖြဲ႕အစည္းေလးကေနၿပီးေတာ့အခု လႈပ္ရွား ေနတာျဖစ္တယ္။ အခုရက္ပိုင္းဆိုရင္ မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ အိုက္ေဇာလ္ၿမိဳ႕မွာဆိုရင္ ရပ္ကြက္ ၃၀ ေက်ာ္မွာ သူတို႔က ဒီ Refugee ကဒ္ကိုေပါ့ေနာ္။ စစ္ေဘးေရွာင္ေတြအကုန္လုံးေပးလိုက္ၿပီးၿပီ။ အခုဆိုရင္ေတာ့ အကုန္လုံး ႐ုံးကို တင္ေပးတဲ့သူေတြလည္း အမ်ားႀကီးရွိတယ္။”

မီဇိုရမ္ျပည္နယ္အစိုးရက ထုတ္ေပးတဲ့ ဒုကၡသည္အသိအမွတ္ျပဳ Refugee ID ကဒ္ရမယ့္သူေတြအေနနဲ႔ မီဇိုရမ္ ျပည္နယ္ထဲမွာ တရားဝင္ ယာယီ ေနထိုင္ခြင့္ရတဲ့သေဘာျဖစ္ပါတယ္။

“အက်ိဳးသက္ေရာက္မႈေတာ့ရွိႏိုင္တယ္။ အစိုးရရဲ႕အဓိကရည္႐ြယ္ခ်က္ကလည္း ဒီမီဇိုရမ္ျပည္နယ္မွာ စစ္ေဘးေရွာင္ဦးေရ ဘယ္ႏွစ္ဦးရွိသလဲ ဆိုတဲ့ဟာကို သူက ေသေသခ်ာခ်ာေလး စာရင္းျပဳစုခ်င္တာတခုပါတယ္။ ၿပီးေတာ့ ေနာက္တခု က ဒီမီဇိုရမ္ကိုေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြ အေနနဲ႔ မီဇိုရမ္မွာေနထိုင္တဲ့အခိုက္ သူတို႔အတြက္ပိုၿပီးေတာ့မွ လုံၿခဳံမႈ ရွိေစဖို႔ေပါ့ေနာ္။ သေဘာတခုက ခရီးေတြဘာေတြ သြားခ်င္တဲ့သူဆိုရင္ ဒီ ID ကဒ္နဲ႔ ခရီးေတြဘာေတြ သြား လို႔ရမယ္။ ဒီမီဇိုရမ္ျပည္နယ္အတြင္းေပါ့ေနာ္။ လြတ္လြတ္လပ္လပ္သြားလို႔ရမယ္။ တခုခုအခက္ခဲ ဘာညာ ေတြ ရွိတယ္ဆိုရင္လည္း အဲဒီ Refugee ID ကဒ္ကိုျပျခင္းအားျဖင့္ အမ်ားႀကီး အေထာက္အကူေပးႏိုင္တယ္။”

မီဇိုရမ္ျပည္နယ္ ၿမိဳ႕ေတာ္အိုင္ေဇာလ္ၿမိဳ႕ ရပ္ကြက္ ၃၀ ေက်ာ္မွာ ဒုကၡသည္အသိအမွတ္ျပဳ Refugee ID ကဒ္ျပား လုပ္ေဆာင္ဖို႔ ရပ္ကြက္ အုပ္ခ်ဳပ္ေရး႐ုံးကတဆင့္ ေဖာင္ေတြျဖန႔္ေဝခဲ့ၿပီး ရပ္ကြက္အသီးသီးမွာ စတင္လုပ္ ေဆာင္ေနတာျဖစ္ပါတယ္။ မီဇိုရမ္ျပည္နယ္ က်န္ဖိုင္းခ႐ိုင္မွာ ျမန္မာစစ္ေဘးေရွာင္ဦးေရအမ်ားစု ခိုလႈံေနၾကၿပီး က်န္တဲ့ လုံဆိုင္ခ႐ိုင္ လုံးလိုင္ခ႐ိုင္ေတြ ဘက္မွာလည္း ခိုလႈံေနၾကပါတယ္။ လက္ရွိမီဇိုရမ္ျပည္နယ္မွာ ျမန္မာႏိုင္ငံဘက္က ထြက္ေျပးခိုလႈံေနၾကသူေတြ မီဇိုရမ္ တျပည္နယ္လုံးမွာေတာ့ သုံးေသာင္းဝန္းက်င္ေလာက္ရွိေနၿပီး ေဒသခံ ကူညီေပးအဖြဲ႕ေတြက အကူညီေပးေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္စစ္ေရးတင္းမာမႈျဖစ္စဥ္အတြင္း မတူပီ၊ ထန္တလန္၊ စစ္ကိုင္းတိုင္းကေလးၿမိဳ႕နယ္က ေဒသခံေတြဟာ ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ အိႏၵိယႏိုင္ငံထဲကို ထြက္ေျပးခဲ့ၾကတာပါ။ မီဇိုရမ္ျပည္နယ္မွာ အခုဆိုရင္ ျမန္မာဘက္က ေရာက္ေနတဲ့ ဒုကၡသည္ ၃ ေသာင္းေလာက္ရွိေနၾကပါတယ္။ မီဇိုရမ္ျပည္နယ္အစိုးရအေနနဲ႔ ေရာက္ရွိလာတဲ့ စစ္ေဘးဒုကၡသည္ေတြကို အတတ္ႏိုင္ဆုံး ကူညီေဆာင္႐ြက္ေပးေနတယ္လို႔ ေဒသတြင္းလူမႈအဖြဲ႕အစည္း တာဝန္ရွိသူေတြကေျပာပါတယ္။

#MyanmarMilitaryCoup #Mizoram #MyanmarRefugees #voaburmese #စစ္အာဏာသိမ္းမႈ #ဒုကၡသည္ #မီဇိုရမ္ #ဗြီအိုေအျမန္မာပိုင္း

============

တိုက္႐ိုက္ လင့္ခ္

[[Unicode]]

အိန္ဒိယ၊ မီဇိုရမ်မှာခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒုက္ခသည်အသိအမှတ်ပြုကဒ်ပြားထုတ်ပေး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူတွေအတွက် နေထိုင်ရေးလုံခြုံဖို့ မီဇိုရမ်ပြည်နယ်အစိုးရက Refugee ID (ဒုက္ခသည်အဖြစ် အသိအမှတ်ပြု) ကဒ်တွေ ထုတ်ပေးနေပါတယ်။ လက်ရှိ မီဇိုရမ် ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ဘက်မှာ မြန်မာဘက်က ဒုက္ခသည် ၄,၀၀၀ ကျော် ID ကဒ် ရထားပြီလို့ မီဇိုရမ် ဒုက္ခသည်ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးခိုလှုံကြသူတွေကို မီဇိုရမ် ပြည်နယ်အစိုးရက ဒုက္ခသည်အသိအမှတ်ပြုမှတ်ပုံတင် Refugee ID ကဒ်တွေ ထုတ်ပေးနေပါတယ်။ အထူးသဖြင့် ကျန်ဖိုင်း ခရိုင်မှာ ဒုက္ခသည် ၄,၀၀၀ လောက် Refugee ID ကဒ် ရရှိခဲ့တယ်လို့ မီဇိုရမ် NGO United for Democratic Myanmar တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ် က ဗွီအိုအေကိုပြောပါတယ်။

“သူတို့တပြည်နယ်လုံးမှာလုပ်နေတာ။ ဒါပေမယ့် ကျန်ဖိုင်းမှာကျတော့ ပိုပြီးတော့မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားတာပေါ့နော်။ စစ်ဘေးရှောင်တွေကျတော့ ကျန်ဖိုင်းခရိုင်မှာဆိုရင် တသောင်းကျော်လောက်ရှိတယ်။ အဲဒီ တသောင်းကျော်ကျော်လောက်မှာ လောလောဆယ် သူတို့စာရင်းယူနိုင်တာက (၆,၀၀၀) ကျော်။ (၆,၀၀၀) ကျော်ထဲမှာ (၄,၀၀၀) ကျော်ကို အဲဒီ Refugee ကဒ်ပေးပြီးသွားပြီပေါ့နော်။ ကျန်တဲ့ဟာတွေလည်း ဆက်လုပ်သွားဖို့ရှိတယ်။”

မြန်မာနိုင်ငံကနေ တိမ်းရှောင်ရောက်လာတဲ့ ဒုက္ခသည်တွေအရေးကို ကိုင်တွယ်ဖို့ မီဇိုရမ်ပြည်နယ်အစိုးရက တာဝန်ပေးထားတဲ့ ပြည်နယ်ဒုတိယ ကော်မရှင်နာမင်းကြီးနဲ့အတူ ပြည်ထဲရေးဌာနတာဝန်ရှိသူတွေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက တာဝန်ရှိသူတွေဟာ အိုက်ဇောမြို့ရောက် စစ်ပြေး ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေဆီ ဇန်နဝါရီလ ၁၉ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး ဒုက္ခသည် မှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးမယ် လို့ ကြေညာခဲ့တာပါ။

ဒုက္ခသည်များမှတ်ပုံတင် Refugee ID ကဒ်ကို မီဇိုရမ်ပြည်နယ်အစိုးရက တာဝန်ပေးထားတဲ့အဖွဲ့တွေကနေ စီစဉ်ထုတ်ပေးနေတာဖြစ်တယ်လို့ ကိုရစ်ချတ်က ရှင်းပြပါတယ်။

“အဲဒီကဒ်ပြားက မီဇိုရမ်အစိုးရက နေပြီးတော့မှ စီစဉ်ဆောင်ရွက်တဲ့ဟာဖြစ်တယ်။ ဒီပြည်နယ်မှာသူက အဲဒီ ID ကဒ်ကို လုပ်မယ့်အဖွဲ့အစည်းလေးတွေ သူကခွင့်ပြုထားတယ်ပေါ့နော်။ ဆိုတော့ အဲဒီအဖွဲ့အစည်းလေးကနေပြီးတော့အခု လှုပ်ရှား နေတာဖြစ်တယ်။ အခုရက်ပိုင်းဆိုရင် မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့မှာဆိုရင် ရပ်ကွက် ၃၀ ကျော်မှာ သူတို့က ဒီ Refugee ကဒ်ကိုပေါ့နော်။ စစ်ဘေးရှောင်တွေအကုန်လုံးပေးလိုက်ပြီးပြီ။ အခုဆိုရင်တော့ အကုန်လုံး ရုံးကို တင်ပေးတဲ့သူတွေလည်း အများကြီးရှိတယ်။”

မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပေးတဲ့ ဒုက္ခသည်အသိအမှတ်ပြု Refugee ID ကဒ်ရမယ့်သူတွေအနေနဲ့ မီဇိုရမ် ပြည်နယ်ထဲမှာ တရားဝင် ယာယီ နေထိုင်ခွင့်ရတဲ့သဘောဖြစ်ပါတယ်။

“အကျိုးသက်ရောက်မှုတော့ရှိနိုင်တယ်။ အစိုးရရဲ့အဓိကရည်ရွယ်ချက်ကလည်း ဒီမီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ဘယ်နှစ်ဦးရှိသလဲ ဆိုတဲ့ဟာကို သူက သေသေချာချာလေး စာရင်းပြုစုချင်တာတခုပါတယ်။ ပြီးတော့ နောက်တခု က ဒီမီဇိုရမ်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ မီဇိုရမ်မှာနေထိုင်တဲ့အခိုက် သူတို့အတွက်ပိုပြီးတော့မှ လုံခြုံမှု ရှိစေဖို့ပေါ့နော်။ သဘောတခုက ခရီးတွေဘာတွေ သွားချင်တဲ့သူဆိုရင် ဒီ ID ကဒ်နဲ့ ခရီးတွေဘာတွေ သွား လို့ရမယ်။ ဒီမီဇိုရမ်ပြည်နယ်အတွင်းပေါ့နော်။ လွတ်လွတ်လပ်လပ်သွားလို့ရမယ်။ တခုခုအခက်ခဲ ဘာညာ တွေ ရှိတယ်ဆိုရင်လည်း အဲဒီ Refugee ID ကဒ်ကိုပြခြင်းအားဖြင့် အများကြီး အထောက်အကူပေးနိုင်တယ်။”

မီဇိုရမ်ပြည်နယ် မြို့တော်အိုင်ဇောလ်မြို့ ရပ်ကွက် ၃၀ ကျော်မှာ ဒုက္ခသည်အသိအမှတ်ပြု Refugee ID ကဒ်ပြား လုပ်ဆောင်ဖို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးကတဆင့် ဖောင်တွေဖြန့်ဝေခဲ့ပြီး ရပ်ကွက်အသီးသီးမှာ စတင်လုပ် ဆောင်နေတာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်မှာ မြန်မာစစ်ဘေးရှောင်ဦးရေအများစု ခိုလှုံနေကြပြီး ကျန်တဲ့ လုံဆိုင်ခရိုင် လုံးလိုင်ခရိုင်တွေ ဘက်မှာလည်း ခိုလှုံနေကြပါတယ်။ လက်ရှိမီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးခိုလှုံနေကြသူတွေ မီဇိုရမ် တပြည်နယ်လုံးမှာတော့ သုံးသောင်းဝန်းကျင်လောက်ရှိနေပြီး ဒေသခံ ကူညီပေးအဖွဲ့တွေက အကူညီပေးနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ချင်းပြည်နယ်စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း မတူပီ၊ ထန်တလန်၊ စစ်ကိုင်းတိုင်းကလေးမြို့နယ်က ဒေသခံတွေဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာပါ။ မီဇိုရမ်ပြည်နယ်မှာ အခုဆိုရင် မြန်မာဘက်က ရောက်နေတဲ့ ဒုက္ခသည် ၃ သောင်းလောက်ရှိနေကြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသတွင်းလူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေကပြောပါတယ်။

#MyanmarMilitaryCoup #Mizoram #MyanmarRefugees #voaburmese #စစ်အာဏာသိမ်းမှု #ဒုက္ခသည် #မီဇိုရမ် #ဗွီအိုအေမြန်မာပိုင်း

============

XS
SM
MD
LG