သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္ေပၚ စြဲတင္ထားတဲ့အမႈေတြ ေနာက္သီတင္းပတ္ စ စစ္မယ္ 


ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္မႈ ၁၂၄-က နဲ႔ တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က တို႔နဲ႔တရားစြဲခံထားရသူ ဗီြအိုေအ ပင္တုိင္ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သတင္းသမားတဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္အေပၚ စြဲခ်က္တင္ထားတဲ့ အမႈ ၃ ခုကို ေနာက္ သီတင္းပတ္ ႐ံုးခ်ိန္းေတြၾကရင္ စတင္ စစ္ေဆးၾကားနာေတာ့မွာျဖစ္ပါတယ္။ ေလာေလာဆယ္ ဦးစည္သူေအာင္ျမင့္အပါအဝင္ အင္းစိန္ေထာင္ထဲမွာ ဖမ္းဆီးခံထားရသူတခ်ဳိ႕ က်န္းမာေရးေစာင့္ေ႐ွာက္မႈရဖုိ႔ အခက္အခဲျဖစ္ေနတယ္လို႔ သူ႔ေ႐ွ႕ေနက ေျပာပါ တယ္။ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက တင္ျပေပးထားပါတယ္။

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္ကို အေရွ႕ပိုင္းခ႐ိုုင္ တရား႐ံုးက ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄-က နဲ႔ စဲြခ်က္တင္ထားသလို ပုဇြန္ေတာ္ၿမိဳ႕နယ္တရား႐ံုးနဲ႔ ဗဟန္းၿမိဳ႕နယ္တရား႐ံုးတို႔ကလည္း တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႔ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ အသီးသီး စြဲခ်က္တင္ထားပါတယ္။ ဒါေၾကာင့္ သူဟာ စုစု ေပါင္း အမႈ ၃ မႈအတြက္ စြဲခ်က္တင္ခံထားရတာပါ။ ပုဒ္မ ၁၂၄-က အမႈအတြက္ ဦးစည္သူေအာင္ျမင့္ ဘက္က ျပန္ေခၚသက္ေသေတြကို ေခၚယူစစ္ေဆးမႈ မေန႔ ဗုဒၶဟူးေန႔က စစ္ေဆးၿပီးသြားၿပီျဖစ္လို႔ ေနာက္တေခါက္႐ံုးခ်ိန္းက်ရင္ စြဲခ်က္တင္ထားတဲ့အမႈကို စတင္ၾကားနာစစ္ေဆးမယ္လို႔ သူ႔ေ႐ွ႕ေနက ေျပာပါတယ္။

“ဒီေန႔ဆို အေရွ႕ပိုင္းခ႐ိုင္ေပါ့ ၁၂၄ -က အတြက္ကို အမတို႔က Recall ျပန္ေခၚထားတာေပါ့။ recall က နည္းပညာဆိုင္ရာ ကြၽမ္းက်င္အရာရွိေပါ့ သူ႔ျပန္ေခၚစစ္လိုက္တယ္။ ႐ုံးခ်ိန္းက ပုံမွန္တိုင္း ဗုဒၶဟူးေန႔ေပါ့။ လာမယ့္ ၂၇ ရက္ေန႔႐ုံးခ်ိန္း။ ဒီေန႔႐ုံးခ်ိန္းဆို ေနာက္တပတ္ဆရာ့ကိုစစစ္ၿပီ။ ဗဟန္းက မနက္ျဖန္၊ ပုစြန္ေတာင္က သဘက္ခါ ဗဟန္းနဲ႔ ပုစြန္ေတာင္ကက်ေတာ့ ဆရာ့ကို စ စစ္ေနပါၿပီ။ စစ္ေနတုန္း ဆိုေတာ့ တျခားေထြထူးမရွိဘူး။ တျခား႐ုံးေတြက စစ္ေနတာပဲ ရွိေသးတာေပါ့။ ဆရာက သူ႔ထုေခ်ခ်က္ မ်ားတဲ့အခါက်ေတာ့ ႐ုံးျပန္ျပန္ခ်ိန္းတဲ့သေဘာေပါ့။ စစ္တာကတရက္တည္းမၿပီးလို႔ေလ။”

ဦးစည္သူေအာင္ျမင့္နဲ႔ BBC Media Action ရဲ႕ “ခံစားၾကည့္” အစီအစဥ္တင္ဆက္သူ မထက္ထက္ခိုင္ တို႔ကို ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လ ၁၅ ရက္ေန႔က ဖမ္းဆီးသြားတာပါ။ ေလာေလာဆယ္ အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရတဲ့ ဦးစည္သူ ေအာင္ျမင့္ဟာ က်န္မာေရးေစာင့္ေ႐ွာက္မႈလုိအပ္ေနေပမယ့္ လိုအပ္တဲ့ေဆးရဖုိ႔ေတာင္ အခက္အခဲ ျဖစ္ေနတယ္လို႔ သူ႔ေ႐ွ႕ေနက ေျပာျပပါတယ္။

“ရာသီဥတုကပူ၊ ျခင္ကကိုက္ဆိုေတာ့ အိပ္မေပ်ာ္ၾကဘူး။ ဟိုရက္က ၀မ္းပ်က္လို႔ အမတို႔ ႐ုံးခ်ိန္းမွာ ေဆးတိုက္ရတယ္။ သူတို႔ဆီက ဆရာမွမဟုတ္ဘူး ေဆးကုသမႈအားလုံးမွာ အခက္အခဲရွိတယ္ ျပန္ၾကားရတယ္။ တခ်ိဳ႕ေဆးေတြဆို ဒိတ္လြန္ေတြေပးတယ္။ အကိုက္အခဲေပ်ာက္ေဆးကလြဲလို႔ က်န္တာမရႏိုင္ဘူး။ ဆရာမွမဟုတ္ဘဲ အားလုံးနီးပါး ေဆးကုသမႈက လြယ္လင့္တကူမရဘူး။ အဆင့္ဆင့္တင္ရတယ္။ တင္ျပၿပီးေတာ့လည္း အဆင္မေျပတာေတြသိရတယ္။ ေဆးကုသမႈပိုင္း အဆင္မေျပၾကဘူး။ တကယ္အနာနဲ႔တည့္မယ့္ဟာ မရႏိုင္ၾကဘူး။ ေဆးကုသမႈပိုင္းက လုံေလာက္တဲ့ ကုသမႈရတယ္ေျပာမရဘူး။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဗြီအိုေအသတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြ က တဆင့္ ဦးစည္သူေအာင္ျမင့္ဟာ တပ္မေတာ္နဲ႔ စစ္ေကာင္စီအေပၚ ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔ခဲ့တဲ့အတြက္ဆိုၿပီး ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္ေၾကာင္း စစ္တပ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဗြီအိုေအ ျမန္မာပိုင္းဌာနမွဴး ဦးသန္းလြင္ထြန္းကေတာ့ ဗြီအိုေအအတြက္ ဦးစည္သူေအာင္ျမင့္ ေရးသား ေပးပို႔တဲ့ သတင္းေဆာင္းပါးေတြဟာ အခ်က္အလက္ အေျခခံ ေရးသားထားတာေတြပဲျဖစ္ၿပီး ဗြီအိုေအ ကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ သတင္းသမား တေယာက္ကို မတရားဖမ္းဆီးတာပဲ ျဖစ္တဲ့အေၾကာင္း၊ မွန္မွန္ကန္ကန္ ေထာက္ျပေရးသားေနတဲ့ သတင္းသမားေတြကေနတဆင့္ စစ္ေကာင္စီအေနနဲ႔ ျပည္သူေတြၾကားကအသံကို သိေအာင္ နားေထာင္ဖို႔ဆိုတာ လိုအပ္လိမ့္မယ္လို႔ အာဏာပိုင္ေတြကို ေျပာခဲ့ၿပီး ဦးစည္သူေအာင္ျမင့္ကို အျမန္ဆုံး လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ဦးစည္သူေအာင္ျမင့္နဲ႔အတူ ဖမ္းဆီးခဲ့တဲ့ သတင္းသမား မထက္ထက္ခိုင္ဟာလည္း ပုဒ္မ ၅၀၅-က၊ မတရားအသင္းနဲ႔ဆက္သြယ္မႈ ပုဒ္မ ၁၇/ ၁ တို႔နဲ႔ တရားရင္ဆုိင္ေနရပါတယ္။ ေလာေလာဆယ္ ဖမ္းဆီးခံထားရတဲ့ သတင္းသမားေတြထဲက အလြတ္တန္းသတင္းေထာက္ ကိုစိုးရာဇာထြန္းကိုလည္း အၾကမ္း ဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂ (က) နဲ႔ တရားစဲြလိုက္တယ္လို႔ သူနဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

“မနက္ျဖစ္ျဖစ္ ေနာက္ေန႔ျဖစ္ျဖစ္ သူ႔ကို ပါ၀ါယူၿပီးေတာ့ က်န္တဲ့ကိစၥေတြ မိသားစုေတြကို အေၾကာင္း ၾကားမယ္ေျပာတယ္။ ေလာေလာဆယ္ ပါ၀ါလည္း မယူရေသးဘူး။ ဘာမွမလုပ္ရေသးဘူး။ ၅၂ (က) နဲ႔ေတာ့ စြဲထားတယ္။ မိသားစု၀င္တေယာက္အေန နဲ႔ ခံစားရတာေပါ့၊ မႏွစ္ကလည္း ၅၀၅-ကနဲ႔စြဲခံရၿပီး ၄ လေလာက္ၾကာေနရတယ္၊ ေလာေလာဆယ္ေတာ့ မိသားစု၀င္ တေယာက္အေနနဲ႔ ၀မ္းနည္းတယ္ မိဘေတြလည္းစိတ္ဆင္းရဲရတာေပါ့။”

အလြတ္တန္းသတင္းေထာက္ ကိုစိုးရာဇာထြန္းဟာ ၂၀၂၁ မတ္လက စစ္အာဏာသိမ္းမႈ ဆန႔္က်င္ ဆႏၵျပပြဲကို သတင္းယူေနစဥ္ ဖမ္းဆီးခံရၿပီး ၅၀၅-ကနဲ႔ တရားစြဲခံခဲ့ရပါတယ္။ ရက္ေပါင္း ၁၂၂ ရက္ ၾကာ ထိန္းသိမ္းခံခဲ့ရၿပီး ၂၀၂၁ ဇြန္လ ၃ဝ ရက္မွာေတာ့ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လြတ္ေျမာက္ လာခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ လက္ကိုင္ဖုန္းထဲမွာ အင္းစိန္ေထာင္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ကို ရွာေဖြေတြ႔႐ွိတယ္လို႔ဆုိၿပီး ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ သုံးဆယ္ၿမိဳ႕မွာ ၂၀၂၂ မတ္လက ျပန္ လည္ အဖမ္းခံခဲ့ရတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး ဒီေန႔အထိ စစ္ေကာင္စီကဖမ္းဆီးခဲ့တဲ့ သတင္းသမားေပါင္း အေယာက္ ၁၀၀ နီးပါး ရွိခဲ့ၿပီး တခ်ိဳ႕ျပန္လြတ္ခဲ့ပါတယ္။

ျမန္မာတႏိုင္ငံလံုးမွာ ေလာေလာဆယ္ ဖမ္းဆီးခံထားရတဲ့ သတင္းသမားေပါင္း ၇၀ ဝန္းက်င္႐ွိပါတယ္။ သတင္းသမားေတြ အမ်ားဆုံး တရားစြဲခံထားရ တာက တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈ ဥပေဒ ပုဒ္မ ၅၀၅-က နဲ႔ျဖစ္ၿပီး ဆက္သြယ္ေရးဥပေဒပုဒ္မအျပင္ ႏွစ္ရွည္ ေထာင္ခ်ႏိုင္တဲ့ မတရားအသင္း ဆက္သြယ္တဲ့ဥပေဒပုဒ္မ၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ ျပဳလုပ္မႈတို႔နဲ႔ပါ တရားစြဲဆိုတာေတြ လုပ္လာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========
[[Unicode]]

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ပေါ် စွဲတင်ထားတဲ့အမှုတွေ နောက်သီတင်းပတ် စ စစ်မယ်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် စွဲချက်တင်ထားတဲ့ အမှု ၃ ခုကို နောက် သီတင်းပတ် ရုံးချိန်းတွေကြရင် စတင် စစ်ဆေးကြားနာတော့မှာဖြစ်ပါတယ်။ လောလောဆယ် ဦးစည်သူအောင်မြင့်အပါအဝင် အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတချို့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အခက်အခဲဖြစ်နေတယ်လို့ သူ့ရှေ့နေက ပြောပါ တယ်။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို အရှေ့ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ စွဲချက်တင်ထားသလို ပုဇွန်တော်မြို့နယ်တရားရုံးနဲ့ ဗဟန်းမြို့နယ်တရားရုံးတို့ကလည်း တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အသီးသီး စွဲချက်တင်ထားပါတယ်။ ဒါကြောင့် သူဟာ စုစု ပေါင်း အမှု ၃ မှုအတွက် စွဲချက်တင်ခံထားရတာပါ။ ပုဒ်မ ၁၂၄-က အမှုအတွက် ဦးစည်သူအောင်မြင့် ဘက်က ပြန်ခေါ်သက်သေတွေကို ခေါ်ယူစစ်ဆေးမှု မနေ့ ဗုဒ္ဓဟူးနေ့က စစ်ဆေးပြီးသွားပြီဖြစ်လို့ နောက်တခေါက်ရုံးချိန်းကျရင် စွဲချက်တင်ထားတဲ့အမှုကို စတင်ကြားနာစစ်ဆေးမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

“ဒီနေ့ဆို အရှေ့ပိုင်းခရိုင်ပေါ့ ၁၂၄ -က အတွက်ကို အမတို့က Recall ပြန်ခေါ်ထားတာပေါ့။ recall က နည်းပညာဆိုင်ရာ ကျွမ်းကျင်အရာရှိပေါ့ သူ့ပြန်ခေါ်စစ်လိုက်တယ်။ ရုံးချိန်းက ပုံမှန်တိုင်း ဗုဒ္ဓဟူးနေ့ပေါ့။ လာမယ့် ၂၇ ရက်နေ့ရုံးချိန်း။ ဒီနေ့ရုံးချိန်းဆို နောက်တပတ်ဆရာ့ကိုစစစ်ပြီ။ ဗဟန်းက မနက်ဖြန်၊ ပုစွန်တောင်က သဘက်ခါ ဗဟန်းနဲ့ ပုစွန်တောင်ကကျတော့ ဆရာ့ကို စ စစ်နေပါပြီ။ စစ်နေတုန်း ဆိုတော့ တခြားထွေထူးမရှိဘူး။ တခြားရုံးတွေက စစ်နေတာပဲ ရှိသေးတာပေါ့။ ဆရာက သူ့ထုချေချက် များတဲ့အခါကျတော့ ရုံးပြန်ပြန်ချိန်းတဲ့သဘောပေါ့။ စစ်တာကတရက်တည်းမပြီးလို့လေ။”

ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင် တို့ကို ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားတာပါ။ လောလောဆယ် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးစည်သူ အောင်မြင့်ဟာ ကျန်မာရေးစောင့်ရှောက်မှုလိုအပ်နေပေမယ့် လိုအပ်တဲ့ဆေးရဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ သူ့ရှေ့နေက ပြောပြပါတယ်။

“ရာသီဥတုကပူ၊ ခြင်ကကိုက်ဆိုတော့ အိပ်မပျော်ကြဘူး။ ဟိုရက်က ဝမ်းပျက်လို့ အမတို့ ရုံးချိန်းမှာ ဆေးတိုက်ရတယ်။ သူတို့ဆီက ဆရာမှမဟုတ်ဘူး ဆေးကုသမှုအားလုံးမှာ အခက်အခဲရှိတယ် ပြန်ကြားရတယ်။ တချို့ဆေးတွေဆို ဒိတ်လွန်တွေပေးတယ်။ အကိုက်အခဲပျောက်ဆေးကလွဲလို့ ကျန်တာမရနိုင်ဘူး။ ဆရာမှမဟုတ်ဘဲ အားလုံးနီးပါး ဆေးကုသမှုက လွယ်လင့်တကူမရဘူး။ အဆင့်ဆင့်တင်ရတယ်။ တင်ပြပြီးတော့လည်း အဆင်မပြေတာတွေသိရတယ်။ ဆေးကုသမှုပိုင်း အဆင်မပြေကြဘူး။ တကယ်အနာနဲ့တည့်မယ့်ဟာ မရနိုင်ကြဘူး။ ဆေးကုသမှုပိုင်းက လုံလောက်တဲ့ ကုသမှုရတယ်ပြောမရဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗွီအိုအေသတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေ က တဆင့် ဦးစည်သူအောင်မြင့်ဟာ တပ်မတော်နဲ့ စစ်ကောင်စီအပေါ် ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသား ပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက် အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေ ကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမား တယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန်ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကို ပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခဲ့တဲ့ သတင်းသမား မထက်ထက်ခိုင်ဟာလည်း ပုဒ်မ ၅၀၅-က၊ မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။ လောလောဆယ် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲက အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲလိုက်တယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“မနက်ဖြစ်ဖြစ် နောက်နေ့ဖြစ်ဖြစ် သူ့ကို ပါဝါယူပြီးတော့ ကျန်တဲ့ကိစ္စတွေ မိသားစုတွေကို အကြောင်း ကြားမယ်ပြောတယ်။ လောလောဆယ် ပါဝါလည်း မယူရသေးဘူး။ ဘာမှမလုပ်ရသေးဘူး။ ၅၂ (က) နဲ့တော့ စွဲထားတယ်။ မိသားစုဝင်တယောက်အနေ နဲ့ ခံစားရတာပေါ့၊ မနှစ်ကလည်း ၅၀၅-ကနဲ့စွဲခံရပြီး ၄ လလောက်ကြာနေရတယ်၊ လောလောဆယ်တော့ မိသားစုဝင် တယောက်အနေနဲ့ ဝမ်းနည်းတယ် မိဘတွေလည်းစိတ်ဆင်းရဲရတာပေါ့။”

အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းဟာ ၂၀၂၁ မတ်လက စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို သတင်းယူနေစဉ် ဖမ်းဆီးခံရပြီး ၅၀၅-ကနဲ့ တရားစွဲခံခဲ့ရပါတယ်။ ရက်ပေါင်း ၁၂၂ ရက် ကြာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၁ ဇွန်လ ၃ဝ ရက်မှာတော့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်မြောက် လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ အင်းစိန်ထောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကို ရှာဖွေတွေ့ရှိတယ်လို့ဆိုပြီး ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ ၂၀၂၂ မတ်လက ပြန် လည် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ သတင်းသမားပေါင်း အယောက် ၁၀၀ နီးပါး ရှိခဲ့ပြီး တချို့ပြန်လွတ်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ လောလောဆယ် ဖမ်းဆီးခံထားရတဲ့ သတင်းသမားပေါင်း ၇၀ ဝန်းကျင်ရှိပါတယ်။ သတင်းသမားတွေ အများဆုံး တရားစွဲခံထားရ တာက တပ်မတော်ကို အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မအပြင် နှစ်ရှည် ထောင်ချနိုင်တဲ့ မတရားအသင်း ဆက်သွယ်တဲ့ဥပဒေပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှုတို့နဲ့ပါ တရားစွဲဆိုတာတွေ လုပ်လာခဲ့ပါတယ်။

==========

XS
SM
MD
LG