သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

“၂”- ၆ လုံး စည္ကားသပိတ္ ေဆာ္ဩဆႏၵျပ


မႏွစ္ ေဖေဖၚဝါရီလ ၂၂ ရက္ေန႔က ၂ ငါးလံုး အထိမ္းအမွတ္ ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ျမင္ကြင္း။ (ေဖေဖၚဝါရီ ၂၂၊ ၂၀၂၁)  


[[Zawgyi/Unicode]]


၂၂ ရက္ ၂ လ ၂၀၂၂ ခုႏွစ္ ႏွစ္ ၆ လုံးျဖစ္တဲ့ နက္ျဖန္ အဂၤါေန႔က်ရင္ ‘ျပန္လည္စု႐ုံး ႏွစ္ေျခာက္လုံး’ ဆိုတဲ့ ေဆာင္ပုဒ္ နဲ႔ တႏိုင္ငံလုံးမွာ ‘စည္ကားသပိတ္’ ျပဳလုပ္ၾကဖို႔ ဆႏၵျပပြဲစီစဥ္သူေတြ ေဆာ္ၾသေနပါတယ္။ ၂ ေျခာက္လုံး ဆႏၵျပပြဲေတြမွာ ပါဝင္ဖို႔ တိုက္တြန္းတဲ့အေနနဲ႔ မႏၲေလး၊ မုံ႐ြာ စတဲ့ၿမိဳ႕ေတြက စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပအဖြဲ႕ေတြက ဒီေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔မွာ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပၿပီး တိုက္တြန္းခဲ့ၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တာကို မဆုမြန္က တင္ျပေပးထားပါတယ္။

၂ ေျခာက္လံုးစံုတဲ့ နက္ျဖန္ အဂၤါေန႔က်ရင္ ျပည္သူေတြအားလံုးပါဝင္ႏိုင္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရးဆႏၵျပ လႈပ္႐ွားမႈေတြ လုပ္ဖုိ႔ ဆႏၵျပပြဲစီစဥ္သူေတြ ေဆာ္ၾသေနၾကပါတယ္။ စည္ကားသပိတ္လို႔ ေခါင္းစဥ္ေပးထားတဲ့ ဆႏၵျပမႈေတြအေၾကာင္း ျပည္သူအမ်ားသိၾကေအာင္လုပ္တဲ့အေနနဲ႔ မႏၱေလး မံု႐ြာ၊ စတဲ့ၿမိဳ႕တခ်ဳိ႕မွာ ဒီေန႔ဆႏၵျပသူတခ်ဳိ႕ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ လံုၿခံဳေရးတင္းၾကပ္ေနတဲ့ၾကားက ဆႏၵျပသူ ၂၀ ထက္မနည္း စုေဝးၿပီး မႏၱေလးမွာ ဒီေန႔ ခ်ီတက္ဆႏၵျပခဲ့ၾကတယ္လို႔ မႏၲေလးသပိတ္မွာပါဝင္တဲ့ တက္ႂကြလႈပ္ရွားသူတဦးက VOA ကို ေျပာပါတယ္။

“ဒီေန႔ထြက္တာက မနက္ျဖန္ ၂ ငါးလုံး တႏွစ္ျပည့္ တနည္းအားျဖင့္ ၂ ေျခာက္လုံးေပါ့။ အဲ့အေပၚမွာ ႀကိဳတင္ၿပီး လူထုကို စည္း႐ုံးတဲ့အေနနဲ႔ မနက္ျဖန္လုပ္မယ့္ call အတြက္ ႀကိဳတင္စည္း႐ုံးတဲ့အေနနဲ႔ ထြက္တာဗ်။ လူအင္အားကေတာ့ ၂၀ ကေန ၅၀ ၾကားေလာက္ေတာ့ ပါပါတယ္ဗ်။ ဒီေန႔ သပိတ္ထြက္တဲ့အေျခအေနကလည္း သူတို႔ စစ္ေဆးေနတဲ့ ၾကားကပဲ က်ေနာ္တို႔ ရေအာင္ထြက္ၾကတာေပါ့ေႏွာ္။ အစစ္အေဆးကေတာ့ မႏၲေလးမွာ ၾကမ္းတယ္ဗ်။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္အာဏာရွင္ ဆန္႔က်င္ေရး ၂၂ ရက္ ၂ လ ၂၀၂၁ (၂ ငါးလုံး) ဆႏၵျပပြဲတုန္းကေတာ့ ႏိုင္ငံတဝန္းက ျပည္သူေတြ သန္းနဲ႔ခ်ီပါဝင္ႏိုင္ခဲ့ၾကပါတယ္။ ဒါေပမဲ့ လက္႐ွိအေျခအေနမွာ လံုၿခံဳေရးေတြေၾကာင့္ ျပည္သူအမ်ား လမ္းေပၚထြက္ ဆႏၵျပႏုိင္တဲ့ အေျခအေနမဟုတ္တဲ့အတြက္ တတ္ႏိုင္တဲ့နည္းလမ္းေတြနဲ႔ စည္ကားသပိတ္မွာ ပါဝင္ ဆႏၵျပေဖာ္ထုတ္ၾကဖုိ႔ သူတုိ႔က တုိက္တြန္းေနၾကတာပါ။ မံု႐ြာၿမိဳ႕မွာလည္း ဒီကေန႔ မနက္ အေစာပိုင္းမွာ မုံ႐ြာပင္မသပိတ္နဲ႔အတူ မုံ႐ြာၿမိဳ႕နယ္ အေျခခံပညာေက်ာင္းသားမ်ား သမဂၢ၊ မုံ႐ြာလူငယ္မ်ား အစည္းအ႐ုံးနဲ႔ ရပ္ကြက္သပိတ္စစ္ေၾကာင္းေတြ ပူးေပါင္းၿပီး အင္အား ၁၀၀ ဝန္းက်င္နဲ႔ ‘ျပန္လည္စု႐ုံး ႏွစ္ေျခာက္လုံး၊ ေက်းလက္ ပုန္ကန္ ၿမိဳ႕ျပဖီဆန္’ ဆိုတဲ့စာသားကိုင္ေဆာင္ၿပီး မုံ႐ြာၿမိဳ႕ အာဇာနည္ လမ္းမေပၚမွာ ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ မုံ႐ြာလူထုသပိတ္တိုက္ပြဲ ဦးေဆာင္ ေကာ္မတီဝင္ ကိုခန္႔ေဝၿဖိဳးက ေျပာပါတယ္။

“အဓိကက တိတ္ဆိတ္ၿငိမ္သက္ျခင္း သပိတ္က ၃ ခါ လုပ္ခဲ့တယ္။ ၃ခါလုံး ျပည္သူလူထုရဲ႕ အံ့မခန္း ပါဝင္မႈေတြေၾကာင့္ ေအာင္ျမင္ခဲ့တယ္ေပါ့ေႏွာ္။ ဒီတခါ က်ေနာ္တို႔က လူထုလႈပ္ရွားမႈေတြကလည္း အေရးႀကီးတယ္ဆိုတာ သိေစခ်င္တဲ့အတြက္ အိမ္ထဲမွာ မေနခိုင္းဘဲ အျပင္ထြက္ၿပီးေတာ့ တနည္းနည္းနဲ႔ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္ေၾကာင္း ျပသဖို႔ ရည္႐ြယ္တာေပါ့။ အဓိကကေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးမွာ က်ေနာ္တို႔က အရင္းအျမစ္ အကန္႔ အသတ္ေတြ ရွိတဲ့အတြက္ အဲဒီတခုတည္းကိုပဲ ပုံေအာၿပီးေတာ့ ေစာင့္ေမွ်ာ္ေနတာထက္စာရင္ ျပည္သူလူထု ကိုယ္တိုင္က ကိုယ့္ရဲ႕လူထုလႈပ္ရွားမႈေတြေပါ့ေနာ္- ရႏိုင္သမွ် နည္းလမ္းေတြ ရွာၿပီးေတာ့ အခုအခ်ိန္ထိ စစ္အာဏာရွင္ စနစ္ကို ဆန္႔က်င္ေၾကာင္း ျပသခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ ဒီစည္ကားသပိတ္ကို ေခၚခဲ့တာျဖစ္ပါတယ္ဗ်။”

မံု႐ြာၿမိဳ႕မွာ ဒီေန႔လုပ္ခဲ့တဲ့ ခ်ီတက္ ဆႏၵျပမႈအၿပီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ရဲေတြက အာဇာနည္လမ္းႀကီးကို ႏွစ္ဘက္ပိတ္ၿပီး လမ္းသြားလမ္းလာေတြကို တားဆီးစစ္ေဆးတာ၊ ဖုန္းေတြကို စစ္ေဆးတာေတြလုပ္ခဲ့ေပမယ့္ ဖမ္းဆီးခံရသူေတာ့ မ႐ွိဘူးလို႔ သူကေျပာပါတယ္။

နက္ျဖန္ ၂- ၆ လံုး စည္ကားသပိတ္လုပ္မွာျဖစ္လို႔ ျပည္သူေတြအေနနဲ႔ ဦးထုပ္/ခေမာက္ ေတြေဆာင္းၿပီး သြားလာၾကဖို႔၊ မ်က္ႏွာမွာ သနပ္ခါးလိမ္းတာ၊ ပန္းပြင့္၊ ပန္းစည္းကိုင္ၿပီး သြားလာတာ၊ စာ႐ြက္ေပၚမွာ ေႂကြးေၾကာ္သံေတြေရးၿပီး ပန္းပြင့္ေတြနဲ႔အတူ ႀကဲခ်တာ၊ ကိုယ္ေရာက္ရွိေနတဲ့ ေနရာက လုံၿခဳံမႈရွိတယ္ဆိုရင္ လက္ ၃ ေခ်ာင္းေထာင္ၿပီး ေႂကြးေၾကာ္တာ၊ ည၈ နာရီမွာ သံပုံးေတြတီးတာ စတာေတြကို ျပဳလုပ္ၿပီး စစ္အာဏာရွင္ကို အလိုမရွိေၾကာင္း ဆႏၵျပၾကဖို႔ ဆႏၵျပပဲြဦးေဆာင္သူေတြက ႏႈိးေဆာ္တိုက္တြန္း ေနၾကပါတယ္။ အရင္လုပ္ခဲ့တဲ့

တိတ္ဆိတ္ျခင္းသပိတ္ဆႏၵျပမႈေတြတုန္းက ဆိုင္ေတြပိတ္ၿပီး သပိတ္မွာ ပါဝင္ၾကသူေတြကို စစ္ေကာင္စီက ဖမ္းဆီးတာ၊ ဆိုင္ေတြကို ခ်ိတ္ပိတ္တာ၊ သပိတ္မွာပါဝင္ဖို႔ ႏႈိးေဆာ္သူေတြကို ဖမ္းဆီးတာမ်ိဳးေတြ ႐ွိခဲ့ပါတယ္။ ဒါေၾကာင့္ ဒီတစ္ေခါက္ စည္ကားသပိတ္မွာ ျပည္သူေတြ ပါဝင္တဲ့အခါ မိမိတို႔ရဲ႕ လုံၿခဳံေရးကို အဓိကထားၿပီး ပါဝင္ၾကဖို႔ကိုလည္း စီစဥ္သူေတြက သတိေပးၾကပါတယ္။ နက္ျဖန္ျပဳလုပ္မယ့္ ၂ ေျခာက္လုံး လူထုသပိတ္ အႀကိဳေန႔အျဖစ္ မႏၲေလး၊ မုံ႐ြာတို႔အျပင္ ကေလးၿမိဳ႕နဲ႔ ယင္းမာပင္ၿမိဳ႕တုိ႔မွာလည္း ဒီေန႔ ခ်ီတက္ဆႏၵျပပြဲေတြ ႐ွိခ့ဲပါတယ္။

“၂”- ၆ လုံး စည္ကားသပိတ္ ေဆာ္ဩဆႏၵျပ
please wait

No media source currently available

0:00 0:04:14 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

“၂”- ၆ လုံး စည်ကားသပိတ် ဆော်ဩဆန္ဒပြ

၂၂ ရက် ၂ လ ၂၀၂၂ ခုနှစ် နှစ် ၆ လုံးဖြစ်တဲ့ နက်ဖြန် အင်္ဂါနေ့ကျရင် ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး’ ဆိုတဲ့ ဆောင်ပုဒ် နဲ့ တနိုင်ငံလုံးမှာ ‘စည်ကားသပိတ်’ ပြုလုပ်ကြဖို့ ဆန္ဒပြပွဲစီစဉ်သူတွေ ဆော်သြနေပါတယ်။ ၂ ခြောက်လုံး ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ တိုက်တွန်းတဲ့အနေနဲ့ မန္တလေး၊ မုံရွာ စတဲ့မြို့တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြအဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပြီး တိုက်တွန်းခဲ့ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂ ခြောက်လုံးစုံတဲ့ နက်ဖြန် အင်္ဂါနေ့ကျရင် ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်ဖို့ ဆန္ဒပြပွဲစီစဉ်သူတွေ ဆော်သြနေကြပါတယ်။ စည်ကားသပိတ်လို့ ခေါင်းစဉ်ပေးထားတဲ့ ဆန္ဒပြမှုတွေအကြောင်း ပြည်သူအများသိကြအောင်လုပ်တဲ့အနေနဲ့ မန္တလေး မုံရွာ၊ စတဲ့မြို့တချို့မှာ ဒီနေ့ဆန္ဒပြသူတချို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက ဆန္ဒပြသူ ၂၀ ထက်မနည်း စုဝေးပြီး မန္တလေးမှာ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မန္တလေးသပိတ်မှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ထွက်တာက မနက်ဖြန် ၂ ငါးလုံး တနှစ်ပြည့် တနည်းအားဖြင့် ၂ ခြောက်လုံးပေါ့။ အဲ့အပေါ်မှာ ကြိုတင်ပြီး လူထုကို စည်းရုံးတဲ့အနေနဲ့ မနက်ဖြန်လုပ်မယ့် call အတွက် ကြိုတင်စည်းရုံးတဲ့အနေနဲ့ ထွက်တာဗျ။ လူအင်အားကတော့ ၂၀ ကနေ ၅၀ ကြားလောက်တော့ ပါပါတယ်ဗျ။ ဒီနေ့ သပိတ်ထွက်တဲ့အခြေအနေကလည်း သူတို့ စစ်ဆေးနေတဲ့ ကြားကပဲ ကျနော်တို့ ရအောင်ထွက်ကြတာပေါ့နှော်။ အစစ်အဆေးကတော့ မန္တလေးမှာ ကြမ်းတယ်ဗျ။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၂ ရက် ၂ လ ၂၀၂၁ (၂ ငါးလုံး) ဆန္ဒပြပွဲတုန်းကတော့ နိုင်ငံတဝန်းက ပြည်သူတွေ သန်းနဲ့ချီပါဝင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ လုံခြုံရေးတွေကြောင့် ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြနိုင်တဲ့ အခြေအနေမဟုတ်တဲ့အတွက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ စည်ကားသပိတ်မှာ ပါဝင် ဆန္ဒပြဖော်ထုတ်ကြဖို့ သူတို့က တိုက်တွန်းနေကြတာပါ။ မုံရွာမြို့မှာလည်း ဒီကနေ့ မနက် အစောပိုင်းမှာ မုံရွာပင်မသပိတ်နဲ့အတူ မုံရွာမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ၊ မုံရွာလူငယ်များ အစည်းအရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ ‘ပြန်လည်စုရုံး နှစ်ခြောက်လုံး၊ ကျေးလက် ပုန်ကန် မြို့ပြဖီဆန်’ ဆိုတဲ့စာသားကိုင်ဆောင်ပြီး မုံရွာမြို့ အာဇာနည် လမ်းမပေါ်မှာ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“အဓိကက တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်က ၃ ခါ လုပ်ခဲ့တယ်။ ၃ခါလုံး ပြည်သူလူထုရဲ့ အံ့မခန်း ပါဝင်မှုတွေကြောင့် အောင်မြင်ခဲ့တယ်ပေါ့နှော်။ ဒီတခါ ကျနော်တို့က လူထုလှုပ်ရှားမှုတွေကလည်း အရေးကြီးတယ်ဆိုတာ သိစေချင်တဲ့အတွက် အိမ်ထဲမှာ မနေခိုင်းဘဲ အပြင်ထွက်ပြီးတော့ တနည်းနည်းနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသဖို့ ရည်ရွယ်တာပေါ့။ အဓိကကတော့ လက်နက်ကိုင်တော်လှန်ရေးမှာ ကျနော်တို့က အရင်းအမြစ် အကန့် အသတ်တွေ ရှိတဲ့အတွက် အဲဒီတခုတည်းကိုပဲ ပုံအောပြီးတော့ စောင့်မျှော်နေတာထက်စာရင် ပြည်သူလူထု ကိုယ်တိုင်က ကိုယ့်ရဲ့လူထုလှုပ်ရှားမှုတွေပေါ့နော်- ရနိုင်သမျှ နည်းလမ်းတွေ ရှာပြီးတော့ အခုအချိန်ထိ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ပြသချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီစည်ကားသပိတ်ကို ခေါ်ခဲ့တာဖြစ်ပါတယ်ဗျ။”

မုံရွာမြို့မှာ ဒီနေ့လုပ်ခဲ့တဲ့ ချီတက် ဆန္ဒပြမှုအပြီးမှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အာဇာနည်လမ်းကြီးကို နှစ်ဘက်ပိတ်ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ သူကပြောပါတယ်။

နက်ဖြန် ၂- ၆ လုံး စည်ကားသပိတ်လုပ်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ဦးထုပ်/ခမောက် တွေဆောင်းပြီး သွားလာကြဖို့၊ မျက်နှာမှာ သနပ်ခါးလိမ်းတာ၊ ပန်းပွင့်၊ ပန်းစည်းကိုင်ပြီး သွားလာတာ၊ စာရွက်ပေါ်မှာ ကြွေးကြော်သံတွေရေးပြီး ပန်းပွင့်တွေနဲ့အတူ ကြဲချတာ၊ ကိုယ်ရောက်ရှိနေတဲ့ နေရာက လုံခြုံမှုရှိတယ်ဆိုရင် လက် ၃ ချောင်းထောင်ပြီး ကြွေးကြော်တာ၊ ည၈ နာရီမှာ သံပုံးတွေတီးတာ စတာတွေကို ပြုလုပ်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆန္ဒပြကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက နှိုးဆော်တိုက်တွန်း နေကြပါတယ်။ အရင်လုပ်ခဲ့တဲ့

တိတ်ဆိတ်ခြင်းသပိတ်ဆန္ဒပြမှုတွေတုန်းက ဆိုင်တွေပိတ်ပြီး သပိတ်မှာ ပါဝင်ကြသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာ၊ ဆိုင်တွေကို ချိတ်ပိတ်တာ၊ သပိတ်မှာပါဝင်ဖို့ နှိုးဆော်သူတွေကို ဖမ်းဆီးတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် စည်ကားသပိတ်မှာ ပြည်သူတွေ ပါဝင်တဲ့အခါ မိမိတို့ရဲ့ လုံခြုံရေးကို အဓိကထားပြီး ပါဝင်ကြဖို့ကိုလည်း စီစဉ်သူတွေက သတိပေးကြပါတယ်။ နက်ဖြန်ပြုလုပ်မယ့် ၂ ခြောက်လုံး လူထုသပိတ် အကြိုနေ့အဖြစ် မန္တလေး၊ မုံရွာတို့အပြင် ကလေးမြို့နဲ့ ယင်းမာပင်မြို့တို့မှာလည်း ဒီနေ့ ချီတက်ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
=============

XS
SM
MD
LG