သုံးရလွယ်ကူစေသည့် Link များ

ယူကရိန်းမှာရုရှားလုပ်ရပ် စစ်ရာဇဝတ်မှုမြောက်ပေမဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် မသတ်မှတ်သေးကြောင်း မြန်မာအခြေအနေနဲ့ ကန်နှိုင်းယှဉ်


Russia Ukraine War
Russia Ukraine War


[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံအတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အရေးယူဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါပေမယ့်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ်တော့ မသတ်မှတ်သေးတဲ့အကြောင်း မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အစုလိုက်သတ်ဖြတ်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာနက မကြာသေးခင်ကပဲ သတ်မှတ်ခဲ့ပါတယ်။ လူတွေ အစုလိုက်သေဆုံးမှုတွေ၊ ရိုဟင်ဂျာတွေထဲက လူဦးရေ အစိတ်အပိုင်း တော်တော်များများကို ဖမ်းဆီးချုပ်နှောင်တာတွေ စတဲ့ အချိန်အတော်ကြာ ရယူခဲ့တဲ့ သက်သေအထောက်အထားတွေကိုအခြေခံပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်လို့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောဆိုသွားတာပါ။

ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်မပြုတဲ့ မြန်မာနိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ သတ်မှတ် ကြေညာခဲ့ပါတယ်။

ယူကရိန်းမှာ ရုရှားက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျုးလွန်တယ်၊ မကျုးလွန်ဘူးဆိုတာကို သတ်မှတ်ရာမှာလည်း ဒီလို အလားတူ သတ်မှတ်တဲ့ ဘောင်အတွင်း တဆက်တစပ်တည်းရထားတဲ့ အထောက်အထား၊ အချက်တွေကို အခြေခံပြီး ဆုံးဖြတ်မှာဖြစ်တဲ့အကြောင်းနဲ့ စောင့်ကြည့်နေတဲ့အကြောင်း Jake Sullivan က ပြောဆိုပါတယ်။ အခုအချိန်အထိတော့ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ မသတ်မှတ်သေးတဲ့အကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီး ချမှတ်မယ့်အကြေင်း ပြောဆိုသွားပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy ကတော့ ယူကရိန်းနိုင်ငံမှာ အရပ်သားတွေ သေဆုံးနေတဲ့ ရုရှားတပ်တွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး ပြောဆိုပါတယ်။

=============

[[Unicode]]







=============

XS
SM
MD
LG