သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီထိုးစစ်ကြောင့် ကန်ပက်လက်ဒေသခံတထောင်နီးပါးစစ်ရှောင်


ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News)
Kanpetlet IDPs
ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News) Kanpetlet IDPs

[[Zawgyi/Unicode]]

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကို စစ်ကောင်စီတပ်ကနေ အင်အားဖြည့်စစ်ဆင်ရေး ပြုလုပ်လာလို့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့နဲ့တိုက်ပွဲဖြစ်ခဲ့သလို ရွာသားတထောင်နီးပါး တောတောင်ထဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ လောင်းရှည်ဘက်နေ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဘက်ကို ဦးတည်လာ တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့လို့ တိုက်ပွဲဖြစ်ရာလမ်းကြောတလျှောက်က ရွာသား တထောင်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကန်ပက်လက်ဒေသခံ ဆလိုင်းမာန်နိုင်းကပြောပါတယ်။

“လောင်းရှည်ဘက်ကနေ စစ်ကြောင်းထိုးလာတော့ အဲဒီမှာတိုက်ပွဲတောက်လျှောက် ဖြစ်နေတယ် အဲဒီမှာ။ ရွာသားတွေ ကတော့ သူတို့ထွက်ပြေးတိမ်းရှောင်ကြတယ်။ အဲဒီလမ်းကြောင်းတလျှောက်မှာရှိတဲ့ကျေးရွာက လူတွေကအကုန်လုံး ထွက်ပြေးကြတယ်။ ခန့်မှန်းခြေကတော့ ရွာက (၅) ရွာ (၆) ရွာလောက် ရှိတဲ့အခါကျတော့ (၁,၀၀၀) ဝန်းကျင်လောက် ရှိ မယ်ထင်တယ်။”

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ကတည်းက မကွေးတိုင်း လောင်းရှည်ကနေ မဆာတွီ- ကျင် ဒွေးလမ်းကြောင်ကနေ ထိုးစစ်ဆင်လာပြီး လမ်းကြောင်းတလျှောက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာ၊ ထန်းကုန်းစတဲ့ကျေးရွာက ဒေသခံတွေ ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဖေဖော်ဝါရီ (၂၁) ရက်နေ့တုန်းက မောချောင်းကျေးရွာအနားဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း အိမ်ခြေတချို့မီးရှို့ခံရတယ်လို့ စစ်ရှောင် မောချောင်းရွာသားတဦးကပြောပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News) Kanpetlet IDPs
ကန်ပက်လက်မြို့နယ်အတွင်းက အိမ်မီးရှို့ခံရတဲ့မိသားစုများ။ (ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂။ ဓာတ်ပုံ-Khonumthung Daily News) Kanpetlet IDPs

“ရွာထဲတိုက်ပွဲဖြစ်တယ်။ အကုန်လုံးထွက်ပြေးကြတယ်။ ရွာထဲမှာဝင်ပြီးမှ ပစ္စည်းတွေအကုန်လုံးသယ်တယ်။ ပြီးရင် အိမ်လည်း (၄) လုံးမီးရှို့ခဲ့တယ်။”

စစ်ကောင်စီတပ်ဘက်က အင်အားနဲ့ထိုးစစ်ဆင်လာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ မနေ့က အင်္ဂါနေ့ အထိ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“၁၉ ရက်နေ့ကလည်း မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ်ပေါ့။ မဆာတွီကျေးရွာဘေးနားမှာ အဲဒီမှာတိုက်ပွဲစဖြစ်တယ်။ မနက်ပိုင်းမှာသူတို့ (၂) ယောက်လောက် သေတယ်။ ညနေတိုက်ပွဲမှာ (၄) ယောက်လောက် သေတယ်ပေါ့နော်။ သူတို့ အင်အားက (၃၀၀) ဝန်းကျင်၊ ကားက (၁၆) စီးနဲ့ဆိုတော့ ကျနော်တို့ ပစ်ဆုတ် ပစ်ဆုတ်နဲ့ပေါ့။ (၂၁) ရက်နေ့မှာတော့ မောချောင်းရွာပေါ့နော်။ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က (၃) ယောက် အနည်းဆုံးပေါ့နော်။ သူတို့ကအထိနာတော့ အဲဒီ မောချောင်းရွာထဲက ပြည်သူအိမ် (၄) လုံးမီးရှို့တယ်။ ကျင်ဒွေးနဲ့အဲဒီမောချောင်းအကြားမှာဘဲ (၂၂) ရက်နေ့ မနေ့ ကပေါ့။ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်။ အဲဒီမှာသူတို့ အနည်း ဆုံး(၁၁) ယောက်ကသေချာတယ်။ သူတို့ ဘက်က အထိခိုက် အကျဆုံး တော်တော်လေးများတယ်ပေါ့။”

လောင်းရှည်နဲ့ ကျင်ဒွေးမြို့အကြားမှာ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ဖြစ်တဲ့ CDF-Kanpetlet၊ CDF-Dai၊ Saw-PDF နဲ့ CNA ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ လက်နက်နဲ့ကျည်ဆံ မလုံလောက်မှုကြောင့် ဆုတ်ခွါနေရတယ်လို့သူကဆိုပါတယ်။

လောင်းရှည်နဲ့ ကျင်ဒွေးမြို့ဟာ ၂၃ မိုင်ကျော်ကျော်လောက်ကွာဝေးပေမယ့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ယနေ့ထိ ကျင်ဒွေးမြို့ကိုမရောက်နိုင်ကြသေးဘူးလို့ သူကပြောပါတယ်။ ကန်ပက်လက်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ကန်ပက်လက်CDFဘက်က ပြောပေ မဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပွါးမှုအခြေအနေကိုသိရှိဖို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အခုလိုပြောပါတယ်။

“ချင်းပြည်နယ်ဘက်မှာတော့ ဒီရက်ပိုင်းအတွင်းမှာ ကန်ပက်လက်ဘက်မှာတော့ ရှိရင်လည်း သာမန်ပစ်ခတ်မှုပဲ ဖြစ်ပုံရတယ်။”

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား ၂၀၂၁ ခုနှစ် မေလလယ်က စပြီး ပစ်ခတ်တိုက်ခိုက်မှု တွေရှိလာနေခဲ့တာပါ။

ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ (၄,၀၀၀) လောက် မကွေးတိုင်း ဆောနယ် လောင်းရှည်နဲ့အနီးဝန်းကျင်ဒေသမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]















============

XS
SM
MD
LG