သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပူတာအိုတဝိုက္ တိုက္ပြဲမ်ားနဲ႔ စစ္ေရးတင္းမာမႈ ဆက္ရွိေန


Puta-O (Credit to MIMU)

[[Zawgyi/Unicode]]

ေဖေဖာ္ဝါရီလဆန္းကတည္းက တိုက္ပြဲေတြျဖစ္ေနတဲ့ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္မွာ ဒီရက္ပိုင္းမွာလည္း စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္းတပ္ေတြၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ စစ္ေကာင္စီဘက္က တပ္အင္ အား ထပ္မံျဖည့္တင္းေနတာေၾကာင့္ စစ္ေရးတင္းမာမႈေတြ ဆက္လက္ျမင့္တက္ေနပါတယ္။ တိုက္ပြဲျဖစ္ပြားရာေနရာအနီး ေက်း႐ြာက ေဒသခံ ၇,၀၀၀ ေက်ာ္ေလာက္ဟာလည္း ေတာေတာင္ေတြထဲမွာ ပုန္းေရွာင္ ခိုလႈံေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ KIA နဲ႔ PDF ပူးေပါင္းတပ္ေတြ တိုက္ခိုက္ေနၾကပါတယ္။ လက္ရွိအေျခအေနအရ တိုက္ပြဲေတြ ရပ္ဆိုင္းမယ့္ အလားအလာမရွိဘဲ စစ္ေရးတင္းမာမႈ ပိုၿပီးသာျမင့္တက္ေနတယ္လို႔ KIA ကခ်င္လြတ္ေျမာက္ေရးတပ္ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူက VOA ကို ေျပာပါတယ္။

“အဲဒီဘက္က တိုက္ပြဲအေျခအေနက အခုလည္း KIA ဘက္နဲ႔လည္း စခန္းေတြသိမ္းႏိုင္တဲ့အေနအထားေတာ့ မဟုတ္ ပါဘူး။ ေနာက္ၿပီးေတာ့ စစ္ေကာင္စီဘက္ကလည္း စစ္အင္အားေတြကေတာ့ မေန႔ကလည္း ေလယာဥ္နဲ႔ တိုးထားတာ၊ ထည့္ထားတာ ေတြ႔ရပါတယ္။ ဆိုေတာ့ စစ္ေရးအေျခအေနကေတာ့ တင္းမာေနတုန္းျဖစ္ပါတယ္။ ရပ္တန႔္တဲ့အေနအထားေတာ့ မဟုတ္ပါဘူးခင္ဗ်။ အခု ဒီ ရွိန္ဂတ္ဘြမ္ဆိုတဲ့ ဒီ စစ္ေကာင္စီရဲ႕ တပ္စခန္းမွာေတာ့ ၁၈ ရက္ေန႔ ညေနပိုင္းေပါ့ေနာ္။ အဲဒီကတည္းကေန စျဖစ္တာ ျဖစ္ပါတယ္။”

ေဖေဖာ္ဝါရီလ ၁ ရက္က ပူတာအိုၿမိဳ႕နယ္အတြင္း ရွိန္ဂတ္ဘြမ္၊ ဆြမ္ပီယန္နဲ႔ လုံရွာယန္က စစ္ေကာင္စီတပ္စခန္း ၃ ေနရာကို KIA နဲ႔ PDF တပ္ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးခ်ိန္ထဲက အဲဒီေနရာေတြဘက္မွာ ဆက္ၿပီးတိုက္ပြဲေတြျဖစ္ေနတာပါ။ လက္ရွိတိုက္ပြဲျဖစ္တဲ့ ရွိန္ဂတ္ဘြမ္ေတာင္ကုန္းအနီး အင္စီယန္နဲ႔ ဆြမ္ပီယန္ေက်း႐ြာက ေဒသခံ ၁,၀၀၀ ေက်ာ္ဟာ အခုခ်ိန္ထိ ေတာေတာင္ေတြထဲမွာ ဆက္လက္ပုန္းခိုေနၾကရတယ္လို႔ ဆြမ္ပီယန္ေဒသခံတဦးက ေျပာပါတယ္။

လုံရွာယန္႐ြာဘက္မွာလည္း ေတာေတာင္ေတြထဲ တိမ္းေရွာင္ေနသူ ခန႔္မွန္းေျခ ၁၀,၀၀၀ (တစ္ေသာင္း) ေလာက္ရွိေၾကာင္း လုံရွာယန္ ရြာခံတဦးက ေျပာပါတယ္။

“ဒီေန႔လည္း အကုန္လုံးထြက္ေျပးၾကတယ္။ တိုက္ပြဲေတြက ဆြမ္ပီယန္၊ ရွိန္ဂတ္ဘြမ္ဘက္ အဲဒီမွာ ျဖစ္တယ္လို႔ ေျပာတယ္။ မေန႔ညက ။ လုံရွာယန္ဘက္မွာက်ေတာ့ ေၾကာက္လို႔ အကုန္လုံး ထြက္ေျပးေနၾကတာ။ တခ်ိဳ႕ေတြက ျမစ္ႀကီးနား အကုန္လုံးေရာက္ကုန္ၿပီ။ တခ်ိဳ႕ေတြက်ေတာ့ ေတာ။ တစ္ေသာင္းေလာက္ရွိမလား ဒီမွာ။ အရမ္းမ်ားတယ္။”

ပူတာအိုၿမိဳ႕က စစ္ေဘးေရွာင္ဒုကၡသည္ေတြကို ကူညီေနသူတဦးကေတာ့ လုံရွာယန္ရြာက တိမ္းေရွာင္ေနသူ အနည္းဆုံး ၇,၀၀၀ ေက်ာ္ေလာက္ ရွိႏိုင္ေၾကာင္း ခန႔္မွန္းပါတယ္။

လုံရွာယန္ေဒသခံေတြဟာ ဒီလဆန္း တိုက္ပြဲေတြ စျဖစ္ကတည္းက တိမ္းေရွာင္ေနၾကတာပါ။ တခ်ိဳ႕က ေနအိမ္ေတြ ခဏျပန္သြားၿပီး အစားအေသာက္ ရိကၡာေတြ ျပန္ယူၾကေပမယ့္ အမ်ားစုက ေတာေတာင္ေတြမွာ ဆက္လက္ ပုန္းခိုေနၾကတာ ျဖစ္ပါတယ္။ ဆြမ္ပီယန္ေက်း႐ြာကို ေဖေဖာ္ဝါရီလ ၃ ရက္က စစ္တပ္ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာေၾကာင့္ ေဒသခံ ၅ ဦး ထိခိုက္ခဲ့သလို ေနအိမ္အခ်ိဳ႕ ပ်က္ဆီးခဲ့ပါတယ္။ အဲဒီလို ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္တဲ့အတြက္လည္း ေဒသခံအမ်ားအျပား ေဘးလြတ္ရာကို ထြက္ေျပး ပုန္းခိုေနၾကတာျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၁၅ ရက္ က လုံရွာယန္ရြာနဲ႔ ၅ မိုင္အကြာ ဖတ္မာ႐ြာမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ၁၆ ရက္ေန႔မွာ ႐ြာသားအခ်ိဳ႕ ထြက္ေျပးတိမ္းေရွာင္ခ်ိန္ စစ္ေကာင္စီတပ္က ပစ္ခတ္တာေၾကာင့္ ဖတ္မာ႐ြာက လင္မယား ၂ ဦးေသဆုံးခဲ့တယ္လို႔ ကခ်င္ သတင္းမီဒီယာေတြက သတင္းထုတ္ျပန္ၾကပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး VOA အေနနဲ႔ေတာ့ သီးျခား အတည္ျပဳလို႔ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ပူတာအိုတဝိုက် တိုက်ပွဲများနဲ့ စစ်ရေးတင်းမာမှု ဆက်ရှိနေ

ဖေဖော်ဝါရီလဆန်းကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဒီရက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က တပ်အင် အား ထပ်မံဖြည့်တင်းနေတာကြောင့် စစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာအနီး ကျေးရွာက ဒေသခံ ၇,၀၀၀ ကျော်လောက်ဟာလည်း တောတောင်တွေထဲမှာ ပုန်းရှောင် ခိုလှုံနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်နေကြပါတယ်။ လက်ရှိအခြေအနေအရ တိုက်ပွဲတွေ ရပ်ဆိုင်းမယ့် အလားအလာမရှိဘဲ စစ်ရေးတင်းမာမှု ပိုပြီးသာမြင့်တက်နေတယ်လို့ KIA ကချင်လွတ်မြောက်ရေးတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက VOA ကို ပြောပါတယ်။

“အဲဒီဘက်က တိုက်ပွဲအခြေအနေက အခုလည်း KIA ဘက်နဲ့လည်း စခန်းတွေသိမ်းနိုင်တဲ့အနေအထားတော့ မဟုတ် ပါဘူး။ နောက်ပြီးတော့ စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေကတော့ မနေ့ကလည်း လေယာဉ်နဲ့ တိုးထားတာ၊ ထည့်ထားတာ တွေ့ရပါတယ်။ ဆိုတော့ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းဖြစ်ပါတယ်။ ရပ်တန့်တဲ့အနေအထားတော့ မဟုတ်ပါဘူးခင်ဗျ။ အခု ဒီ ရှိန်ဂတ်ဘွမ်ဆိုတဲ့ ဒီ စစ်ကောင်စီရဲ့ တပ်စခန်းမှာတော့ ၁၈ ရက်နေ့ ညနေပိုင်းပေါ့နော်။ အဲဒီကတည်းကနေ စဖြစ်တာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်က ပူတာအိုမြို့နယ်အတွင်း ရှိန်ဂတ်ဘွမ်၊ ဆွမ်ပီယန်နဲ့ လုံရှာယန်က စစ်ကောင်စီတပ်စခန်း ၃ နေရာကို KIA နဲ့ PDF တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးချိန်ထဲက အဲဒီနေရာတွေဘက်မှာ ဆက်ပြီးတိုက်ပွဲတွေဖြစ်နေတာပါ။ လက်ရှိတိုက်ပွဲဖြစ်တဲ့ ရှိန်ဂတ်ဘွမ်တောင်ကုန်းအနီး အင်စီယန်နဲ့ ဆွမ်ပီယန်ကျေးရွာက ဒေသခံ ၁,၀၀၀ ကျော်ဟာ အခုချိန်ထိ တောတောင်တွေထဲမှာ ဆက်လက်ပုန်းခိုနေကြရတယ်လို့ ဆွမ်ပီယန်ဒေသခံတဦးက ပြောပါတယ်။

လုံရှာယန်ရွာဘက်မှာလည်း တောတောင်တွေထဲ တိမ်းရှောင်နေသူ ခန့်မှန်းခြေ ၁၀,၀၀၀ (တစ်သောင်း) လောက်ရှိကြောင်း လုံရှာယန် ရွာခံတဦးက ပြောပါတယ်။

“ဒီနေ့လည်း အကုန်လုံးထွက်ပြေးကြတယ်။ တိုက်ပွဲတွေက ဆွမ်ပီယန်၊ ရှိန်ဂတ်ဘွမ်ဘက် အဲဒီမှာ ဖြစ်တယ်လို့ ပြောတယ်။ မနေ့ညက ။ လုံရှာယန်ဘက်မှာကျတော့ ကြောက်လို့ အကုန်လုံး ထွက်ပြေးနေကြတာ။ တချို့တွေက မြစ်ကြီးနား အကုန်လုံးရောက်ကုန်ပြီ။ တချို့တွေကျတော့ တော။ တစ်သောင်းလောက်ရှိမလား ဒီမှာ။ အရမ်းများတယ်။”

ပူတာအိုမြို့က စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီနေသူတဦးကတော့ လုံရှာယန်ရွာက တိမ်းရှောင်နေသူ အနည်းဆုံး ၇,၀၀၀ ကျော်လောက် ရှိနိုင်ကြောင်း ခန့်မှန်းပါတယ်။

လုံရှာယန်ဒေသခံတွေဟာ ဒီလဆန်း တိုက်ပွဲတွေ စဖြစ်ကတည်းက တိမ်းရှောင်နေကြတာပါ။ တချို့က နေအိမ်တွေ ခဏပြန်သွားပြီး အစားအသောက် ရိက္ခာတွေ ပြန်ယူကြပေမယ့် အများစုက တောတောင်တွေမှာ ဆက်လက် ပုန်းခိုနေကြတာ ဖြစ်ပါတယ်။ ဆွမ်ပီယန်ကျေးရွာကို ဖေဖော်ဝါရီလ ၃ ရက်က စစ်တပ်လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး ထိခိုက်ခဲ့သလို နေအိမ်အချို့ ပျက်ဆီးခဲ့ပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အတွက်လည်း ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေး ပုန်းခိုနေကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် က လုံရှာယန်ရွာနဲ့ ၅ မိုင်အကွာ ဖတ်မာရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၆ ရက်နေ့မှာ ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်ချိန် စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ဖတ်မာရွာက လင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ကချင် သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ကြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး VOA အနေနဲ့တော့ သီးခြား အတည်ပြုလို့ မရခဲ့ပါဘူး။
===============

XS
SM
MD
LG