သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့ ရေကြီးရေလျှံမှု လူသေဆုံးမှုရှိ


ထိုင်း-မြန်မာနယ်စပ် စည်းခြားထားတဲ့ သောင်ရင်းမြစ်။(ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်း-မြန်မာနယ်စပ် စည်းခြားထားတဲ့ သောင်ရင်းမြစ်။(ယခင်မှတ်တမ်းဓာတ်ပုံ)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ရေကြီးတာကြောင့် ဇူလိုင်လ (၂၇) ရက်နေ့က အမှတ် (၅) ရပ်ကွက်နေ အသက် (၃) နှစ်အရွယ် ကလေးငယ်တဦးနဲ့ အမျိုးသား (၂) ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့ မှာ မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေတက်လာတာကြောင့် ဇူလိုင်လ ၂၇ ရက်နေ့က ကလေးတယောက်နဲ့လူကြီးနှစ်ယောက် သေဆုံးသွားပါတယ်။ မြ၀တီမြို့အမှတ် (၅) ရပ်ကွက်က အသက် ၃ နှစ်အရွယ်ကလေးတဦးနဲ့ မြို့ပေါ်က အသက်အရွယ်ကြီးတဲ့အမျိုးသား နှစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတဦးက အခုလိုအခုလိုပြောပြပါတယ်။

“လူကြီးလည်းသေတယ်။ ကလေးလည်းသေတယ်။ ကိုယ့်အိမ်ကပစ္စည်းတွေသိမ်းရင်းသိမ်းရင်းနဲ့ ကလေးတွေလည်း သတိမထားမိဘူးထင်တယ်။ ပြီးတော့ ကလေးတွေကလည်းလူကြီးတွေနောက်လိုက်ရင်း အဲဒီလိုဖြစ်တယ်ထင်ပါတယ်။”

သောင်ရင်းမြစ်ရေတက်လာတဲ့အတွက် သောင်ရင်းမြစ်အနီးက ရပ်ကွက်တွေ၊ ကျေးရွာတွေရေလွှမ်းမိုးပြီး အိမ်တွေခေါင်မိုးအထိ နစ်မြုပ်တာတွေရှိသလို မြစ်အနီးကလူနေအိမ်တွေ၊ ပစ္စည်းတွေလည်း မျောပါတာ တွေလည်း ရှိပါတယ်။ တချို့ကတော့ မြစ်ရေကြီးချိန်ဘေးလွတ်ရာထွက်ပြေးရင်း၊ ပစ္စည်းတွေ ရွှေ့ပြောင်းရင်း သေဆုံးရတာတွေလည်းရှိပါတယ်။ သောင်ရင်းမြစ်နဲ့နီးတဲ့ ရပ်ကွက်နေ ပြည်သူတွေရဲ့ပစ္စည်းတွေလည်း သောင်ရင်းမြစ်ထဲမျောပါကုန်တယ်လို့ဆိုပါတယ်။

မနက် ၈ နာရီကျော်လောက်ကတည်းက ဘာမှတောင်မသယ်နိုင်ဘူး။ ‘ထွက်’ ဆိုပြီး ထွက်ကြတာ။ အိမ်ခေါင်းမိုးထပ်ပေါ်မှာ တက်နေရတာရှိတယ်။ သောင်ရင်းမြစ်ထဲမှာတော့ ရေခဲသေတ္တာတွေကော အကုန်အကြိုက်ကိုမျှောလာတာပဲ။ ရေခဲသေတ္တာတွေကော အများကြီးပဲ။ အမျိုးအမည်တောင်မစစ်နိုင်ဘူး။ ရေက တဖြည်းဖြည်းတက်လာတော့ ဘာမှကိုပြန်မရဘူး။ ခုံတွေမျောတယ်။ အိမ်တွင်းပစ္စည်းတွေ မျောတယ်။ ချောင်းထဲမှာ အဖိုးတန်တာတွေမျောတယ်။”

ဇူလိုင်လ လည်လောက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် တောင်ကျရေတွေများလာသလို သောင်ရင်းမြစ်ရေလည်း မြင့်တက်လာပါတယ်။ အခုဆိုရင် မြ၀တီခရိုင်အတွင်းက ဒေသခံလူထု ၆,၀၀၀ ကျော်ဟာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေ၊ တိုက်အမြင့်တွေပေါ်မှာ တက်နေတာတွေ ရေဘေးလွတ်တဲ့ နေရာတွေပြောင်းရွှေ့နေထိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG