သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဝတီနဲ႔ ေကာ့ကရိတ္မွာ စစ္တပ္နဲ႔ KNLA/PDF တိုက္ပြဲျပင္းထန္ စစ္ေဘးေရွာင္ ၁,၇၀၀ ေက်ာ္ ထိုင္းဘက္ ကူး


ေတာေတာင္ေတြထဲ ပုန္းခိုေနၾကတဲ့ ကရင္စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (ယခင္ပံုေဟာင္း)


[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ျမ၀တီနဲ့ေကာ့ကရိတ္ခရိုင္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး KNLA တပ္၊ ျပည္သူကာကြယ္ေရး PDF ပူးေပါင္းတပ္ေတြၾကား ႏွစ္ဘက္တိုက္ပဲြေတြျဖစ္ေနခ်ိန္မွာ ထုိင္းနိုင္ငံ အုန္းဖန္ျမိဳနယ္နဲ႔ ဖြတ္ဖရၿမိဳ ့နယ္ေတြဘက္ ေျပးလာၾက စစ္ေဘးဒုကၡသည္ ၁,၇၀၀ ေက်ာ္႐ွိေနပါၿပီ။ တိုက္ပြဲျဖစ္ တဲ့ပတ္ဝန္းက်င္မွာ အရပ္သားျပည္သူေတြ႐ွိရာဘက္ လက္နက္ႀကီးက်ည္ေတြက်တဲ့ေနတာေၾကာင့္ ေဒသခံေတြ ထိန္လန္႔စိုးရိမ္ၿပီး ခုလို ေဘးလြတ္ရာ ေျပးေနၾကတာျဖစ္ပါတယ္။ ဒီသတင္းကို ထုိင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ထုိင္းနိုင္ငံ အုန္းဖန္ၿမိဳ႕နယ္နဲ႔ ဖြတ္ဖရၿမိဳ႕နယ္ေတြထဲကို ျမန္မာႏိုင္ငံဘက္ကေရာက္လာတဲ့ စစ္ေဘးဒုကၡသည္ ၁,၇၀၀ ေက်ာ္႐ွိေနၿပီလို႔ ထိုင္းအာဏာပိုင္ေတြကို ကိုးကားၿပီး ထုိင္းသတင္းေတြမွာ ဒီေန႔ ေဖာ္ျပၾကပါတယ္။ ကရင္ျပည္နယ္ထဲက စစ္ေဘးဒုကၡသည္ေတြ ထုိင္းနိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့အေျခအေနကို ကရင္အမ်ိဳးသားမီဒီယာက မန္းမ်ိဳးျမင့္က အခုလို ေျပာျပပါတယ္။

“ဒီရက္ပုိင္းအတြင္းမွာတိုက္ပြဲျဖစ္ေတာ့ အုန္းဖန္နဲ့ ဖြတ္ဖရျမိဳ႕နယ္ထဲမွာ ထုိင္းနယ္စပ္ဘက္နဲ့နီးေတာ့ ျမန္မာစစ္ေဘးေရွာင္ ၁,၇၅၉ ေယာက္ ေရာက္တယ္။ အုန္းဖန္နဲ့ ဖြတ္ဖရထဲက ရြာအသီးသီးမွာေတာ့ ထုိင္းေတြကေတာ့ စနစ္တက် စာရင္းေကာက္ထားတာရိွတယ္။ ေလးေတာခိုမွာ ဘယ္ႏွစ္ေယာက္၊ ေဟြ႔နမ္နာမွာ ဘယ္ႏွစ္ေယာက္။ ေနာင္လိုဝမ္မွာ ဘယ္ႏွစ္ေယာက္ အဲဒီလိုေပါ့။”

ကရင္ျပည္နယ္၊ ျမဝတီနဲ႔ ေကာ့ကရိတ္ခရိုင္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး KNLA တပ္၊ ျပည္သူကာကြယ္ေရး PDF ပူးေပါင္းတပ္ဖဲြ႔ေတြ ၂ ဘက္တုိက္ပြဲေတြျဖစ္ေနသလို စစ္ေကာင္စီဘက္ က အရပ္သားေတြ႐ွိရာဘက္ လက္နက္ႀကီးေတြ ပစ္ခတ္ေနတာေၾကာင့္အျပင္ ေလေၾကာင္းတုိက္ခိုက္မႈေတြေၾကာင့္ ခုလိုေဘးလြတ္ရာ ထြက္ေျပးေနၾကတာျဖစ္တယ္လို႔ ထြက္ေျပးလာၾကတဲ့ ဒုကၡသည္အမ်ားအျပားက ေျပာၾကပါတယ္။

စစ္ေဘးဒုကၡသည္ေတြဟာ ဖြတ္ဖရျမိဳ႕နယ္နဲ႔ အုန္းဖန္ျမိဳ႕နယ္ထဲမွာရွိတဲ့ ဘန္႔ေဟြ႔နမ့္နာ၊ ဘန္႔စဲထာ့၊ ဘန္႔ေနာင္ လိုဝမ္၊ ဘန္႔ေလးေတာခို႔ စတဲ့ ေက်းရြာေတြဆိီကို ထြက္ေျပး တိမ္းေရွာင္လာၾကတာျဖစ္ပါတယ္။ ထုိင္းျမန္မာနယ္စပ္ျဖစ္တဲ့ ျမန္မာဘက္က ေဝၚေလ၊ စုကလီ စတဲ့ေနရာေတြမွာ တိုက္ပဲြေတြျဖစ္တဲ့အတြက္ ထုိင္းဘက္ကုိ ထြက္ေျပးတိမ္းေရွာင္လာၾကတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဘက္ျခမ္း ေသာင္ရင္းျမစ္တေလ်ာက္မွာလည္း ဒုကၡသည္ ေသာင္းဂဏန္းနဲ႔ရွိေနပါတယ္။ ထိုင္းႏိုင္ငံ မယ့္ကုိကင္းေက်းရြာနဲ႔ ေသာင္ရင္းျမစ္သာျခားတဲ့ ျမန္မာႏိုင္ငံဘက္ အျခမ္းမွာလည္း ဒုကၡသည္ ၃ ေထာင္ေလာက္ရိွေနတာပါ။ ဒီစစ္ေဘးဒုကၡသည္အတြက္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားေတြ၊ ေစတနာ႐ွင္ေတြက စားေသာက္ေရး အကူအညီေပးေနၾကတာ ျဖစ္ပါတယ္။

စစ္ေဘးဒုကၡသည္ေတြကို စားေသာက္ေရးအကူညီေပးတဲ့ လူမူေရးအဖဲြ ့အစည္းေတြအေနနဲ႔ စစ္ေဘးဒုကၡသည္ ေတြရိွတဲ့ေနရာေတြဆီ အခုရက္ပိုင္း အစာအေသာက္ေတြ သြားေရာက္ပို႔ေပးလို႔ မရေတာ့ဘူးလို႔ စစ္ေဘးဒုကၡသည္ေတြကို အကူညီေပးေနသူတဦးက ေျပာပါတယ္။

“မဲ့ကိုကင္းရဲ့တဘက္ျခမ္း ျမန္မာဘက္မွာဆိုလို႔ရွိရင္ ဖလူေလး ေတာင္ေျခ၊ မင္းလက္ပံ၊ အင္ႀကင္းျမိဳင္ဘက္မွာ စစ္ေဘးေရွာင္ ၃ ေထာင္ေလာက္ရွိတယ္။ အရင္တုန္းကေတာ့ အဲဒီဘက္ျခမ္းကလူေတြအတြက္ စားနပ္ရိကၡာေတြ ပို့လို့ရေပမယ့္ အခုေတာ့ တပတ္ ဆယ္ရက္ေလာက္ရိွျပီ၊ စားစရာေတြ သြားပို႔လို႔ မရဘူး။ လက္ရိွမွာက စစ္ေဘးေရွာင္ဒုကၡသည္ေတြက စာစရာနဲ႔ ေသာက္ေရေတြ လိုအပ္တယ္။ သက္ႀကီးရြယ္အုိေတြအတြက္ ဖ်ားနာတဲ့အခါ အခက္အခဲေတြျဖစ္တယ္။ ေဆးဝါးေတြ လိုအပ္ပါတယ္။ စားေရးေသာက္ေရးနဲ့ ေသာက္ေရေတြ လိုေနၾကတာ ရွိတယ္။ အခုေတာ့ ထုိင္းအာဏာပိုင္ေတြ ထုိင္းစစ္တပ္ေတြနဲ့ ညွိႏႈိင္းျပီး သြားလာဖို့ေတာ့ လုပ္ေနၾကပါတယ္။”

ထိုင္းႏိုင္ငံနယ္စပ္နဲ႔ကပ္ေနတဲ့ေနရာေတြအထိ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ထိုင္းဘက္ျခမ္း မဲ့ကိုကင္ေက်းရြာဘက္မွာလည္း လံုျခံဳေရးတင္းၾကပ္စြာ ခ်ထားပါတယ္။ ကရင္ျပည္နယ္ KNU တပ္မဟာ (၆) ထိ္န္းခ်ဳပ္ရာနယ္ေျမအတြင္းမွာ ႏွစ္ဘက္တုိက္ပဲြေတြ၊ စစ္ေကာင္စီဘက္က လက္နက္ႀကီးက်ည္ဆံေတြ က်ေရာက္ေနတာေတြ၊ ေလေၾကာင္းက တုိက္ခိုက္ေနတာေတြေၾကာင့္ပါ ကရင္စစ္ေဘးေရွာင္ ၃ ေသာင္းေလာက္အထိ ရွိေနတယ္လို႔ ကရင္လူအခြင့္ေရးအဖဲြ ့KHRG ကလည္းေျပာဆုိထားပါတယ္။

မတ္လ ၃၁ ရက္၊ ၾကာသပေတးေန႔ကပဲ ျမန္မာဘက္ျခမ္း ေဝါေလေနရာနဲ႔ ဥကရစ္ထ ဆိုတဲ့ေနရာမွာ စစ္ေကာင္စီတပ္ေတြ အင္အား ၂၀၀ ေလာက္ ထပ္မံေရာက္ရွိလာတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ KNU ဘက္က သိမ္းယူခဲ့တ့ဲ စစ္ေကာင္စီရဲ႕ ေမာခီးစခန္းကို ျပန္သိမ္းယူဖို့အတြက္ စစ္ေကာင္စီတပ္ေတြ တိုးခ်ဲ့ေရာက္ ရွိလာတာျဖစ္တယ္လို႔ KNU ကေျပာပါတယ္။ အဲဒီေဝၚေလေဒသဟာ အခု စစ္ေဘးဒုကၡသည္ေတြ ခိုလွံဳေရာက္ရွိလာတဲ့ ထုိ္င္းျမန္မာနယ္စပ္ ဖြတ္ဖရျမိဳ႕နယ္ တဘက္ကမ္းမွာ ရွိပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြဝတီနဲ့ ကော့ကရိတ်မှာ စစ်တပ်နဲ့ KNLA/PDF တိုက်ပွဲပြင်းထန် စစ်ဘေးရှောင် ၁,၇၀၀ ကျော် ထိုင်းဘက် ကူး

ကရင်ပြည်နယ် မြဝတီနဲ့ကော့ကရိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေဖြစ်နေချိန်မှာ ထိုင်းနိုင်ငံ အုန်းဖန်မြိုနယ်နဲ့ ဖွတ်ဖရမြို့နယ်တွေဘက် ပြေးလာကြ စစ်ဘေးဒုက္ခသည် ၁,၇၀၀ ကျော်ရှိနေပါပြီ။ တိုက်ပွဲဖြစ် တဲ့ပတ်ဝန်းကျင်မှာ အရပ်သားပြည်သူတွေရှိရာဘက် လက်နက်ကြီးကျည်တွေကျတဲ့နေတာကြောင့် ဒေသခံတွေ ထိန်လန့်စိုးရိမ်ပြီး ခုလို ဘေးလွတ်ရာ ပြေးနေကြတာဖြစ်ပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်နဲ့ ဖွတ်ဖရမြို့နယ်တွေထဲကို မြန်မာနိုင်ငံဘက်ကရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၁,၇၀၀ ကျော်ရှိနေပြီလို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဒီနေ့ ဖော်ပြကြပါတယ်။ ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာကြတဲ့အခြေအနေကို ကရင်အမျိုးသားမီဒီယာက မန်းမျိုးမြင့်က အခုလို ပြောပြပါတယ်။

“ဒီရက်ပိုင်းအတွင်းမှာတိုက်ပွဲဖြစ်တော့ အုန်းဖန်နဲ့ ဖွတ်ဖရမြို့နယ်ထဲမှာ ထိုင်းနယ်စပ်ဘက်နဲ့နီးတော့ မြန်မာစစ်ဘေးရှောင် ၁,၇၅၉ ယောက် ရောက်တယ်။ အုန်းဖန်နဲ့ ဖွတ်ဖရထဲက ရွာအသီးသီးမှာတော့ ထိုင်းတွေကတော့ စနစ်တကျ စာရင်းကောက်ထားတာရှိတယ်။ လေးတောခိုမှာ ဘယ်နှစ်ယောက်၊ ဟွေ့နမ်နာမှာ ဘယ်နှစ်ယောက်။ နောင်လိုဝမ်မှာ ဘယ်နှစ်ယောက် အဲဒီလိုပေါ့။”

ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေ ၂ ဘက်တိုက်ပွဲတွေဖြစ်နေသလို စစ်ကောင်စီဘက် က အရပ်သားတွေရှိရာဘက် လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့်အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခုလိုဘေးလွတ်ရာ ထွက်ပြေးနေကြတာဖြစ်တယ်လို့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများအပြားက ပြောကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ဖွတ်ဖရမြို့နယ်နဲ့ အုန်းဖန်မြို့နယ်ထဲမှာရှိတဲ့ ဘန့်ဟွေ့နမ့်နာ၊ ဘန့်စဲထာ့၊ ဘန့်နောင် လိုဝမ်၊ ဘန့်လေးတောခို့ စတဲ့ ကျေးရွာတွေဆီကို ထွက်ပြေး တိမ်းရှောင်လာကြတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ မြန်မာဘက်က ဝေါ်လေ၊ စုကလီ စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်တလျောက်မှာလည်း ဒုက္ခသည် သောင်းဂဏန်းနဲ့ရှိနေပါတယ်။ ထိုင်းနိုင်ငံ မယ့်ကိုကင်းကျေးရွာနဲ့ သောင်ရင်းမြစ်သာခြားတဲ့ မြန်မာနိုင်ငံဘက် အခြမ်းမှာလည်း ဒုက္ခသည် ၃ ထောင်လောက်ရှိနေတာပါ။ ဒီစစ်ဘေးဒုက္ခသည်အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ၊ စေတနာရှင်တွေက စားသောက်ရေး အကူအညီပေးနေကြတာ ဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စားသောက်ရေးအကူညီပေးတဲ့ လူမူရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ဘေးဒုက္ခသည် တွေရှိတဲ့နေရာတွေဆီ အခုရက်ပိုင်း အစာအသောက်တွေ သွားရောက်ပို့ပေးလို့ မရတော့ဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူညီပေးနေသူတဦးက ပြောပါတယ်။

“မဲ့ကိုကင်းရဲ့တဘက်ခြမ်း မြန်မာဘက်မှာဆိုလို့ရှိရင် ဖလူလေး တောင်ခြေ၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်ဘက်မှာ စစ်ဘေးရှောင် ၃ ထောင်လောက်ရှိတယ်။ အရင်တုန်းကတော့ အဲဒီဘက်ခြမ်းကလူတွေအတွက် စားနပ်ရိက္ခာတွေ ပို့လို့ရပေမယ့် အခုတော့ တပတ် ဆယ်ရက်လောက်ရှိပြီ၊ စားစရာတွေ သွားပို့လို့ မရဘူး။ လက်ရှိမှာက စစ်ဘေးရှောင်ဒုက္ခသည်တွေက စာစရာနဲ့ သောက်ရေတွေ လိုအပ်တယ်။ သက်ကြီးရွယ်အိုတွေအတွက် ဖျားနာတဲ့အခါ အခက်အခဲတွေဖြစ်တယ်။ ဆေးဝါးတွေ လိုအပ်ပါတယ်။ စားရေးသောက်ရေးနဲ့ သောက်ရေတွေ လိုနေကြတာ ရှိတယ်။ အခုတော့ ထိုင်းအာဏာပိုင်တွေ ထိုင်းစစ်တပ်တွေနဲ့ ညှိနှိုင်းပြီး သွားလာဖို့တော့ လုပ်နေကြပါတယ်။”

ထိုင်းနိုင်ငံနယ်စပ်နဲ့ကပ်နေတဲ့နေရာတွေအထိ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထိုင်းဘက်ခြမ်း မဲ့ကိုကင်ကျေးရွာဘက်မှာလည်း လုံခြုံရေးတင်းကြပ်စွာ ချထားပါတယ်။ ကရင်ပြည်နယ် KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေ၊ စစ်ကောင်စီဘက်က လက်နက်ကြီးကျည်ဆံတွေ ကျရောက်နေတာတွေ၊ လေကြောင်းက တိုက်ခိုက်နေတာတွေကြောင့်ပါ ကရင်စစ်ဘေးရှောင် ၃ သောင်းလောက်အထိ ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့KHRG ကလည်းပြောဆိုထားပါတယ်။

မတ်လ ၃၁ ရက်၊ ကြာသပတေးနေ့ကပဲ မြန်မာဘက်ခြမ်း ဝေါလေနေရာနဲ့ ဥကရစ်ထ ဆိုတဲ့နေရာမှာ စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ လောက် ထပ်မံရောက်ရှိလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ KNU ဘက်က သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ မောခီးစခန်းကို ပြန်သိမ်းယူဖို့အတွက် စစ်ကောင်စီတပ်တွေ တိုးချဲ့ရောက် ရှိလာတာဖြစ်တယ်လို့ KNU ကပြောပါတယ်။ အဲဒီဝေါ်လေဒေသဟာ အခု စစ်ဘေးဒုက္ခသည်တွေ ခိုလှုံရောက်ရှိလာတဲ့ ထိုင်းမြန်မာနယ်စပ် ဖွတ်ဖရမြို့နယ် တဘက်ကမ်းမှာ ရှိပါတယ်ရှင်။
============

XS
SM
MD
LG