သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပူတာအိုမွာ ဖမ္းဆီးခံကခ်င္ဆႏၵျပလူငယ္ ငါး ဦးကို တရားစဲြဆို


ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕ ဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာတပ္မေတာ္ကေန နိုင္ငံေတာ္အာဏာထိန္းသိမ္းခဲ့တာနဲ႔ ပတ္သက္လို႔ ကန္႔ကြက္ဆႏၵေဖာ္ထုတ္ခဲ့တဲ့ ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႕နယ္က အဖမ္းဆီးခံလူငယ္ ၅ ဦးကို ပုဒ္မႏွစ္ခုနဲ႔ စဲြခ်က္တင္ထားပါတယ္။ တရားစြဲခံရတဲ့အေျခအေနကိုေတာ့ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုနိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။

ကခ်င္ျပည္နယ္ ပူတာအိုျမိဳ႕နယ္က ဆႏၵျပလူငယ္ ၅ ဦးဟာ မၾကာေသးခင္က ဖမ္းဆီးခံရၿပီး တရားစြဲဆိုခံရတယ္လို႔ ပူတာအိုျမိဳ႕နယ္ေဒသခံ ကိုဘရမ္နန္ကေျပာပါတယ္။

“ဖမ္းဆီးခံရတဲ့ ေနာက္ဆုံးအေျခအေနက အခုေမလ ၅ ရက္မွာ ရံုးထုတ္ဖို႔ ျဖစ္သြားတယ္။ မေန႔က ရံုးထုတ္ဖို႔ ျဖစ္တဲ့ဟာကို ေနာက္က်မွျဖစ္သြားတယ္။ လူငယ္ ၅ ေယာက္ပါတယ္။ သူတို႔ စြဲထားတာကသဘာ၀ေဘးရယ္ ၁၄၄ ေပါ့ေလ။ အဲဒီပုဒ္မႏွစ္ခုနဲ႔ အစြဲခံရတယ္။”

တရားစြဲဆိုခံလူငယ္ ၅ ဦးဟာ ေဖေဖာ္၀ါရီ ၁ ရက္ေန႔က တပ္မေတာ္ကေန နိုင္ငံေတာ္ရဲ႕အာဏာကို ထိန္းသိမ္းခဲ့ၿပီး ေနာက္ပိုင္း ကန္႔ကြက္ဆႏၵျပခဲ့ရာကေန ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔ညမွာ အဖမ္းခံရတယ္လို႔ ကိုဘရမ္နန္က ဆက္ေျပာပါတယ္။

“အဖမ္းဆီးခံရတာ သူတို႔သီးသန္႔ေခါင္းေဆာင္ေတာ့ မဟုတ္ဘူး။ အမွန္ဆိုေတာ့ ရင္ဘတ္ခ်င္းတူတဲ့သူေတြ လမ္းေပၚထြက္တာပဲ။ ဒါေပမဲ့ စစခ်င္းလုပ္တဲ့ေန႔မွာပဲ သူတို႔က ေလာ္(ေလာ္စပီကာ)ကိုင္ၿပီးေတာ့ ေအာ္တာေပါ့ေလ။ ေအာ္တဲ့သူေတြကို သူတို႔က စစ္ေဆးၿပီးေတာ့ ဖမ္း၀ရမ္းထုတ္လိုက္တယ္။ ဖမ္း၀ရမ္းထုတ္လုပ္ေတာ့ သူတို႔သိတာနဲ႔ ခ်က္ခ်င္း တိမ္းေရွာင္တာေပါ့။ သူတို႔ အိမ္မွာလည္း မေနဘူးေပါ့။ ေတာမွာေနခဲ့တဲ့ဟာကို ဘယ္လိုသိလဲေတာ့ မသိဘူး။ ရဲလည္း မပါဘဲနဲ႔ စစ္တပ္နဲ႔ အဖမ္းခံရတာပဲ။”

ပူတာအိုအက်ဥ္းေထာင္မွာ ဖမ္းဆီးခံရတဲ့ လူငယ္ ၅ ဦးကေတာ့ ကိုလဇြမ္ေအာင္ဒီး၊ ကိုဆင္ဝါး၊ ကိုမေလာင္ေဖေနာင္းေအာင္၊ ကိုဇန္ထရမ္ဆိန္းႏွင့္ ကိုဖုန္ေရာ့ဖီနန္တို႔ ျဖစ္ၾကၿပီး သူတို႕ရဲ႕ မိသားစု၀င္ေတြနဲ႔ ေတြ႕ခြင့္မရဘူးလို႔ ဆိုပါတယ္။

လက္ရွိ ကခ်င္ျပည္နယ္မွာလည္း ဆႏၵျပေခါင္းေဆာင္ေတြကို လုံျခံဳအဖြဲ႔ေတြကေန ရွာေဖြဖမ္းဆီးမႈေတြ ရွိေနတယ္လို႔ ျမစ္ၾကီးနားျမိဳ႕ခံ မလုလုမိုင္ကေျပာပါတယ္။

“ကခ်င္ျပည္နယ္ဘက္မွာ အဖမ္းဆီးဘယ္ေလာက္ရွိလဲဆိုေတာ့ ဒီျမစ္ၾကီးနားမွာ ဟိုတေန႔က ဖမ္းမယ္၊ ဖမ္းမယ္ဆိုတဲ့ဟာ အားလုံး ျပန္လႊတ္ေပးတယ္။ ဒါေပမဲ့ မႏၱေလးေက်ာင္းတိုက္က အရွင္ပညာ၀ံသကိုေတာ့ ဒီေန႔အထိျပန္မလႊတ္ေပးေသးဘူး။ ျပီးေတာ့ ခ်ီေဗြမွာလား၊ လိုက္ဖမ္းတာရွိတယ္။ နမၼတီးမွာ လိုက္ဖမ္းေနတာရွိတယ္။ ဒါေပမဲ့ မဖမ္းမိဘူး။ အိမ္ေတြမွာ လိုက္စစ္ေနတာရွိတယ္။”

မေန႔ကလည္း ေနျပည္ေတာ္မွာ ႏွစ္ငါးလုံး လူထုလႈပ္ရွားမႈအျဖစ္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ လူစုလူေ၀းကိုစစ္တပ္နဲ႔ လုံျခဳံေရးတပ္ဖြဲ႔ဝင္ေတြက အင္အားသုံး ၿဖိဳခြင္းခဲ့တာမွာ အနည္းဆုံး လူ ၂၀၀ နီးပါးခန႔္ အဖမ္းခံခဲ့ရပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ရဲ႕ မွတ္တမ္းျပဳခ်က္မ်ားအရ တပ္မေတာ္ကေန နိုင္ငံေတာ္ရဲ႕ အာဏာကိုထိန္းသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ ၆၈၄ ဦးထိရွိခဲ့ၿပီး ၎တို႔အထဲက ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ ၄ ဦး၊ ဖမ္းဝရမ္းႏွင့္ အမႈဖြင့္ျခင္းခံထားရသူ ၃၄ ဦး၊ အမႈဖြင့္ျခင္းခံထားရသူ ၃ ဦးနဲ႔ ျပန္လည္ လြတ္ေျမာက္လာသူ ၄၇ ဦးရွိခဲ့တယ္လို႔ မေန႔က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပူတာအိုမှာ ဖမ်းဆီးခံကချင်ဆန္ဒပြလူငယ် ငါး ဦးကို တရားစွဲဆို

မြန်မာတပ်မတော်ကနေ နိုင်ငံတော်အာဏာထိန်းသိမ်းခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က အဖမ်းဆီးခံလူငယ် ၅ ဦးကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ထားပါတယ်။ တရားစွဲခံရတဲ့အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်က ဆန္ဒပြလူငယ် ၅ ဦးဟာ မကြာသေးခင်က ဖမ်းဆီးခံရပြီး တရားစွဲဆိုခံရတယ်လို့ ပူတာအိုမြို့နယ်ဒေသခံ ကိုဘရမ်နန်ကပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ နောက်ဆုံးအခြေအနေက အခုမေလ ၅ ရက်မှာ ရုံးထုတ်ဖို့ ဖြစ်သွားတယ်။ မနေ့က ရုံးထုတ်ဖို့ ဖြစ်တဲ့ဟာကို နောက်ကျမှဖြစ်သွားတယ်။ လူငယ် ၅ ယောက်ပါတယ်။ သူတို့ စွဲထားတာကသဘာဝဘေးရယ် ၁၄၄ ပေါ့လေ။ အဲဒီပုဒ်မနှစ်ခုနဲ့ အစွဲခံရတယ်။”

တရားစွဲဆိုခံလူငယ် ၅ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်ကနေ နိုင်ငံတော်ရဲ့အာဏာကို ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ရာကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့ညမှာ အဖမ်းခံရတယ်လို့ ကိုဘရမ်နန်က ဆက်ပြောပါတယ်။

“အဖမ်းဆီးခံရတာ သူတို့သီးသန့်ခေါင်းဆောင်တော့ မဟုတ်ဘူး။ အမှန်ဆိုတော့ ရင်ဘတ်ချင်းတူတဲ့သူတွေ လမ်းပေါ်ထွက်တာပဲ။ ဒါပေမဲ့ စစချင်းလုပ်တဲ့နေ့မှာပဲ သူတို့က လော်(လော်စပီကာ)ကိုင်ပြီးတော့ အော်တာပေါ့လေ။ အော်တဲ့သူတွေကို သူတို့က စစ်ဆေးပြီးတော့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဖမ်းဝရမ်းထုတ်လုပ်တော့ သူတို့သိတာနဲ့ ချက်ချင်း တိမ်းရှောင်တာပေါ့။ သူတို့ အိမ်မှာလည်း မနေဘူးပေါ့။ တောမှာနေခဲ့တဲ့ဟာကို ဘယ်လိုသိလဲတော့ မသိဘူး။ ရဲလည်း မပါဘဲနဲ့ စစ်တပ်နဲ့ အဖမ်းခံရတာပဲ။”

ပူတာအိုအကျဉ်းထောင်မှာ ဖမ်းဆီးခံရတဲ့ လူငယ် ၅ ဦးကတော့ ကိုလဇွမ်အောင်ဒီး၊ ကိုဆင်ဝါး၊ ကိုမလောင်ဖေနောင်းအောင်၊ ကိုဇန်ထရမ်ဆိန်းနှင့် ကိုဖုန်ရော့ဖီနန်တို့ ဖြစ်ကြပြီး သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘူးလို့ ဆိုပါတယ်။

လက်ရှိ ကချင်ပြည်နယ်မှာလည်း ဆန္ဒပြခေါင်းဆောင်တွေကို လုံခြုံအဖွဲ့တွေကနေ ရှာဖွေဖမ်းဆီးမှုတွေ ရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ မလုလုမိုင်ကပြောပါတယ်။

“ကချင်ပြည်နယ်ဘက်မှာ အဖမ်းဆီးဘယ်လောက်ရှိလဲဆိုတော့ ဒီမြစ်ကြီးနားမှာ ဟိုတနေ့က ဖမ်းမယ်၊ ဖမ်းမယ်ဆိုတဲ့ဟာ အားလုံး ပြန်လွှတ်ပေးတယ်။ ဒါပေမဲ့ မန္တလေးကျောင်းတိုက်က အရှင်ပညာဝံသကိုတော့ ဒီနေ့အထိပြန်မလွှတ်ပေးသေးဘူး။ ပြီးတော့ ချီဗွေမှာလား၊ လိုက်ဖမ်းတာရှိတယ်။ နမ္မတီးမှာ လိုက်ဖမ်းနေတာရှိတယ်။ ဒါပေမဲ့ မဖမ်းမိဘူး။ အိမ်တွေမှာ လိုက်စစ်နေတာရှိတယ်။”

မနေ့ကလည်း နေပြည်တော်မှာ နှစ်ငါးလုံး လူထုလှုပ်ရှားမှုအဖြစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူစုလူဝေးကိုစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းခဲ့တာမှာ အနည်းဆုံး လူ ၂၀၀ နီးပါးခန့် အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းပြုချက်များအရ တပ်မတော်ကနေ နိုင်ငံတော်ရဲ့ အာဏာကိုထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၆၈၄ ဦးထိရှိခဲ့ပြီး ၎င်းတို့အထဲက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၄ ဦး၊ ဖမ်းဝရမ်းနှင့် အမှုဖွင့်ခြင်းခံထားရသူ ၃၄ ဦး၊ အမှုဖွင့်ခြင်းခံထားရသူ ၃ ဦးနဲ့ ပြန်လည် လွတ်မြောက်လာသူ ၄၇ ဦးရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG