သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားရောက်မည်


ရုရှားကာကွယ်ရေးဝန်ကြီး Sergey Lavrov (အောက်တိုဘာ ၁၆၊ ၂၀၂၃)
ရုရှားကာကွယ်ရေးဝန်ကြီး Sergey Lavrov (အောက်တိုဘာ ၁၆၊ ၂၀၂၃)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီအပတ်ထဲမှာ မြောက်ကိုရီးယားကို သွားရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့ ရုရှားကို မြောက်ကိုရီးယားက ခဲယမ်းမီးကျောက်နဲ့ စစ်ပစ္စည်းတွေ ပို့ပေးနေတယ်လို့ အမေရိကန်ကပြောပြီး ရက်အတန်ကြာမှာ ရုရှားရဲ့ ကြေညာချက်ထွက်လာတာပါ။ မစ္စတာ ဆာဂေး လက်ဗ်ရော့ဗ် (Sergey Lavrov) ဟာ မြောက်ကိုရီးယားကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေ မှာ ရောက်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောပေမဲ့ ဒီခရီးရဲ့ရည်ရွယ်ချက်နဲ့ တွေ့ဆုံမယ့်သူတွေကိုတော့ ပြောမထားပါဘူး။

မြောက်ကိုရီးယားကနေ ရုရှားကို ခဲယမ်းမီးကျောက်နဲ့ စစ်ပစ္စည်း‌ကွန်တိန်နာ သေတ္တာအလုံးပေါင်း ၁,၀၀၀ ကျော်ပို့ပေးပြီး ဖြစ်တယ်လို့ အိမ်ဖြူတော်ကတော့ သောကြာနေ့က ပြောထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းဟာ အရင်လက ရုရှားကို သွားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ စစ်ရေးနဲ့ နျူကလီယာဆိုင်ရာ အစီအစဥ်တွေအတွက် ရုရှားဆီကနေ ခေတ်မီ လက်နက်နည်းပညာတွေကို ရယူချင်နေတယ်လို့ အမေရိကန်က ယုံကြည်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီ John Kirby က ပြောခဲ့ဖူးပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားသွားရောက်မည်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG