သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နာဂေဒသ က်န္းမာေရး ေစာင္႔ေ႐ွာက္မႈ အေျခအေန


Medical Action Myanmar (MAM) ကေန ေ၀းလံေခါင္ဖ်ားတဲ့ေဒသေတြမွာ ေဆးကုေပးေန

(Zawgyi/ Unicode)

ေ၀းလံေခါင္သီတဲ့ နာဂေဒသ လဟယ္ၿမိဳ႕နယ္အတြင္းက ေက်းရြာေတြမွာ နတ္ကုိးကြယ္တဲ့ ေဒသခံ ရြာသားေတြဟာ မတူညီတဲ့နည္းလမ္း ႏွစ္သြယ္နဲ႔ ေဆးကုသမႈခံယူေနၾကပါၿပီ။ ျပင္ပကမၻာနဲ႔ ထိစပ္မႈနည္းတဲ့ ဒီေဒသေတြမွာ ေစတနာ့၀န္ထမ္း လုိက္လံ ေဆးကုသမႈေပးသူေတြ ရွိေနတဲ့အေၾကာင္း AFP သတင္းေဆာင္းပါးကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

ထန္ပီးတုိ႔ မိသားစုဟာ အိႏၵိယနယ္စပ္ လဟယ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ စပ္ပေလာေရွာင္ နာဂမ်ဳိးႏြယ္စုေတြၾကားမွာ ရုိးရာကုထုံးနဲ႔ ေဆးကုသေပးလာတာ မ်ဳိးဆက္ေပါင္းမ်ားစြာ ၾကာလာခဲ့ပါၿပီ။

စစ္ကုိင္းတုိင္းအတြင္းက နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲမွာရွိတဲ့ လဟယ္ၿမိဳ႕နယ္အတြင္းမွာ ေခါင္းျဖတ္သတ္တဲ့ အစဥ္အလာကုိ ဆက္လက္ က်င့္သုံးေနသူေတြ ရွိေနေသးသလုိ တိရိစာၦန္နဲ႔ နတ္ကုိးကြယ္မႈေတြလည္း ရွိေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ ၂၄ ႏွစ္အရြယ္ ထန္ပီးဟာ မိခင္ျဖစ္သူက နတ္ဆရာမျဖစ္ေပမယ့္ ေခတ္ေပၚ က်န္းမာေရးေစာင့္ေရွာက္မႈ သင္တန္း တက္ေနၿပီး ဆုိင္ကယ္နဲ႔ ေဆးလုိက္လံကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းေတြရဲ႕ အကူအညီနဲ႔ သူတုိ႔ရြာမွာ ေခတ္ေပၚ ေဆးပညာနဲ႔ ကုသေပးႏုိင္ဖုိ႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။

“သူတို႔က ေဆးအရင္ေသာက္တယ္။ ေဆးေသာက္လို႔ မသက္သာဘူးဆိုရင္ နတ္ဆရာမေတြနဲ႔ျပ အဲလိုမ်ိဳး လုပ္တာေတြရွိတယ္။”

ထန္ပီးရဲ႕အေမ ဂ်န္ငြန္းကေတာ့ သူတုိ႔ရြာနဲ႔ တေန႔ေလာက္ လမ္းေလွ်ာက္သြားရတဲ့ေနရာမွာရွိတဲ့ ေဆးရုံးမွာ ခႏၶာကုိယ္ ေရာင္ကုိင္းေနတာေၾကာင့္ ေဆးသြားကုၿပီး မသက္သာလုိ႔ ျပန္ေရာက္လာတဲ့ အမ်ဳိးသားတဦးရဲ႕ ေ၀ဒနာေပ်ာက္ေအာင္ ကုသေပးလုိက္ႏုိင္တဲ့အေၾကာင္း နာဂလုိ ေျပာျပပါတယ္။

“အဲဒီလူနာရဲ႕၀ိဉာဥ္ကုိ က်မတုိ႔က ေတာထဲကေနျပန္ေခၚယူၿပီး ၾကက္တေကာင္ကုိ ပူေဇာ္လုိက္ေတာ့မွ အဲဒီလူနာက သက္သြားပါတယ္။”

ဒုတိယကမၻာစစ္အၿပီးမွာ ၿဗိတိသွ်ေတြက နာဂလူမ်ဳိးေတြကုိ အိႏၵိယနဲ႔ ျမန္မာ ႏွစ္ႏုိင္ငံအၾကားမွာ ၂ ပုိင္းခြဲထားခဲ့ပါတယ္။

ျမန္မာဘက္အျခမ္းမွာရွိေနတဲ့ နာဂမ်ဳိးႏြယ္စုေတြရဲ႕ ေဒသေတြဟာ ဖြံ႔ၿဖိဳးမႈ ေနာက္က်လြန္းတာေၾကာင့္ ျပည္မနဲ႔ အဆက္အသြယ္မရွိသေလာက္ ျပတ္လပ္ေနပါတယ္။

နာဂကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲက ၿမိဳ႕နယ္ ၃ ၿမိဳ႕ထဲမွာ တခုအပါအ၀င္ျဖစ္တဲ့ လဟယ္ၿမိဳ႕ကေန ဒီရြာကုိေရာက္ႏုိင္ဖုိ႔ ေတာင္တက္ေမာ္ေတာ္ဆုိင္ကယ္နဲ႔ ရက္အတန္ၾကာ သြားယူရပါတယ္။

မုိဘုိင္းဖုန္းသုံးႏုိင္ဖုိ႔ဆုိတာေတာ့ ဘယ္လုိမွ မျဖစ္ႏုိင္တဲ့ကိစၥပါ။ ေက်းရြာ ၅ ရြာမွာ ၂ ရြာသာ လွ်ပ္စစ္မီးရသလုိ၊ ေက်းရြာ ၅ ရြာမွာ ၁ ရြာသာ အစုိးရကဖြင့္ေပးတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈဌာန ရွိပါတယ္။

အဲဒီကြာဟမႈေတြကုိ ခ်ိတ္ဆက္ေပးႏုိင္ဖုိ႔အတြက္ Medical Action Myanmar (MAM) အဖြဲ႔က ဒီ ေ၀းလံေခါင္ဖ်ားတဲ့ေဒသေတြကုိ ေမာ္ေတာ္ဆုိင္ကယ္၊ ေျခလ်င္၊ ဒါမွမဟုတ္ ေမာ္ေတာ္ဘုတ္ေတြနဲ႔ အရဲစြန္႔ သြားေရာက္ ကူညီေပးေနပါတယ္။

လစဥ္ တလတခါေရာက္လာတဲ့ ေမာ္ေတာ္ကုိင္နဲ႔ လုိက္လံေဆးကုေပးေနသူေတြကုိ ေဒသခံရြာသား အမ်ားအျပားက ေစာင့္ေနေလ့ရွိၿပီး လူနာေတြ မ်ားလြန္းတာေၾကာင့္ တခါတရံမွာ ညဥ့္နက္တဲ့အထိ ၾကာသြားတတ္တယ္လုိ႔ ဆုိပါတယ္။

သမားရုိးက် ဖ်ားနာတာေတြအျပင္ အမဲလုိက္စားတဲ့ ဒီေဒသခံေတြအၾကား တီဘီေရာဂါ ျဖစ္ေပၚမႈဟာလည္း စုိးရိမ္စရာတခုျဖစ္ပါတယ္။

ဒါေပမယ့္ အခုလုိ NGO အဖြဲ႔ေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ ေအာင္ျမင္ေရးဟာ ေဒသခံ ေစတနာ့၀န္ထမ္း က်န္းမာေရးမွဴးေတြအေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။

ဒီနာဂေဒသတခြင္မွာရွိတဲ့ ေက်းရြာေပါင္း ၂၇၅ ရြာမွာ တရြာကုိတေယာက္ က်န္းမာေရးသင္တန္း ေပးထားၿပီး သူတုိ႔အေနနဲ႔ အကုိက္အခဲေပ်ာက္ေဆး၊ ဓါတ္ဆားစတဲ့ အေျခခံ ေဆး၀ါးေတြ ျဖန္႔ခ်ိေပးေရးအပါအ၀င္ အဲဒီထက္ ပုိအေရးပါတဲ့ တီဘီနဲ႔ ငွက္ဖ်ားေရာဂါ ရွိမရွိ စစ္ေဆးနည္းေတြပါ MAM အဖြဲ႔က သင္ၾကားပုိ႔ခ်ေပးထားပါတယ္။

အေရးေပၚလူနာေတြအနီးစပ္ဆုံး ေဆးရုံမွာ ကုသမႈခံယူႏုိင္ေအာင္ ဒီအဖြဲ႔ကဘဲ သယ္ယူပုိ႔ေဆာင္ေရးကုိ တာ၀န္ယူေပးတဲ့အတြက္ အရင္ကလုိ ေျခလ်င္သြားၿပီး အပင္ပန္းခံရတာမ်ဳိး မရွိေတာ့ဘူးလုိ႔ ဆုိပါတယ္။

တုိးေလာ့ရြက အသက္ ၃၀ အရြယ္ေမာင္ေသာင္းထုိက္ကေတာ့ ေဆးစစ္ၿပီးတဲ့အခ်ိန္ သူ႔မွာ တီဘီေရာဂါမရွိဘူးဆုိတဲ့အတြက္ စိတ္ခ်မ္းသက္သာရာ ရသြားပါတယ္။

“ဒီမွာ ေဆးရံု ေဆးခန္းသြားဖို႔ကလည္း ဆိုင္ကယ္ကလည္း ကိုယ့္မွာ မရွိ ၊ ၿပီးေတာ့ carry ဌားဖို႔ကလည္း ကိုယ့္အိတ္ထဲက စိုက္ဖို႔က မရွိ။”

WHO ကမၻာ့က်န္းမာေရးအဖြဲ႔ႀကီးရဲ႕ အဆုိအရ ဆင္းရဲႏြမ္းပါးၿပီး ေ၀းလံေခါင္ဖ်ားတဲ့ ဒီလုိေဒသေတြမွာ အခုလုိ လုိက္လံေဆးကုသေပးေနတဲ့ ေက်းလက္က်န္းမာေရးေစာင့္ေရွာက္မႈအစီအစဥ္ေတြေၾကာင့္ ျမန္မာႏုိင္ငံမွာ ၂၀၁၀ နဲ႔ ၂၀၁၇ ခုႏွစ္ေတြအၾကား ငွက္ဖ်ားေရာဂါျဖစ္တဲ့ႏႈန္း ၉၀% ေလာက္ က်သြားတယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ နာဂေဒသဟာ သြားလာ ဆက္သြယ္ေရးအတြက္ ပုိၿပီး ခက္ခဲတဲ့ေဒသျဖစ္တယ္လုိ႔ ဒီေဒသမွာ ေဆးလာကုေပးေနတဲ့ MAM က်န္းမာေရးအဖြဲ႔က ေဒါက္တာ ေဇာ္မင္းေလးက ေျပာပါတယ္။

“ဘာသာစကား၊ သယ္ယူပုိ႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးက လုံး၀ မရွိသေလာက္ ျဖစ္ေနတဲ့အတြက္ ဒါဟာ အႀကီးမားဆုံး စိန္ေခၚမႈျဖစ္ပါတယ္။”

သူတုိ႔ ပုိ႔ခ်ေပးေနတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ သင္တန္းေတြဟာ တသက္လုံး အသုံးျပဳႏုိင္မယ့္ အတတ္ပညာမ်ဳိးျဖစ္ပါတယ္။ အထူးသျဖင့္ မုိးရြာၿပီး လမ္းေတြမွာ ရြံ႕ေတြျပည့္ေနလုိ႔ သြားလာေရးအဆင္မေျပတဲ့အခါမ်ဳိးမွာ ေဒသခံ က်န္းမာေရးမွဴးေတြရဲ႕အခန္းက႑ဟာ အေရးပါလာပါတယ္။

ဒီေစတနာ့၀န္ထမ္း က်န္းမာေရးအဖြဲ႔အေနနဲ႔ သူတုိ႔သြားတဲ့ေဒသေတြမွာ က်န္းမာေရးအရ သာမွန္ျဖစ္ရုိးျဖစ္စဥ္ထက္ ထူးျခားတဲ့ သူငယ္နာလုိ ေရာဂါေတြကုိလည္း ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ဗုိက္တာမင္ ဒီ အားနည္းတဲ့အတြက္ အရုိးအားနည္းတဲ့ေရာဂါျဖစ္ၿပီး ခႏၶာကုိယ္ ထြားက်ဳိးမႈကုိ အဟန္႔အတားျဖစ္ေစတဲ့ ျပႆနာေတြလည္း ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။

သူတုိ႔သြားတဲ့ေဒသေတြမွာ လမ္းမေလွ်ာက္ႏုိင္တဲ့ လူငယ္အမ်ားအျပားေတြ႔လာရတာေၾကာင့္ ဒီပေဟဠိကုိ အေျဖရွာႏုိင္ဖုိ႔ MAM အေနနဲ႔ စစ္တမ္းေကာက္ၿပီး သုေတသနျပဳေနတယ္လုိ႔ ေဒါက္တာ ေဇာ္မင္းေလးက ေျပာပါတယ္။

ဒီအေတာအတြင္း ဂ်န္ငြန္းလုိ မိရုိးဖလာ နတ္ဆရာအလုပ္ လုပ္စားလာသူတဦးအေနနဲ႔ အသက္အရြယ္ ႀကီးရင့္လာၿပီျဖစ္တာေၾကာင့္ သူ႔မ်က္လုံးကလည္း မေကာင္းေတာ့အျပင္ သမီးျဖစ္သူ ထန္ပီးကလည္း ေခတ္ေပၚ ေဆးပညာကုိ ေလ့လာ သင္ယူေနတာေၾကာင့္ သူကုိယ္တုိင္လည္း ဒီေခတ္ေပၚ ေဆးပညာကုိ တျဖည္းျဖည္း လက္ခံလာေနၿပီး ပညာတတ္တဲ့ သူ႔လူနာေတြကုိ ေဆးခန္းမွာသြားျပဖုိ႔ တုိက္တြန္းေပးေနတယ္လုိ႔ ေျပာပါတယ္။

နာဂေဒသ က်န္းမာေရး ေစာင္႔ေ႐ွာက္မႈ အေျခအေန
please wait

No media source currently available

0:00 0:04:34 0:00
တိုက္႐ိုက္ လင့္ခ္



................

နာဂဒေသ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ

(Unicode)

ဝေးလံခေါင်သီတဲ့ နာဂဒေသ လဟယ်မြို့နယ်အတွင်းက ကျေးရွာတွေမှာ နတ်ကိုးကွယ်တဲ့ ဒေသခံ ရွာသားတွေဟာ မတူညီတဲ့နည်းလမ်း နှစ်သွယ်နဲ့ ဆေးကုသမှုခံယူနေကြပါပြီ။ ပြင်ပကမ္ဘာနဲ့ ထိစပ်မှုနည်းတဲ့ ဒီဒေသတွေမှာ စေတနာ့ဝန်ထမ်း လိုက်လံ ဆေးကုသမှုပေးသူတွေ ရှိနေတဲ့အကြောင်း AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထန်ပီးတို့ မိသားစုဟာ အိန္ဒိယနယ်စပ် လဟယ်မြို့နယ်အတွင်းမှာရှိတဲ့ စပ်ပလောရှောင် နာဂမျိုးနွယ်စုတွေကြားမှာ ရိုးရာကုထုံးနဲ့ ဆေးကုသပေးလာတာ မျိုးဆက်ပေါင်းများစွာ ကြာလာခဲ့ပါပြီ။

စစ်ကိုင်းတိုင်းအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာရှိတဲ့ လဟယ်မြို့နယ်အတွင်းမှာ ခေါင်းဖြတ်သတ်တဲ့ အစဉ်အလာကို ဆက်လက် ကျင့်သုံးနေသူတွေ ရှိနေသေးသလို တိရိစ္ဆာန်နဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၄ နှစ်အရွယ် ထန်ပီးဟာ မိခင်ဖြစ်သူက နတ်ဆရာမဖြစ်ပေမယ့် ခေတ်ပေါ် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း တက်နေပြီး ဆိုင်ကယ်နဲ့ ဆေးလိုက်လံကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ သူတို့ရွာမှာ ခေတ်ပေါ် ဆေးပညာနဲ့ ကုသပေးနိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

“သူတို့က ဆေးအရင်သောက်တယ်။ ဆေးသောက်လို့ မသက်သာဘူးဆိုရင် နတ်ဆရာမတွေနဲ့ပြ အဲလိုမျိုး လုပ်တာတွေရှိတယ်။”

ထန်ပီးရဲ့အမေ ဂျန်ငွန်းကတော့ သူတို့ရွာနဲ့ တနေ့လောက် လမ်းလျှောက်သွားရတဲ့နေရာမှာရှိတဲ့ ဆေးရုံးမှာ ခန္ဓာကိုယ် ရောင်ကိုင်းနေတာကြောင့် ဆေးသွားကုပြီး မသက်သာလို့ ပြန်ရောက်လာတဲ့ အမျိုးသားတဦးရဲ့ ဝေဒနာပျောက်အောင် ကုသပေးလိုက်နိုင်တဲ့အကြောင်း နာဂလို ပြောပြပါတယ်။

“အဲဒီလူနာရဲ့ဝိဉာဉ်ကို ကျမတို့က တောထဲကနေပြန်ခေါ်ယူပြီး ကြက်တကောင်ကို ပူဇော်လိုက်တော့မှ အဲဒီလူနာက သက်သွားပါတယ်။”

ဒုတိယကမ္ဘာစစ်အပြီးမှာ ဗြိတိသျှတွေက နာဂလူမျိုးတွေကို အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ ၂ ပိုင်းခွဲထားခဲ့ပါတယ်။

မြန်မာဘက်အခြမ်းမှာရှိနေတဲ့ နာဂမျိုးနွယ်စုတွေရဲ့ ဒေသတွေဟာ ဖွံ့ဖြိုးမှု နောက်ကျလွန်းတာကြောင့် ပြည်မနဲ့ အဆက်အသွယ်မရှိသလောက် ပြတ်လပ်နေပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့နယ် ၃ မြို့ထဲမှာ တခုအပါအဝင်ဖြစ်တဲ့ လဟယ်မြို့ကနေ ဒီရွာကိုရောက်နိုင်ဖို့ တောင်တက်မော်တော်ဆိုင်ကယ်နဲ့ ရက်အတန်ကြာ သွားယူရပါတယ်။

မိုဘိုင်းဖုန်းသုံးနိုင်ဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ကျေးရွာ ၅ ရွာမှာ ၂ ရွာသာ လျှပ်စစ်မီးရသလို၊ ကျေးရွာ ၅ ရွာမှာ ၁ ရွာသာ အစိုးရကဖွင့်ပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာန ရှိပါတယ်။

အဲဒီကွာဟမှုတွေကို ချိတ်ဆက်ပေးနိုင်ဖို့အတွက် Medical Action Myanmar (MAM) အဖွဲ့က ဒီ ဝေးလံခေါင်ဖျားတဲ့ဒေသတွေကို မော်တော်ဆိုင်ကယ်၊ ခြေလျင်၊ ဒါမှမဟုတ် မော်တော်ဘုတ်တွေနဲ့ အရဲစွန့် သွားရောက် ကူညီပေးနေပါတယ်။

လစဉ် တလတခါရောက်လာတဲ့ မော်တော်ကိုင်နဲ့ လိုက်လံဆေးကုပေးနေသူတွေကို ဒေသခံရွာသား အများအပြားက စောင့်နေလေ့ရှိပြီး လူနာတွေ များလွန်းတာကြောင့် တခါတရံမှာ ညဉ့်နက်တဲ့အထိ ကြာသွားတတ်တယ်လို့ ဆိုပါတယ်။

သမားရိုးကျ ဖျားနာတာတွေအပြင် အမဲလိုက်စားတဲ့ ဒီဒေသခံတွေအကြား တီဘီရောဂါ ဖြစ်ပေါ်မှုဟာလည်း စိုးရိမ်စရာတခုဖြစ်ပါတယ်။

ဒါပေမယ့် အခုလို NGO အဖွဲ့တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အောင်မြင်ရေးဟာ ဒေသခံ စေတနာ့ဝန်ထမ်း ကျန်းမာရေးမှူးတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒီနာဂဒေသတခွင်မှာရှိတဲ့ ကျေးရွာပေါင်း ၂၇၅ ရွာမှာ တရွာကိုတယောက် ကျန်းမာရေးသင်တန်း ပေးထားပြီး သူတို့အနေနဲ့ အကိုက်အခဲပျောက်ဆေး၊ ဓါတ်ဆားစတဲ့ အခြေခံ ဆေးဝါးတွေ ဖြန့်ချိပေးရေးအပါအဝင် အဲဒီထက် ပိုအရေးပါတဲ့ တီဘီနဲ့ ငှက်ဖျားရောဂါ ရှိမရှိ စစ်ဆေးနည်းတွေပါ MAM အဖွဲ့က သင်ကြားပို့ချပေးထားပါတယ်။

အရေးပေါ်လူနာတွေအနီးစပ်ဆုံး ဆေးရုံမှာ ကုသမှုခံယူနိုင်အောင် ဒီအဖွဲ့ကဘဲ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူပေးတဲ့အတွက် အရင်ကလို ခြေလျင်သွားပြီး အပင်ပန်းခံရတာမျိုး မရှိတော့ဘူးလို့ ဆိုပါတယ်။

တိုးလော့ရွက အသက် ၃၀ အရွယ်မောင်သောင်းထိုက်ကတော့ ဆေးစစ်ပြီးတဲ့အချိန် သူ့မှာ တီဘီရောဂါမရှိဘူးဆိုတဲ့အတွက် စိတ်ချမ်းသက်သာရာ ရသွားပါတယ်။

“ဒီမှာ ဆေးရုံ ဆေးခန်းသွားဖို့ကလည်း ဆိုင်ကယ်ကလည်း ကိုယ့်မှာ မရှိ ၊ ပြီးတော့ carry ဌားဖို့ကလည်း ကိုယ့်အိတ်ထဲက စိုက်ဖို့က မရှိ။”

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်ဖျားတဲ့ ဒီလိုဒေသတွေမှာ အခုလို လိုက်လံဆေးကုသပေးနေတဲ့ ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေကြောင့် မြန်မာနိုင်ငံမှာ ၂၀၁၀ နဲ့ ၂၀၁၇ ခုနှစ်တွေအကြား ငှက်ဖျားရောဂါဖြစ်တဲ့နှုန်း ၉၀% လောက် ကျသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နာဂဒေသဟာ သွားလာ ဆက်သွယ်ရေးအတွက် ပိုပြီး ခက်ခဲတဲ့ဒေသဖြစ်တယ်လို့ ဒီဒေသမှာ ဆေးလာကုပေးနေတဲ့ MAM ကျန်းမာရေးအဖွဲ့က ဒေါက်တာ ဇော်မင်းလေးက ပြောပါတယ်။

“ဘာသာစကား၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးက လုံး၀ မရှိသလောက် ဖြစ်နေတဲ့အတွက် ဒါဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။”

သူတို့ ပို့ချပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေဟာ တသက်လုံး အသုံးပြုနိုင်မယ့် အတတ်ပညာမျိုးဖြစ်ပါတယ်။ အထူးသဖြင့် မိုးရွာပြီး လမ်းတွေမှာ ရွံ့တွေပြည့်နေလို့ သွားလာရေးအဆင်မပြေတဲ့အခါမျိုးမှာ ဒေသခံ ကျန်းမာရေးမှူးတွေရဲ့အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။

ဒီစေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲ့အနေနဲ့ သူတို့သွားတဲ့ဒေသတွေမှာ ကျန်းမာရေးအရ သာမှန်ဖြစ်ရိုးဖြစ်စဉ်ထက် ထူးခြားတဲ့ သူငယ်နာလို ရောဂါတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗိုက်တာမင် ဒီ အားနည်းတဲ့အတွက် အရိုးအားနည်းတဲ့ရောဂါဖြစ်ပြီး ခန္ဓာကိုယ် ထွားကျိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

သူတို့သွားတဲ့ဒေသတွေမှာ လမ်းမလျှောက်နိုင်တဲ့ လူငယ်အများအပြားတွေ့လာရတာကြောင့် ဒီပဟေဠိကို အဖြေရှာနိုင်ဖို့ MAM အနေနဲ့ စစ်တမ်းကောက်ပြီး သုတေသနပြုနေတယ်လို့ ဒေါက်တာ ဇော်မင်းလေးက ပြောပါတယ်။

ဒီအတောအတွင်း ဂျန်ငွန်းလို မိရိုးဖလာ နတ်ဆရာအလုပ် လုပ်စားလာသူတဦးအနေနဲ့ အသက်အရွယ် ကြီးရင့်လာပြီဖြစ်တာကြောင့် သူ့မျက်လုံးကလည်း မကောင်းတော့အပြင် သမီးဖြစ်သူ ထန်ပီးကလည်း ခေတ်ပေါ် ဆေးပညာကို လေ့လာ သင်ယူနေတာကြောင့် သူကိုယ်တိုင်လည်း ဒီခေတ်ပေါ် ဆေးပညာကို တဖြည်းဖြည်း လက်ခံလာနေပြီး ပညာတတ်တဲ့ သူ့လူနာတွေကို ဆေးခန်းမှာသွားပြဖို့ တိုက်တွန်းပေးနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG