[[Zawgyi/Unicode]]
အာကာထဲက ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားတခုဟာ ၾကာသပေတးေန႔မွာ ကမာၻကေန မိုင္ ၇၀ ေလာက္ပဲကြာေဝးတဲ့ေနရာအထိကပ္ၿပီး ျဖတ္သန္းသြားမွာျဖစ္ေၾကာင္း အေမရိကန္အာကာသစူးစမ္းေရးအဖြဲ႕ NASA က သတင္းထုတ္ျပန္ပါတယ္။ အာကာသၿဂိဳဟ္ငယ္ဟာ ကမာၻရဲ႕လည္ႏႈန္းအတိုင္း ပတ္ေနတဲ့ ၿဂိဳဟ္တုေတြသြားတဲ့လမ္းေၾကာင္းထဲ ေရာက္လာမွာ ျဖစ္ပါတယ္။
ဒီၿဂိဳဟ္ငယ္ကို ၂၀၂၃ BU လို႔ နာမည္ေပးထားၿပီး သူဟာ ကမာၻအတြက္ အႏၲရာယ္မေပးႏိုင္ဘူးလို႔လည္း NASA က သူ႔ဝက္ဘ္ဆိုက္မွာ တင္ျပထားတာပါ။ တကယ္လို႔ ကမာၻ႔ေလထုထဲကိုဝင္လာခဲ့ရင္လည္း မီးေလာင္ပ်က္စီးသြားမွာျဖစ္ၿပီး ဥကၠာပ်ံအပိုင္းအစ အငယ္ေလးေတြအျဖစ္သာ ေျမကမာၻကို ေရာက္လာႏိုင္ေျခရွိတယ္လို႔လည္း ေျပာပါတယ္။
အခ်င္း ၁၁ ေပကေန ၂၈ ေပေလာက္သာရွိတဲ့ ၿဂိဳဟ္ငယ္ဟာ ကမာၻနဲ႔ အနီးဆုံးကို ေရာက္လာတဲ့ ၿဂိဳဟ္အျဖစ္နဲ႔လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။
အေမရိကန္ အေရွ႕ဘက္ျခမ္း စံေတာ္ခ်ိန္ ည ၇ နာရီခြဲေလာက္မွာ ေတာင္အေမရိကတိုက္ ေတာင္ပိုင္းကေန ျဖတ္သြားမယ့္ ၿဂိဳဟ္ငယ္ကိုေတာ့ အားႀကီးတဲ့မွန္ေျပာင္းနဲ႔ၾကည့္မွပဲျမင္ႏိုင္မယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။
ကမာၻေျမအနီး ၿဂိဳဟ္ငယ္ကပ္လာတာကို ခ႐ိုင္းမီးယားက Nauchnyi အာကာသေမွ်ာ္စင္မွာ တာဝန္ထမ္းေဆာင္ေနတဲ့ အေပ်ာ္တမ္း နကၡတၱေဗဒပညာရွင္ Gennadiy Borisov က စေနေန႔မွာ ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
=
================
ဂြိုဟ်ငယ်တခု ကမ္ဘာမြေနဲ့ အနီးဆုံးကဖြတ်သန်း
အာကာထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတခုဟာ ကြာသပတေးနေ့မှာ ကမ္ဘာကနေ မိုင် ၇၀ လောက်ပဲကွာဝေးတဲ့နေရာအထိကပ်ပြီး ဖြတ်သန်းသွားမှာဖြစ်ကြောင်း အမေရိကန်အာကာသစူးစမ်းရေးအဖွဲ့ NASA က သတင်းထုတ်ပြန်ပါတယ်။ အာကာသဂြိုဟ်ငယ်ဟာ ကမ္ဘာရဲ့လည်နှုန်းအတိုင်း ပတ်နေတဲ့ ဂြိုဟ်တုတွေသွားတဲ့လမ်းကြောင်းထဲ ရောက်လာမှာ ဖြစ်ပါတယ်။
ဒီဂြိုဟ်ငယ်ကို ၂၀၂၃ BU လို့ နာမည်ပေးထားပြီး သူဟာ ကမ္ဘာအတွက် အန္တရာယ်မပေးနိုင်ဘူးလို့လည်း NASA က သူ့ဝက်ဘ်ဆိုက်မှာ တင်ပြထားတာပါ။ တကယ်လို့ ကမ္ဘာ့လေထုထဲကိုဝင်လာခဲ့ရင်လည်း မီးလောင်ပျက်စီးသွားမှာဖြစ်ပြီး ဥက္ကာပျံအပိုင်းအစ အငယ်လေးတွေအဖြစ်သာ မြေကမ္ဘာကို ရောက်လာနိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။
အချင်း ၁၁ ပေကနေ ၂၈ ပေလောက်သာရှိတဲ့ ဂြိုဟ်ငယ်ဟာ ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာတဲ့ ဂြိုဟ်အဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အမေရိကန် အရှေ့ဘက်ခြမ်း စံတော်ချိန် ည ၇ နာရီခွဲလောက်မှာ တောင်အမေရိကတိုက် တောင်ပိုင်းကနေ ဖြတ်သွားမယ့် ဂြိုဟ်ငယ်ကိုတော့ အားကြီးတဲ့မှန်ပြောင်းနဲ့ကြည့်မှပဲမြင်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကမ္ဘာမြေအနီး ဂြိုဟ်ငယ်ကပ်လာတာကို ခရိုင်းမီးယားက Nauchnyi အာကာသမျှော်စင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အပျော်တမ်း နက္ခတ္တဗေဒပညာရှင် Gennadiy Borisov က စနေနေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။