သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်သိမ်နမူနာ သယ်လာတဲ့ NASA အာကာသယာဉ် ကမ္ဘာမြေပြန်ရောက်လာ 

ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို ပြန်ကျလာတဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်
ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို ပြန်ကျလာတဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်

အမေရိကန် အာကာသအေဂျင်စီ NASA က ရယူခဲ့တဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်ဟာ ပင်မအာကာသယာဉ်ကနေ လေထီးနဲ့ ကမ္ဘာမြေကို ပြန်ဆင်းသက်လာပါတယ်။
Bennu ဂြိုလ်သိမ် ဂြိုလ်မွှားကို ၇ နှစ်ကြာ လေ့လာပြီးတဲ့နောက် Osiris-Rex အာကာသ ယဉ်ထဲက ခွဲထွက်လာတဲ့ Capsule ယာဉ်ငယ်လေးနဲ့ ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို ပြန်ကျလာတာ ဖြစ်ပါတယ်။

ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို ပြန်ကျလာတဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်
ကမ္ဘာမြေပြင်အထက် မိုင် ၆၃၀၀၀ ကနေ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် သဲကန္တရထဲကို ပြန်ကျလာတဲ့ အာကာသထဲက ဥက္ကာခဲ၊ ဂြိုလ်သိမ် ဂြိုလ်မွှား နမူနာပါလာတဲ့ ယာဉ်ငယ်

အရင်က ဂျပန်နိုင်ငံဟာ လဘက်ရည်ဇွန်း တဇွန်းစာ ဥက္ကာခဲ နမူနာတွေ အာကသထဲက ရယူခဲ့ဖူးပါတယ်။ အခု အမေရိကန် အာကသ အေဂျင်စီ NASA က ရယူခဲ့တဲ့ နမူနာကတော့ အကြီးမားဆုံး အရွယ်အစား ဖြစ်ပြီး ၂၅၀ ဂရမ် လောက်အထိ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်းထားပါတယ်။
သယ်ဆောင်လာတဲ့ နမူနာဟာ နေအဖွဲ့အစည်းထဲက ကြွင်းကျန်ခဲ့တဲ့ ဥက္ကာခဲ အပိုင်းအစတခုဖြစ်ပြီး နှစ်သန်းပေါင်း ၄၅၀၀ က ဥက္ကာခဲ ဖြစ်မယ်လို့လည်း ယုံကြည်ရပါတယ်။ Osiris-Rex အာကာသယာဉ်ဟာ နောက်ထပ် ဂြိုလ်သိမ် ဂြိုလ်မွှားတခုကို ထပ်မံစူးစမ်းလေ့လာဖို့ ပြင်ဆင်နေပါတယ်။

ဂြိုဟ်သိမ်နမူနာ သယ်လာတဲ့ NASA အာကာသယာဉ် ကမ္ဘာမြေပြန်ရောက်လာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG