သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါဂြိုလ်ပေါ် NASA စူးစမ်းလေ့လာရေး ယာဉ်အောင်မြင်စွာ ဆင်းသက်


အင်္ဂါဂြိုလ်ပေါ်မှာ အမေရိကန်အာကာသအေဂျင်စီ NASA ကလွှတ်တင်တဲ့ InSight ဆိုတဲ့ မောင်းသူမဲ့အာကာသစူးစမ်း လေ့လာရေး ယာဉ်တစီး အောင်အောင် မြင်မြင်ဆင်းသက်နိုင်ခဲ့ပြီလို့ နာဆာက ကြေညာပါတယ်။

အာကာသအတွင်း ကီလိုမီတာ သန်းပေါင်းများစွာဖြတ်သန်းပြီး အချိန်၆လကျော်ခရီးနှင်ခဲ့ရတဲ့ InSight ယာဉ် တနင်္လာနေ့တုန်းကပဲ အနီရောင်အင်္ဂါဂြိုလ် ပေါ်ကို လုံခြုံစိတ်ချစွာဆင်း သက်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ InSight ယာဉ် အင်္ဂါဂြိုလ်ရဲ့လေထုအတွင်းထိုးဖေါက်ဝင်ရောက် ပြီး ဂြိုလ်ပေါ်ကိုဆင်းသက် နိုင်ဖို့ နောက်ဆုံး အချိန်၆မိနစ်ခွဲ ဟာ အတိမ်းအစောင်းမခံတဲ့ အသည်းအသန်အချိန်ပဲလို့ နာဆာအဖွဲ့ကပြောပါတယ်။

အဲဒီအချိန်မှာ InSight ဟာ သူ့မောင်းနှင်လာတဲ့အရှိန် တနာရီကို မိုင်တသောင်း၂ ထောင်နှုန်းကနေ တနာရီကို ငါးမိုင်နှုန်းအထိလျှော့ချခဲ့ပြီး အင်္ဂါဂြိုလ်ပေါ်ကိုဆင်းသက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ သိပ္ပံပညာ ရှင်တွေက InSight ယာဉ်ကိုတပ်ဆင်ပေးလိုက်တဲ့အထဲမှာ အင်္ဂါဂြိုလ်ပေါ်ဆင်းသက်နိုင်ရေး ညင်ညင်သာသာဖြစ်စေ မယ့် Shock Absorbing ဒေါက်တိုင်တွေကိုခြေထောက်အဖြစ်ဖန်တီးထားပြီး ဆင်းသက်ရေးဒုံး အငယ်စားတွေနဲ့ လေထီး တခုလည်းပါဝင်ပါတယ်။

အင်္ဂါဂြိုလ်ရဲ့မျက်နှာပြင်ပေါ် InSight ဆင်းသက်တဲ့အခါမှာ လေထီးကလည်းကောင်း ကောင်းမွန်မွန်နဲ့ပွင့်တယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်က နာဆာထိန်းချုပ်ရေးစခန်းက ရုပ်မြင်သံကြားမှာ မြင်ရတာကတော့ InSight အင်္ဂါဂြိုလ်ပေါ်ဆင်းနိုင်တဲ့အချိန်မှာ ထိန်းချုပ်ရေးစခန်းကအဖွဲ့သားတွေ ပျော်မြူးနေ ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG