သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင်း နေတိုးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး


အာဖဂန်ရှိ နေတိုးတပ်ဖွဲ့ဝင်များ
အာဖဂန်ရှိ နေတိုးတပ်ဖွဲ့ဝင်များ

အာဖဂန်နစ္စတန်နိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတပ်ဖွဲ့ဝင်တွေ ပူးတွဲပြီး ကင်းလှည့်လည်နေတာကို အသေခံဗုံးခွဲသမားတဦးက တိုက်ခိုက်ခဲ့တာကြောင့် နေတိုးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားတယ်လို့ အာဖဂန်မှာရှိတဲ့ နေတိုးအထောက်အကူပေးရေးအဖွဲ့က ဒီကနေ့ ကြေငြာလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်တပ်ဖွဲ့ဝင်တဦး နဲ့ အာဖဂန်အမျိုးသားတပ်က စစ်သား ၂ ယောက်လည်း ဒီပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့ကြတယ်လို့ နေတိုးအထောက်အကူပေးရေးအဖွဲ့ကပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသွားတဲ့သူတွေ အပြင် ဒဏ်ရာရသွားတဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ အတွက်လည်း ထပ်တူဝမ်းနည်းကြေကွဲရပြီး ဆုတောင်းပေးနေပါတယ်လို့ အာဖဂန်မှာရှိတဲ့ နေတိုးအထောက်အကူပေးရေး တပ်ဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး John Nicholson က ပြောပါတယ်။

ကျဆုံးခဲ့တဲ့ စစ်သားတွေက ချက်သမ္မတ နိုင်ငံသားတွေ ဖြစ်ကြောင်း NATO ထောက်ပံ့ရေး မစ်ရှင်က အတည်ပြုပါတယ်။ သူတို့ရဲ့ ပေးဆပ် စွန့်လွှတ်မှုတွေဟာဆိုရင် ကျနော်တို့ရဲ့ နှလုံးသားမှာရော သမိုင်းမှာပါ ကမ္ဗည်းတင်သွားမှာ ဖြစ်ပြီး ကျနော်တို့ရဲ့ သန္ဓိဌာန်လည်း ပိုပြီး ခိုင်မာလာမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Nicholson က ပြောပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်မှာဖြစ်ပွားခဲ့တယ်ဆိုတာကိုလည်း နေတိုးအထောက်အကူပေးရေးမစ်ရှင်အဖွဲ့က မပြောပါတယ်။

နေတိုးတပ်ဖွဲ့က မကြေညာခင် နာရီပိုင်းအလိုမှာပဲ ၊ တာလီဘန်တွေက အမေရိကန်စစ်တပ်ကို ကဘူးလ်မြို့နဲ့ ကီလိုမီတာ ၆၀ အကွာက Parwan ခရိုင်မှာ တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားခဲံပါတယ်။ တာလီဘန်အဖွဲ့ရဲ့ ပြောခွင့် Zabihullah Mujahid ရဲ့ ကတော ဒီတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သား ၈ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG