သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နယ်သာလန်နဲ့ ဒိန်းမတ် F16 တိုက်လေယာဉ်တွေ ယူကရိန်းဆီပေးပို့


 အမေရိကန် F-16 တိုက်လေယာဥ်။ (courtesy of US Sir Force)
အမေရိကန် F-16 တိုက်လေယာဥ်။ (courtesy of US Sir Force)

နယ်သာလန်နဲ့ ဒိန်းမတ်အစိုးရတွေက အမေရိကန် F-16 တိုက်လေယာဥ်တွေကို အမေရိကန်ထောက်ခံပံ့ပိုးမှုနဲ့အတူ ယူကရိန်းကိုလှူဖို့ ဆောင်ရွက်နေကြောင်း နယ်သာလန်ဝန်ကြီးချုပ် Dick Schoof ၊ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

F 16 တိုက်လေယာဥ်တွေကို ယူကရိန်းဆီလွှဲပြောင်းပေးဖို့ အခု ဆောင်ရွက်နေပြီ လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ခေါင်းဆောင် ၃ ယောက်က ပြောပါတယ်။ ဒီနွေမှာပဲ ယူကရိန်းတပ်ဖွဲ့တွေက ဒီလေယာဥ်တွေကို စတင် အသုံးပြုမယ်လို့ ထုတ်ပြန်ချက်ကပြောပေမဲ့ လုံခြုံရေးကြောင့် အသေးစိတ်ကို မပြောပါဘူး။ ယူကရိန်းကို လေယာဥ်တွေပို့ဖို့ ဘယ်လ်ဂျီယံနဲ့ နော်ဝေးနိုင်ငံတို့ကလည်း ကတိကဝတ် ပြုထားကြတယ်လို့ ထုတ်ပြန်ချက်မှာ ခေါင်းဆောင်သုံးယောက်က ပြောပါတယ်။

"ငြိမ်းချမ်းချင်ရင် စစ်အတွက် ပြင်ဆင်ထားပါ" လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးက အင်္ဂါနေ့မှာ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို ထောက်ခံပံ့ပိုးပြီး နေတိုးအဖွဲ့ ကာကွယ်ရေးအတွက် လက်နက် ခဲယမ်းမီးကျောက်တွေထုတ်လုပ်ပြီး သိုလှောင်ထားရေးဟာ နေတိုး မဟာမိတ်တွေကြားမှာ အဓိကထား ဆွေးနွေးလုပ်ဆောင်နေကြတဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။

ကန် နယ်သာလန်နဲ့ ဒိန်းမတ် F16 တိုက်လေယာဉ်တွေ ယူကရိန်းဆီပေးပို့
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG