သုံးရလွယ်ကူစေသည့် Link များ

စစ်အေးခေတ်လွန် အရေးကြီးဆုံး NATO ညီလာခံ


ပိုလန်နိုင်ငံ Warsaw မြို့မှာ NATO ထိပ်သီးအစည်းအဝေး။ ဇူလိုင် ၈၊ ၂၀၁၆။
ပိုလန်နိုင်ငံ Warsaw မြို့မှာ NATO ထိပ်သီးအစည်းအဝေး။ ဇူလိုင် ၈၊ ၂၀၁၆။

ပိုလန်နိုင်ငံ Warsaw မြို့မှာ NATO ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာပဲ အိုင်အက်စ် စစ်သွေးကြွတွေကို တန်ပြန်တိုက်ခိုက်ရေး သင်တန်းကို အီရတ်နိုင်ငံတွင်း ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချနိုင်တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ NATO အကြီးတန်း အရာရှိတဦးကရော အမေရိကန်အကြီးတန်း အရာရှိကပါ ပြောပါတယ်။ ဒီ ဆုံးဖြတ်ချက်ကို နောက်တနေ့မှာ ချမှတ်နိုင်ခြေရှိသလို သဘောတူညီမှု ရမယ်လို့ ခန့်မှန်းကြောင်းလည်း အမည်မဖေါ်လိုသူ NATO အရာရှိတဦးက ပြောပါတယ်။

NATO ညီလာခံ
NATO ညီလာခံ

အီရတ်နိုင်ငံတွင်းမှာ လှုပ်ရှားနိုင်မယ်ဆိုရင် NATO အဖွဲ့ရဲ့ သင်တန်းပေးမှုတွေ တိုးမြှင့်နိုင်မှာ ဖြစ်သလို အီရတ်တွေအတွက် လုပ်ပေးနိုင်တဲ့ အလုပ်တွေ ပိုများလာမှာ ဖြစ်သလို သင်တန်းပေးထားတဲ့ အီရတ် အရေအတွက်လည်း တိုးလာနိုင်တယ်လို့ ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွတွေ ခြေမှုန်းရာမှာ မဟာမိတ်အဖြစ်နဲ့ နေတိုးမဟာမိတ်တွေ ပါဝင်လာစေဖို့အမေရိကန် ပြည်ထောင်စုက တွန်းအားပေးနေတာ ဖြစ်ပြီး တကယ်လို့ နေတိုးခေါင်းဆောင်တွေ စနေနေ့မှာ အတည်ပြုပေးမယ် ဆိုရင်တော့ စတင်လုပ် ဆောင်နိုင်မယ်လို့ အကြီးတန်း ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

နေတိုးညီလာခံတက်ရောက်တဲ့ခေါင်းဆောင်များ
နေတိုးညီလာခံတက်ရောက်တဲ့ခေါင်းဆောင်များ

အခုလောလောဆယ်မှာ နေတိုးအဖွဲ့ အနေနဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်မှု မရှိသေးပဲ အမေရိကန် ဦးဆောင်တဲ့ တိုက်ပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေက သူတို့ သဘောနဲ့ သူတို့ တပ်သားတွေ စေလွှတ်နေတာပဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG