သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အဂတိမႈတမႈအတြက္ ဦးၿဖိဳးမင္းသိန္းဇနီး သက္ေသထြက္ဖို႔ပ်က္ကြက္


ေနျပည္ေတာ္ တရား႐ံုးခ်ဳပ္

{{Zawgyi/Unicode}}

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ ၄ မႈကို ေသာၾကာေန႔ ေနျပည္ေတာ္ အထူးတရား႐ုံးမွာ ၾကားနာခဲ့တာမွာ ၃ မႈကိုပဲ စစ္ေဆးၾကားနာႏိုင္ခဲ့ပါတယ္။ စစ္ေကာင္စီဘက္က အဓိကသက္ေသအျဖစ္ေခၚထားတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး သက္ေသ လာမထြက္တဲ့အတြက္ အဲဒီအမႈကို မစစ္ႏိုင္ခဲ့ဘူးလို႔ေရွ႕ေနႀကီး ဦးၾကည္ဝင္းက ဗြီအိုေအကိုေျပာပါတယ္။ ေသာၾကာေန႔ တရား႐ုံးခ်ိန္းအေျခအေန ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပထားပါတယ္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အမႈ ၅ ခုထဲက အမႈ ၄ ခုကို ေနျပည္ေတာ္ သီးသန႔္တရား႐ုံးမွာ ေသာၾကာေန႔ တတိယအႀကိမ္ ၾကားနာပါတယ္။ အမႈ ၄ မႈမွာ ၃ မႈကိုပဲ စစ္ေဆးႏိုင္ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနကေျပာပါတယ္။ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေပးတဲ့ ေ႐ႊနဲ႔ ေဒၚလာေငြေတြ ယူတယ္ဆိုတဲ့ အမႈအတြက္ တရားလိုျပ သက္ေသတေယာက္မလာတဲ့အတြက္ အမႈမစစ္ျဖစ္တာပါ။

ေသာၾကာေန႔ၾကားနာပြဲမွာ ထြက္ဆိုဖို႔ ေခၚထားတဲ့ သက္ေသ ႏွစ္ေယာက္ကေတာ့ အဂတိလိုက္စားမႈ စုံစမ္းေရး ေကာ္မရွင္က စုံစမ္းစစ္ေဆးေရးမႉးနဲ႔ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး ေဒၚခင္မိမိႂကြယ္ျဖစ္တယ္လို႔ ေရွ႕ေနႀကီး ဦးၾကည္ဝင္း က ဗြီအိုေအကိုေျပာပါတယ္။

“ဒီေန႔အမႈကိစၥကေတာ့ (ဦး)ၿဖိဳးမင္းသိန္းအမႈကေတာ့ သက္ေသမလာေတာ့ မစစ္ျဖစ္ဘူးေပါ့။ ၿဖိဳးမင္းသိန္းမိန္းမ (ေဒၚ) ခင္မိမိႂကြယ္ကိုထည့္ထားတာ။ အဲဒါမလာဘူးေလ။ မလာေတာ့ အဲအမႈက မစစ္ရဘူးေပါ့။ က်န္တာက အရင္ အပတ္ကစစ္ထားတာကို ျပန္လွန္ေမးခြန္းေမးၾကတာေပါ့ တရားလို ဦးရဲထက္ ကို ဟိုအပတ္ကစစ္ထားတာကို ျပန္လွန္ေမးခြန္းေမးၾကတာေပါ့။ ျပန္လွန္ေမးခြန္းကေတာ့ကြာဟိုတပါတ္က ေမးသလိုပါဘဲ။ ေမးခြန္းထဲမွာေတာ့ ဒီဘက္ကေမးတာဟိုဘက္ကကန႔္ကြက္တာရွိတယ္။ တရားသူႀကီးက အမိန႔္မခ် ႏိုင္ဘူး။ ေနာက္တပတ္မွ အမိန႔္ခ်မယ္။”

ဦးၿဖိဳးမင္းသိန္းဆီက တံစိုးလက္ေဆာင္အျဖစ္ အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အကယ္ဒမီအေခါက္ေ႐ႊ ၇ ပိႆာကို သုံးႀကိမ္ခြဲယူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ပတ္သက္လို႔ ဦးၿဖိဳးမင္းသိန္းရဲ႕ဇနီး ေဒၚခင္မိမိႂကြယ္ကို စစ္ေဆးေမးျမန္းဖို႔ တရားလို စစ္ေကာင္စီဘက္က အဓိကသက္ေသအျဖစ္ ေခၚယူထားတာျဖစ္ပါတယ္။

လက္ရွိ စစ္ေဆးၾကားနာေနတဲ့ အဂတိလိုက္စားမႈ အမႈ ၄ မႈမွာ ဒၚေအာင္ဆန္းစုၾကည္တဦးတည္းကို သီးသန႔္စြဲဆိုထားတာ ၂ မႈ၊ ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးတို႔နဲ႔ ပူးတြဲ ၁ မႈ၊ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္ ဦးမင္းသူ၊ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ ပူးတြဲ ၁ မႈ တရားစြဲခံထားရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းေတြတုန္းက စစ္ေမးခဲ့တာေတြအရအဂတိလိုက္စားမႈ စြပ္စြဲခ်က္ေတြမွာ သက္ေသ ခိုင္ခိုင္လုံလုံ တင္ျပႏိုင္တာမရွိဘဲ တရားစြဲထားတယ္ဆိုတာ ေပၚလြင္ေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ေျပာပါတယ္။ ဒီေန႔ တရားခြင္မွာေတာ့ အဂတိလိုက္စားမႈ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္လို႔ ေနာက္ထပ္ စစ္ေဆး သိမ္းဆည္းရမိတဲ့ သက္ေသေတြ ထပ္တင္ခဲ့တာမ်ိဳး မရွိေသးဘူးလို႔ ေရွ႕ေနေတြကေျပာပါတယ္။

႐ုံးခ်ိန္းေတြကို အပတ္စဥ္ ေခၚယူစစ္ေဆးမယ့္အစား တပတ္ျခားတခါ စစ္ေပးဖို႔ေဒၚေအာင္ဆန္းစုၾကည္ကတရား႐ုံးကို တင္ျပထားတာနဲ႔ပတ္သက္ၿပီး လက္ခံမခံ တရား႐ုံးက ေသာၾကာေန႔မွာ အမိန႔္မခ်ႏိုင္ခဲ့ဘူးလို႔လည္း ေရွ႕ေနႀကီးဦးၾကည္ဝင္းက ေျပာပါတယ္။

“တရားသူႀကီးကအမိန႔္ခ်တဲ့အခါက်ေတာ့ သက္ေသေတြက အမႈ ၄ မႈ အမႈ နံပါတ္ ၂၊ ၃၊၄တို႔မွာ တမႈတမႈကို သက္ေသက ၁၅ ေယာက္ ၁၆ ေယာက္ရွိေတာ့ သက္ေသ ၇၀ ေလာက္ရွိတယ္တဲ့ သက္ေသ ၇၀ ေလာက္ရွိေတာ့ ေန႔တိုင္း ခုလိုစစ္တာေတာင္မွ ၇ လ ၈ လေလာက္ၾကာႏိုင္တယ္တဲ့။ အခုလို ေတာင္းဆိုတာမ်ိဳးေတာ့ မေပးဘူးလည္း မဟုတ္။ ေပးတယ္လည္းမဟုတ္၊ သင့္သလို ခ်ိန္းေပးမယ္တဲ့။ မေပးဘူးလည္း မဟုတ္၊ ေပးတယ္လည္း မဟုတ္ဘူး။”

အဂတိလိုက္စားမႈေတြကိုစစ္ေဆးဖို႔ ေနာက္ထပ္႐ုံးခ်ိန္းကို ေအာက္တိုဘာလ ၂၂ ရက္ေန႔ သတ္မွတ္ထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ရန္ကုန္မွာတရားစြဲထားတဲ့ အဂတိလိုက္စားမႈတခုကို မႏၲေလးတိုင္းေျပာင္းေ႐ႊ႕စစ္ဖို႔ တရားလႊတ္ေတာ္ခ်ဳပ္က ခြင့္ျပဳထားေပမဲ့ ေနျပည္ေတာ္ သီးသန႔္ တရား႐ုံးမွာ ဘယ္ေတာ့စတင္ စစ္ေဆးမယ္ဆိုတဲ့ ရက္ကိုလည္း မသိရေသးပါဘူး။

စတင္စစ္ေဆးမယ့္႐ုံးခ်ိန္းရက္ကို လာမယ့္ သီတင္းပတ္ေတြမွသာ သိရႏိုင္မယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ ခုလို အမႈေတြရင္ဆိုင္ေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနတခ်ိဳ႕ရဲ႕ ေျပာၾကားခ်က္ေတြက ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေစတယ္လို႔ ဆိုၿပီး အမႈနဲ႔ပတ္သက္တာ တစုံတရာ မေျပာရလို႔ စစ္ေကာင္စီက ပုဒ္မ ၁၄၄ သုံးၿပီး ေရွ႕ေနတခ်ိဳ႕ကို အမိန႔္ထုတ္ျပန္ တားျမစ္ထားပါတယ္။
=========

တိုက္႐ိုက္ လင့္ခ္

{Unicode}}

ဒေါ်အောင်ဆန်းစုကြည် အဂတိမှုတမှုအတွက် ဦးဖြိုးမင်းသိန်းဇနီး သက်သေထွက်ဖို့ပျက်ကွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၄ မှုကို သောကြာနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့တာမှာ ၃ မှုကိုပဲ စစ်ဆေးကြားနာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က အဓိကသက်သေအဖြစ်ခေါ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး သက်သေ လာမထွက်တဲ့အတွက် အဲဒီအမှုကို မစစ်နိုင်ခဲ့ဘူးလို့ရှေ့နေကြီး ဦးကြည်ဝင်းက ဗွီအိုအေကိုပြောပါတယ်။ သောကြာနေ့ တရားရုံးချိန်းအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှု ၅ ခုထဲက အမှု ၄ ခုကို နေပြည်တော် သီးသန့်တရားရုံးမှာ သောကြာနေ့ တတိယအကြိမ် ကြားနာပါတယ်။ အမှု ၄ မှုမှာ ၃ မှုကိုပဲ စစ်ဆေးနိုင်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပေးတဲ့ ရွှေနဲ့ ဒေါ်လာငွေတွေ ယူတယ်ဆိုတဲ့ အမှုအတွက် တရားလိုပြ သက်သေတယောက်မလာတဲ့အတွက် အမှုမစစ်ဖြစ်တာပါ။

သောကြာနေ့ကြားနာပွဲမှာ ထွက်ဆိုဖို့ ခေါ်ထားတဲ့ သက်သေ နှစ်ယောက်ကတော့ အဂတိလိုက်စားမှု စုံစမ်းရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးမှူးနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်း က ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့အမှုကိစ္စကတော့ (ဦး)ဖြိုးမင်းသိန်းအမှုကတော့ သက်သေမလာတော့ မစစ်ဖြစ်ဘူးပေါ့။ ဖြိုးမင်းသိန်းမိန်းမ (ဒေါ်) ခင်မိမိကြွယ်ကိုထည့်ထားတာ။ အဲဒါမလာဘူးလေ။ မလာတော့ အဲအမှုက မစစ်ရဘူးပေါ့။ ကျန်တာက အရင် အပတ်ကစစ်ထားတာကို ပြန်လှန်မေးခွန်းမေးကြတာပေါ့ တရားလို ဦးရဲထက် ကို ဟိုအပတ်ကစစ်ထားတာကို ပြန်လှန်မေးခွန်းမေးကြတာပေါ့။ ပြန်လှန်မေးခွန်းကတော့ကွာဟိုတပါတ်က မေးသလိုပါဘဲ။ မေးခွန်းထဲမှာတော့ ဒီဘက်ကမေးတာဟိုဘက်ကကန့်ကွက်တာရှိတယ်။ တရားသူကြီးက အမိန့်မချ နိုင်ဘူး။ နောက်တပတ်မှ အမိန့်ချမယ်။”

ဦးဖြိုးမင်းသိန်းဆီက တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ကို စစ်ဆေးမေးမြန်းဖို့ တရားလို စစ်ကောင်စီဘက်က အဓိကသက်သေအဖြစ် ခေါ်ယူထားတာဖြစ်ပါတယ်။

လက်ရှိ စစ်ဆေးကြားနာနေတဲ့ အဂတိလိုက်စားမှု အမှု ၄ မှုမှာ ဒါ်အောင်ဆန်းစုကြည်တဦးတည်းကို သီးသန့်စွဲဆိုထားတာ ၂ မှု၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့နဲ့ ပူးတွဲ ၁ မှု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့နဲ့ ပူးတွဲ ၁ မှု တရားစွဲခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်းတွေတုန်းက စစ်မေးခဲ့တာတွေအရအဂတိလိုက်စားမှု စွပ်စွဲချက်တွေမှာ သက်သေ ခိုင်ခိုင်လုံလုံ တင်ပြနိုင်တာမရှိဘဲ တရားစွဲထားတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒီနေ့ တရားခွင်မှာတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ နောက်ထပ် စစ်ဆေး သိမ်းဆည်းရမိတဲ့ သက်သေတွေ ထပ်တင်ခဲ့တာမျိုး မရှိသေးဘူးလို့ ရှေ့နေတွေကပြောပါတယ်။

ရုံးချိန်းတွေကို အပတ်စဉ် ခေါ်ယူစစ်ဆေးမယ့်အစား တပတ်ခြားတခါ စစ်ပေးဖို့ဒေါ်အောင်ဆန်းစုကြည်ကတရားရုံးကို တင်ပြထားတာနဲ့ပတ်သက်ပြီး လက်ခံမခံ တရားရုံးက သောကြာနေ့မှာ အမိန့်မချနိုင်ခဲ့ဘူးလို့လည်း ရှေ့နေကြီးဦးကြည်ဝင်းက ပြောပါတယ်။

“တရားသူကြီးကအမိန့်ချတဲ့အခါကျတော့ သက်သေတွေက အမှု ၄ မှု အမှု နံပါတ် ၂၊ ၃၊၄တို့မှာ တမှုတမှုကို သက်သေက ၁၅ ယောက် ၁၆ ယောက်ရှိတော့ သက်သေ ၇၀ လောက်ရှိတယ်တဲ့ သက်သေ ၇၀ လောက်ရှိတော့ နေ့တိုင်း ခုလိုစစ်တာတောင်မှ ၇ လ ၈ လလောက်ကြာနိုင်တယ်တဲ့။ အခုလို တောင်းဆိုတာမျိုးတော့ မပေးဘူးလည်း မဟုတ်။ ပေးတယ်လည်းမဟုတ်၊ သင့်သလို ချိန်းပေးမယ်တဲ့။ မပေးဘူးလည်း မဟုတ်၊ ပေးတယ်လည်း မဟုတ်ဘူး။”

အဂတိလိုက်စားမှုတွေကိုစစ်ဆေးဖို့ နောက်ထပ်ရုံးချိန်းကို အောက်တိုဘာလ ၂၂ ရက်နေ့ သတ်မှတ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရန်ကုန်မှာတရားစွဲထားတဲ့ အဂတိလိုက်စားမှုတခုကို မန္တလေးတိုင်းပြောင်းရွှေ့စစ်ဖို့ တရားလွှတ်တော်ချုပ်က ခွင့်ပြုထားပေမဲ့ နေပြည်တော် သီးသန့် တရားရုံးမှာ ဘယ်တော့စတင် စစ်ဆေးမယ်ဆိုတဲ့ ရက်ကိုလည်း မသိရသေးပါဘူး။

စတင်စစ်ဆေးမယ့်ရုံးချိန်းရက်ကို လာမယ့် သီတင်းပတ်တွေမှသာ သိရနိုင်မယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ခုလို အမှုတွေရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတချို့ရဲ့ ပြောကြားချက်တွေက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်လို့ ဆိုပြီး အမှုနဲ့ပတ်သက်တာ တစုံတရာ မပြောရလို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ သုံးပြီး ရှေ့နေတချို့ကို အမိန့်ထုတ်ပြန် တားမြစ်ထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #DawAungSanSuuKyi #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG