သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆုိင္ေနရတဲ့ အဂတိမႈ ေနာက္ဆံုးအေျခအေန


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈနဲ႔ တရားစဲြထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္ အျပန္အလွန္ စစ္ေဆးေမးျမန္းခဲ့တာမွာ တရားလိုေတြဘက္က သက္ေသအခိုင္အမာ ျပသႏိုင္ခဲ့ျခင္း မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က ေျပာလိုက္ပါတယ္။ ၿပီးခဲ့တဲ့တပတ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တရား႐ုံး ၾကားနာစစ္ေဆးမႈေတြနဲ႔ ပတ္သက္ၿပီး ကိုရန္ႏိုင္က စုစည္းတင္ျပထားပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အဂတိလိုက္စားမႈဆိုင္ရာ အမႈေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔ကေတာ့ ႏွစ္ဖက္ေရွ႕ေနေတြက တရားလိုဘက္ကို Cross Examinations လို႔ေခၚတဲ့ အျပန္အလွန္ ေမးခြန္းေတြနဲ႔ စစ္ေမးခဲ့ၾကပါတယ္။

ဒီအမႈမွာ တရားလိုေတြဘက္က အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးရဲထက္နဲ႔ တရားလိုျပ သက္ေသတဦးျဖစ္တဲ့ NLD အစိုးရလက္ထက္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ဦးၿဖိဳးမင္းသိန္းတို႔ကို ေမးျမန္းခဲ့တာမွာေတာ့ သက္ေသအခိုင္အမာ ျပသႏိုင္ခဲ့ျခင္း မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနတဦးျဖစ္သူ ဦးၾကည္ဝင္းက ေျပာပါတယ္။

“ေပးတယ္သာေျပာတာ ရက္စြဲေတြ မမွတ္မိဘူးေပါ့၊ ရက္စြဲမမွတ္မိဘူး ဆုိတဲ့ဟာကို ကုိယ္က အဓိကထားၿပီးေတာ့၊ အကယ္​၍ ဒါမ်ဳိးက ကာယကံရွင္က ေပးတယ္ဆုိရင္ သူ မွတ္ထားရမွာေပါ့ ဘယ္ေန႔ ဘယ္ရက္ဆုိတာ။ သူ မွတ္မွမထားႏုိင္တာ။ ဒါေပမယ့္ တရားလို ဦးရဲထက္ကေတာ့ သူက ရက္စြဲေတြနဲ႔ မွတ္ထားတယ္။ သူက တကယ္သိတဲ့လူလည္း မဟုတ္ဘူး။ သက္ေသေတြ စစ္ၿပီးမွ သိတဲ့သူဆုိေတာ့ တဆင့္ၾကားသိတဲ့သူက ထြက္ထားၿပီးေတာ့ တကယ္သိတဲ့လူ ဦးၿဖိဳးမင္းသိန္းက မေျပာခဲ့ဘူး။ ရက္စြဲပါလား၊ ရက္စြဲအတိအက် သိလားဆုိေတာ့ သူ ရက္စြဲေတာ့မသိဘူး။ လကုိ သူသိတယ္။”

ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ကို အကယ္ဒမီအေခါက္ေရႊ ၇ ပိသာနဲ႔ အေမရိကန္ေဒၚလာ ၆ သိန္းကို ၃ ႀကိမ္ခဲြေပးခဲ့ရတယ္လို႔ ထြက္ဆိုခဲ့ေပမယ့္လည္း ေပးခဲ့တယ္ဆိုတဲ့ ရက္စဲြအတိအက်ကို ထြက္ဆိုႏိုင္ခဲ့ျခင္း မရွိသလို ေဒၚေအာင္ဆန္းစုၾကည္ဆီကလည္း အဲဒီပစၥည္းနဲ႔ ေငြေတြကို သိမ္းဆည္းရမိတယ္ဆိုတာ ရွာေဖြပုံစံ သက္ေသအေထာက္အထားနဲ႔ ႐ုံးေတာ္မွာ သက္ေသျပသႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဒါ့အျပင္ ဒီၾကားနာစစ္ေဆးမႈအတြင္း ေနာက္ထပ္တခ်က္ကေတာ့ ဦးၿဖိဳးမင္းသိန္းဟာ စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းခ်ိန္ကစၿပီး သူ႔ကို ဖမ္းဆီးထိန္းသိမ္းထားတယ္ဆိုတာ ထြက္ဆိုသြားခဲ့သလို NLD ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔ (CEC) ေတြထဲက ဝန္ႀကီးခ်ဳပ္ေတြထဲမွာ က်န္တဲ့ဝန္ႀကီးခ်ဳပ္ေတြကို တရားစဲြထားေပမယ့္ ဦးၿဖိဳးမင္းသိန္းကို တရားစဲြဆိုထားျခင္းရွိမရွိ ဆိုတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းတဲ့အခါမွာလည္း ဦးၿဖိဳးမင္းသိန္းက သူ႔အေပၚမွာ အခုခ်ိန္ထိ တရားစဲြဆိုထားျခင္း မရွိဘူးလို႔ ထြက္ဆိုသြားခဲ့ပါတယ္။

ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၆၂ (၁) အျပင္ သက္ေသခံဥပေဒပုဒ္မ (၂၄)၊ (၂၅)၊ (၂၆)၊ (၂၇) မွာ ျပ႒ာန္းခ်က္အရေတာ့ ရဲအခ်ဳပ္၊ ရဲလက္ေအာက္မွာ ဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့သူရဲ႕ ထြက္ဆိုခ်က္ဟာ သက္ေသမဝင္ဘူးလို႔ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဦးၿဖိဳးမင္းသိန္းဟာ လက္ရွိမွာ စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတာ၊ ထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့အတြက္ သူ႔ရဲ႕ထြက္ခ်က္ဟာ ဥပေဒသေဘာအရ သက္ေသခံလို႔ မရဘူးလို႔ ဥပေဒပညာရွင္ေတြနဲ႔ ဥပေဒပညာဆုိင္ရာ သုေတသီေတြက ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ စစ္ေကာင္စီဘက္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈ ေနာက္ထပ္ ၃ မႈနဲ႔ ထပ္စဲြဖုိ႔ လုပ္ေနပါတယ္။

ဒီတပတ္မွာ ေနာက္ထပ္ ထူးျခားတာတခုကေတာ့ အခု တရားစဲြထားတဲ့ အမႈေတြဟာ ဗုဒၶဟူးေန႔ကလဲြၿပီး တပတ္ကို ေလးရက္နဲ႔ ေန႔တုိင္းလိုလို တရား႐ုံးမွာ ႐ုံးခ်ိန္းသြားေနရတာေၾကာင့္ က်န္းမာေရးအရ တပတ္ျခားတခါ စစ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ တရား႐ုံးကို ေတာင္းဆုိခဲ့သလို ေရွ႕ေနေတြကလည္း ေတာင္းဆုိခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ တရား႐ံုးက ဆံုးျဖတ္ခ်က္ မေပးေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိမှု နောက်ဆုံးအခြေအနေ

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့တာမှာ တရားလိုတွေဘက်က သက်သေအခိုင်အမာ ပြသနိုင်ခဲ့ခြင်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံး ကြားနာစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုဆိုင်ရာ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကတော့ နှစ်ဖက်ရှေ့နေတွေက တရားလိုဘက်ကို Cross Examinations လို့ခေါ်တဲ့ အပြန်အလှန် မေးခွန်းတွေနဲ့ စစ်မေးခဲ့ကြပါတယ်။

ဒီအမှုမှာ တရားလိုတွေဘက်က အဂတိတိုက်ဖျက်ရေးကော်မရှင် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးရဲထက်နဲ့ တရားလိုပြ သက်သေတဦးဖြစ်တဲ့ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းတို့ကို မေးမြန်းခဲ့တာမှာတော့ သက်သေအခိုင်အမာ ပြသနိုင်ခဲ့ခြင်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက ပြောပါတယ်။

“ပေးတယ်သာပြောတာ ရက်စွဲတွေ မမှတ်မိဘူးပေါ့၊ ရက်စွဲမမှတ်မိဘူး ဆိုတဲ့ဟာကို ကိုယ်က အဓိကထားပြီးတော့၊ အကယ်၍ ဒါမျိုးက ကာယကံရှင်က ပေးတယ်ဆိုရင် သူ မှတ်ထားရမှာပေါ့ ဘယ်နေ့ ဘယ်ရက်ဆိုတာ။ သူ မှတ်မှမထားနိုင်တာ။ ဒါပေမယ့် တရားလို ဦးရဲထက်ကတော့ သူက ရက်စွဲတွေနဲ့ မှတ်ထားတယ်။ သူက တကယ်သိတဲ့လူလည်း မဟုတ်ဘူး။ သက်သေတွေ စစ်ပြီးမှ သိတဲ့သူဆိုတော့ တဆင့်ကြားသိတဲ့သူက ထွက်ထားပြီးတော့ တကယ်သိတဲ့လူ ဦးဖြိုးမင်းသိန်းက မပြောခဲ့ဘူး။ ရက်စွဲပါလား၊ ရက်စွဲအတိအကျ သိလားဆိုတော့ သူ ရက်စွဲတော့မသိဘူး။ လကို သူသိတယ်။”

ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီအခေါက်ရွှေ ၇ ပိသာနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းကို ၃ ကြိမ်ခွဲပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပေမယ့်လည်း ပေးခဲ့တယ်ဆိုတဲ့ ရက်စွဲအတိအကျကို ထွက်ဆိုနိုင်ခဲ့ခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း အဲဒီပစ္စည်းနဲ့ ငွေတွေကို သိမ်းဆည်းရမိတယ်ဆိုတာ ရှာဖွေပုံစံ သက်သေအထောက်အထားနဲ့ ရုံးတော်မှာ သက်သေပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် ဒီကြားနာစစ်ဆေးမှုအတွင်း နောက်ထပ်တချက်ကတော့ ဦးဖြိုးမင်းသိန်းဟာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ထွက်ဆိုသွားခဲ့သလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) တွေထဲက ဝန်ကြီးချုပ်တွေထဲမှာ ကျန်တဲ့ဝန်ကြီးချုပ်တွေကို တရားစွဲထားပေမယ့် ဦးဖြိုးမင်းသိန်းကို တရားစွဲဆိုထားခြင်းရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာလည်း ဦးဖြိုးမင်းသိန်းက သူ့အပေါ်မှာ အခုချိန်ထိ တရားစွဲဆိုထားခြင်း မရှိဘူးလို့ ထွက်ဆိုသွားခဲ့ပါတယ်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂ (၁) အပြင် သက်သေခံဥပဒေပုဒ်မ (၂၄)၊ (၂၅)၊ (၂၆)၊ (၂၇) မှာ ပြဋ္ဌာန်းချက်အရတော့ ရဲအချုပ်၊ ရဲလက်အောက်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့သူရဲ့ ထွက်ဆိုချက်ဟာ သက်သေမဝင်ဘူးလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဦးဖြိုးမင်းသိန်းဟာ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတာ၊ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက် သူ့ရဲ့ထွက်ချက်ဟာ ဥပဒေသဘောအရ သက်သေခံလို့ မရဘူးလို့ ဥပဒေပညာရှင်တွေနဲ့ ဥပဒေပညာဆိုင်ရာ သုတေသီတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု နောက်ထပ် ၃ မှုနဲ့ ထပ်စွဲဖို့ လုပ်နေပါတယ်။

ဒီတပတ်မှာ နောက်ထပ် ထူးခြားတာတခုကတော့ အခု တရားစွဲထားတဲ့ အမှုတွေဟာ ဗုဒ္ဓဟူးနေ့ကလွဲပြီး တပတ်ကို လေးရက်နဲ့ နေ့တိုင်းလိုလို တရားရုံးမှာ ရုံးချိန်းသွားနေရတာကြောင့် ကျန်းမာရေးအရ တပတ်ခြားတခါ စစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးကို တောင်းဆိုခဲ့သလို ရှေ့နေတွေကလည်း တောင်းဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားရုံးက ဆုံးဖြတ်ချက် မပေးသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG