သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ် ၈ နှစ်ပြည့် နေပြည်တော်မှာ ကျင်းပ


NCA ၈ နှစ်မြောက်အခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ (အောက်တိုဘာ ၁၄၊ ၂၀၂၃)
NCA ၈ နှစ်မြောက်အခမ်းအနားတက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ (အောက်တိုဘာ ၁၄၊ ၂၀၂၃)

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၈ နှစ်ပြည့်တဲ့ အခမ်းအနားကို စစ်ကောင်စီက ဒီကနေ့ နေပြည်တော်မှာကျင်းပပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့နဲ့ စစ်ကောင်စီတပ်တွေကြား လတ်တလောတိုက်ပွဲတွေ ရှိနေချိန်မှာပဲ ဒီကနေ့အခမ်းအနားကို ကျင်းပတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တချို့တက်ရောက်ကြပါတယ်။

နိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်ကြားထားပေမဲ့၊ အားလုံးကအဖွဲ့ကိုယ်စားပြု တက်ရောက်တာ မဟုတ်ဘူးလို့လည်းသိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နဲ့ ABSDF က ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း တို့ ဒီကနေ့ အခမ်းအနားကို တက်ရောက်ကြရာမှာ အဖွဲ့အစည်းကိုယ်စားပြု အနေနဲ့ မဟုတ်ဘဲ NCA လတ်မှတ် ရေးထိုးရာမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေ အဖြစ်နဲ့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ NCA သဘောတူစာချုပ် ပျက်ပြယ်သွားပြီလို့ NCA လက်မှတ်ရေးထိုးရာမှာပါဝင်ခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့သုံးဖွဲ့က သိပ်မကြာခင် ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြတာပါ။

ဒီကနေ့ အခမ်းအနားကို အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်မယ်လို့ သိထားရပြီး ဥရောပသမဂ္ဂ EU နဲ့ ကုလသမဂ္ဂ UN လို အဖွဲ့အစည်းတွေက တက်မယ်မတက်ဘူးဆိုတာတော့ အသေအချာ မသိရသေးပါဘူး။ NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပြင် လက်ရှိ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးပါတီ ၃၉ ပါတီ နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားပြီး ဘယ်သူတွေ တက်ရောက်သလဲ အသေးစိတ်တော့ လောလောဆယ် မသိရသေးပါဘူး။

NCA စာချုပ် ၈ နှစ်ပြည့်နေပြည်တော်မှာကျင်းပ
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG